Saturday 9 August 2014

လူမှုရေး အရှုပ်အထွေးကြောင့် ဗြိတိန်ရေတပ် အမျိုးသမီး တိုက်ရေယာဉ်မှူး ရာထူးမှ ဖယ်ရှားခံရ


Photo: လူမှုရေး အရှုပ်အထွေးကြောင့် ဗြိတိန်ရေတပ် အမျိုးသမီး တိုက်ရေယာဉ်မှူး ရာထူးမှ ဖယ်ရှားခံရ
Saturday, August 9, 2014

ဗြိတိန်ရေတပ် သမိုင်းတွင် အဓိက စစ်သင်္ဘောတစ်စီးကို ပထမဆုံးအကြိမ် ဦးဆောင်ခွင့် ရခဲ့သည့် အမျိုးသမီး တပ်မှူး တစ်ဦးကို လူမှုရေး ဖောက်ပြန်မှုကြောင့် ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သတင်းရရှိသည်။

အသက်(၄၂)နှစ် အရွယ်ရှိ တပ်မှူးဆာရှာဝက်စ်သည် Type 32 အမျိုးအစား ဖရီးဂိတ် စစ်သင်္ဘော HMS Portland ၏ ဦးစီးမှူး တာဝန်ကို (၂၀၁၂)ခုနှစ်၊ မေလအတွင်းက ခန့်အပ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း သူမလက်အောက်မှ အိမ်ထောင်သည် အရာရှိ တစ်ဦးနှင့် လူမှုရေး ဖောက်ပြန်မှုကြောင့် ပြီးခဲ့သည့်လတွင် ရေယာဉ်မှူး အဖြစ်မှ ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။

တော်ဝင်ရေတပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက တပ်မှူးဝက်စ်သည် လက်ရှိတာဝန်မှ ဖယ်ရှားခံရကြောင်း ဩဂုတ်(၈)ရက်တွင် အတည်ပြုခဲ့သော်လည်း အခြားအသေးစိတ် အချက်အလက်များကို ပြောကြားမသွားချေ။ ဝက်စ်သည် အခြား ရာထူးတစ်နေရာဖြင့် ရေတပ်တွင် ပြောင်းရွှေ့ အမှုထမ်းရမည် ဟူ၍မူ အဆိုပါ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက်ပေးခဲ့သည်။

တပ်မှူးဝက်စ်သည် ကမ္ဘာပတ် ခုတ်မောင်းမှု အစီအစဉ် တစ်ရပ်အရ ဇန်နဝါရီလ ကတည်းက HMS Portland ပေါ်တွင် တာဝန်ယူ ကြီးကြပ်နေခဲ့ကြောင်း သိရသည်။ သင်္ဘောပေါ်တွင် လူမှုရေး ရှုပ်ထွေးမှုတစ်ခု ဖြစ်ခဲ့ကြောင်း သတင်းများကို ကာကွယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်လအတွင်း အတည်ပြုချက် ပေးခဲ့သည်။ ထို့အပြင် ယင်းကိစ္စမျိုးကို အလေးအနက်ထားရမည့် အခြေအနေ တစ်ရပ်အဖြစ် ယူဆကြောင်းလည်း ရေတပ်က ဆိုသည်။ ရေတပ်၏ စည်းမျဉ်းများအရ စစ်ဆင်ရေးတာဝန်ကို ထိခိုက်စေနိုင်သည်ဟု ယူဆရသော ပုဂ္ဂိုလ်ရေး ဆက်နွယ်မှုများကို ခွင့်မပြုချေ။

ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိက “တပ်မှူးဝက်စ်ဟာ တော်ဝင်ရေတပ်မှာ ဆက်ပြီး အမှုထမ်းနေမှာပါ။ သူ့ရဲ့ တာဝန်ယူမှု နေရာကတော့ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို ရေတပ်က တခြားတစ်နေရာမှာ အကောင်းဆုံး အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ လက်ရှိ အချိန်တွင် HMS Portland ကို ဝက်စ်၏ လက်ထောက် ရေယာဉ်မှူးက လွှဲပြောင်းတာဝန်ယူ ကြီးကြပ်လျက် ရှိသည်။

အမှုထမ်း (၁၈၅)ဦး တာဝန်ထမ်းဆောင်နေသည့် HMS Portland သည် လတ်တလောတွင် (၇)လကြာ တပ်ဖြန့်ခုတ်မောင်းမှု အစီအစဉ်ဖြင့် ဥရောပ၊ အာဖရိက၊ တောင်အမေရိက၊ မြောက်အမေရိကတို့ကို သွားရောက်ခဲ့ပြီး မကြာမီ ရက်ပိုင်းအတွင်း ပလိုင်းမောက်သ် ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ကပ်လာဖွယ် ရှိနေကြောင်း သိရသည်။

_Ref: BBC ဗြိတိန်ရေတပ် သမိုင်းတွင် အဓိက စစ်သင်္ဘောတစ်စီးကို ပထမဆုံးအကြိမ် ဦးဆောင်ခွင့် ရခဲ့သည့် အမျိုးသမီး တပ်မှူး တစ်ဦးကို လူမှုရေး ဖောက်ပြန်မှုကြောင့် ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သတင်းရရှိသည်။
အသက်(၄၂)နှစ် အရွယ်ရှိ တပ်မှူးဆာရှာဝက်စ်သည် Type 32 အမျိုးအစား ဖရီးဂိတ် စစ်သင်္ဘော HMS Portland ၏ ဦးစီးမှူး တာဝန်ကို (၂၀၁၂)ခုနှစ်၊ မေလအတွင်းက ခန့်အပ်ခြင်း ခံခဲ့ရသည်။ သို့သော်လည်း သူမလက်အောက်မှ အိမ်ထောင်သည် အရာရှိ တစ်ဦးနှင့် လူမှုရေး ဖောက်ပြန်မှုကြောင့် ပြီးခဲ့သည့်လတွင် ရေယာဉ်မှူး အဖြစ်မှ ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။

 တော်ဝင်ရေတပ် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက တပ်မှူးဝက်စ်သည် လက်ရှိတာဝန်မှ ဖယ်ရှားခံရကြောင်း ဩဂုတ်(၈)ရက်တွင် အတည်ပြုခဲ့သော်လည်း အခြားအသေးစိတ် အချက်အလက်များကို ပြောကြားမသွားချေ။ ဝက်စ်သည် အခြား ရာထူးတစ်နေရာဖြင့် ရေတပ်တွင် ပြောင်းရွှေ့ အမှုထမ်းရမည် ဟူ၍မူ အဆိုပါ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က မှတ်ချက်ပေးခဲ့သည်။
တပ်မှူးဝက်စ်သည် ကမ္ဘာပတ် ခုတ်မောင်းမှု အစီအစဉ် တစ်ရပ်အရ ဇန်နဝါရီလ ကတည်းက HMS Portland ပေါ်တွင် တာဝန်ယူ ကြီးကြပ်နေခဲ့ကြောင်း သိရသည်။ သင်္ဘောပေါ်တွင် လူမှုရေး ရှုပ်ထွေးမှုတစ်ခု ဖြစ်ခဲ့ကြောင်း သတင်းများကို ကာကွယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်လအတွင်း အတည်ပြုချက် ပေးခဲ့သည်။ ထို့အပြင် ယင်းကိစ္စမျိုးကို အလေးအနက်ထားရမည့် အခြေအနေ တစ်ရပ်အဖြစ် ယူဆကြောင်းလည်း ရေတပ်က ဆိုသည်။ ရေတပ်၏ စည်းမျဉ်းများအရ စစ်ဆင်ရေးတာဝန်ကို ထိခိုက်စေနိုင်သည်ဟု ယူဆရသော ပုဂ္ဂိုလ်ရေး ဆက်နွယ်မှုများကို ခွင့်မပြုချေ။ ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိက “တပ်မှူးဝက်စ်ဟာ တော်ဝင်ရေတပ်မှာ ဆက်ပြီး အမှုထမ်းနေမှာပါ။ သူ့ရဲ့ တာဝန်ယူမှု နေရာကတော့ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေကို ရေတပ်က တခြားတစ်နေရာမှာ အကောင်းဆုံး အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ လက်ရှိ အချိန်တွင် HMS Portland ကို ဝက်စ်၏ လက်ထောက် ရေယာဉ်မှူးက လွှဲပြောင်းတာဝန်ယူ ကြီးကြပ်လျက် ရှိသည်။အမှုထမ်း (၁၈၅)ဦး တာဝန်ထမ်းဆောင်နေသည့် HMS Portland သည် လတ်တလောတွင် (၇)လကြာ တပ်ဖြန့်ခုတ်မောင်းမှု အစီအစဉ်ဖြင့် ဥရောပ၊ အာဖရိက၊ တောင်အမေရိက၊ မြောက်အမေရိကတို့ကို သွားရောက်ခဲ့ပြီး မကြာမီ ရက်ပိုင်းအတွင်း ပလိုင်းမောက်သ် ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ကပ်လာဖွယ် ရှိနေကြောင်း သိရသည်။

_Ref: BBC

No comments:

Post a Comment