Saturday 9 August 2014

နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအား ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် လွှတ်တော်သို့ပေးပို့ထား

၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအား ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့ပေးပို့ထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က သြဂုတ် ၈ ရက်တွင် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲ၌ ပြောကြားသည်။ အဆိုပါ ဥပဒေကြမ်းကို သြဂုတ် ၇ ရက်က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဥပဒေကြမ်းတွင် ကင်းလွတ်ချက်တစ်ချက်နှင့် သက်သေပြရန်နှင့် ပတ်သက်သည့် အချက်တစ်ချက်တို့ကို ပြင်ဆင်ထည့်သွင်းထားကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။
လက်ရှိဥပဒေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀ ကျော်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည့်အတွက် ခေတ်နှင့်မလျော်ညီတော့ခြင်း၊ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် သတင်းမီဒီယာဥပဒေပါ သတင်းထောက်များ၏ ရပိုင်ခွင့်များကို ပြန်လည်လွှမ်းမိုးနေခြင်း၊ အစိုးရဌာနများသို့ သတင်းသွားရောက်ယူသည့်အခါ ထောင်ကျသည့်ဖြစ်ရပ်မျိုး မဖြစ်စေရန်တို့အတွက် ပြင်ဆင်ခြင်းဖြစ်ကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။
မူရင်းဥပဒေသည် အင်္ဂလိပ်လို ရေးသားထားသော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာစာသည် ရုံးသုံးစာဖြစ်သည်ဟု ပြဋ္ဌာန်းထားချက်အရ မြန်မာစာဖြင့်သာ ပြင်ဆင်တင်ပြထားပြီး လွှတ်တော်မှ ဘာသာပြန်ဆိုရန် လိုအပ်သည်ဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

လက်ရှိဥပဒေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၉၀ ကျော်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည့်အတွက် ခေတ်နှင့်မလျော်ညီတော့ခြင်း၊ ဥပဒေပါ ပြဋ္ဌာန်းချက်များသည် သတင်းမီဒီယာဥပဒေပါ သတင်းထောက်များ၏ ရပိုင်ခွင့်များကို ပြန်လည်လွှမ်းမိုးနေခြင်း၊ အစိုးရဌာနများသို့ သတင်းသွားရောက်ယူသည့်အခါ ထောင်ကျသည့်ဖြစ်ရပ်မျိုး မဖြစ်စေရန်တို့အတွက် ပြင်ဆင် . . . . .
လက်ရှိဥပဒေတွင် တရားလိုဘက်မှ သက်သေပြရန်မလိုဘဲ တရားစွဲဆိုခံရသူအနေဖြင့် သက်သေမပြနိုင်လျှင် ထောင်ဒဏ်ကျခံနိုင်ကြောင်း ဦးသိန်းညွန့်၏ ပြောကြားချက်အရ သိရသည်။

“လက်ရှိဥပဒေအတိုင်းသာဆိုရင် ယူနတီဂျာနယ်ရဲ့ ကံကြမ္မာမျိုး ကျန်တဲ့ဂျာနယ်သမားတွေလည်း လိုက်နိုင်တယ်” ဟု
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

သတင်းမီဒီယာသမားများအား အကာအကွယ်ပေးရန် တင်သွင်းသည့် ယခုဥပဒေကြမ်းအား ထောက်ခံသော ကိုယ်စားလှယ်များသည် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးကို လိုလားသူဖြစ်သည်ဟုလည်း ဦးသိန်းညွန့်က ဆိုသည်။

ထို့အပြင် လက်ရှိတွင် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရသည့် ယူနတီဂျာနယ်မှ သတင်းထောက်ငါးဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရ ပြစ်ဒဏ်လျှော့ပေါ့ပေးရန်လည်း သမ္မတအား မေတ္တာရပ်ခံထားကြောင်းလည်း ဦးသိန်းညွန့်က ပြောကြားသည်။

မကွေးတိုင်းဒေသကြီး ပေါက်မြို့အနီးရှိ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ သတင်းရေးသားမှုနှင့် ပတ်သက်၍ ဇူလိုင် ၁၀ ရက်က ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ခဲ့သည်။ ယင်းကဲ့သို့ စီရင်ချက်ချမှတ်မှုနှင့် ပတ်သက်၍ ပြည်သူများနှင့် နယ်ပယ်အသီးသီးမှ ထင်ရှားသူများက ပြစ်မှုနှင့်ပြစ်ဒဏ် မျှတမှုမရှိကြောင်း အစိုးရအား ဝေဖန်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment