Saturday 9 August 2014

အာဆီယံ ဆွေးနွေးဖက်နိုင်ငံ(၈)ခုနှင့်တွေ့ဆုံဆွေးနွေး

Photo: အာဆီယံ ဆွေးနွေးဖက်နိုင်ငံ(၈)ခုနှင့်တွေ့ဆုံဆွေးနွေး
Saturday, August 9, 2014

အာဆီယံနိုင်ငံများက ဆွေးနွေးဖက်နိုင်ငံ(၈)ခုနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ယနေ့တွေ့ဆုံဆွေးနွေးသည်။
တရုတ်၊တောင်ကိုရီးယား၊အိန္ဒိယ၊ရုရှား၊ဂျပန်၊ဥရောပသမဂ္ဂ၊အမေရိကန်နှင့် ကနေဒါနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား
တွေ့ဆုံဆွေးနွေးမှုကို သြဂုတ်လ(၉)ရက်နေ့အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။
အမေရိကန်နှင့်ဆွေးနွေးမှုကိုမူ မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
ထို့ပြင် ၁၅ ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲကို ယနေ့လေ့ည် ၁နာရီတွင် ကျင်းပမည်ဖြစ်ရာ 
အာဆီယံ(၁၀)နိုင်ငံအပါအ၀င် တရုတ်၊ဂျပန်၊ကိုရီးယားတို့ကတွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီမှာ ယနေ့ညနေပိုင်းတွင် ကျင်းပမည့် 7th Lower Mekong Initiative (LMI) နှင့် 4th Friends of Lower Mekong 
အစည်းအဝေးများကို တက်ရောက်သွားမည်ဟုလည်းသိရသည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာလီဆူယောင်းမှာ ယနေ့နံနက်ခြောက်နာရီတွင် နေပြည်တော်သို့ ရောက်ရှိလာပြီဖြစ်သည်ဟု သိရသော်လည်း
ယနေ့ကျင်းပမည့် အစည်းအဝေးများတွင်မူ အာဆီယံနှင့်တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ထည့်သွင်းပြောကြားထားခြင်းမရှိပေ။
Popular Myanmar News Journal
အာဆီယံနိုင်ငံများက ဆွေးနွေးဖက်နိုင်ငံ(၈)ခုနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ယနေ့တွေ့ဆုံဆွေးနွေးသည်။
တရုတ်၊တောင်ကိုရီးယား၊အိန္ဒိယ၊ရုရှား၊ဂျပန်၊ဥရောပသမဂ္ဂ၊အမေရိကန်နှင့် ကနေဒါနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား
တွေ့ဆုံဆွေးနွေးမှုကို သြဂုတ်လ(၉)ရက်နေ့အတွင်း ပြုလုပ်သွားမည်ဖြစ်သည်။အမေရိကန်နှင့်ဆွေးနွေးမှုကိုမူ မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။
ထို့ပြင် ၁၅ ကြိမ်မြောက် အာဆီယံ+၃ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲကို ယနေ့လေ့ည် ၁နာရီတွင် ကျင်းပမည်ဖြစ်ရာ
အာဆီယံ(၁၀)နိုင်ငံအပါအ၀င် တရုတ်၊ဂျပန်၊ကိုရီးယားတို့ကတွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီမှာ ယနေ့ညနေပိုင်းတွင် ကျင်းပမည့် 7th Lower Mekong Initiative (LMI) နှင့် 4th Friends of Lower Mekong
အစည်းအဝေးများကို တက်ရောက်သွားမည်ဟုလည်းသိရသည်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာလီဆူယောင်းမှာ ယနေ့နံနက်ခြောက်နာရီတွင် နေပြည်တော်သို့ ရောက်ရှိလာပြီဖြစ်သည်ဟု သိရသော်လည်း
ယနေ့ကျင်းပမည့် အစည်းအဝေးများတွင်မူ အာဆီယံနှင့်တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ထည့်သွင်းပြောကြားထားခြင်းမရှိပေ။
Popular Myanmar News Journal

No comments:

Post a Comment