Saturday 9 August 2014

(၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ တောင်တရုတ်ပင်လယ်အရေး အပါအ၀င် အချက်သုံးချက်ကို အဓိကထားဆွေးနွေး

သြဂုတ် ၈ ရက်က စတင်ကျင်းပခဲ့သည့် (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ၌ တောင်တရုတ်ပင်လယ်အရေး အပါအ၀င် အချက်သုံးချက်ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးခဲ့သည့် အချက်သုံးချက်မှာ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ နောက် ဆက်တွဲ လုပ်ငန်းစဉ်များ၊ တောင်တရုတ်ပင်လယ်အတွင်း နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် ကြေညာစာ တမ်း၊ အကောင်အထည်ဖော်နေမှု လုပ်ငန်းစဉ်နှင့် အာဆီယံအသိုက်အ၀န်း အကောင်အထည်ဖော်မှု ဖြစ်ပေါ်တိုးတက်မှု စသည်တို့ ဖြစ်ကြသည်။

ထို့ပြင် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများသည် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်း ဆိုင်ရာ ကော်မရှင်၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာကို မှတ်တမ်းတင်ခဲ့ပြီး ၂၀၁၅ လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာငွေ ကို အတည်ပြုခဲ့ကြောင်း သိရသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအဖြစ် သြဂုတ် ၈ ရက်တွင် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေး၊ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများနှင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ ကော်မရှင်အစည်းအဝေး အစရှိသည်တို့ကို ပြုလုပ်ခဲ့သည်။

အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းမဲ့ရေးဇုန်ဆိုင်ရာ ကော်မရှင်အစည်းအဝေး ကျင်းပရာတွင် စာချုပ်၏ လုပ်ငန်းစီမံချက် (၂၀၁၃-၂၀၁၇) အကောင်အထည်ဖော်နိုင်မှု အခြေအနေကို ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြပြီး စာချုပ်၏လုပ်ငန်းစဉ်ကို အဏုမြူလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများက ခြွင်းချက်မရှိ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ယင်းနိုင်ငံများနှင့် ဆက်လက်ထိတွေ့ ဆက်ဆံသွားရန် ကော်မရှင် အဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment