Friday 15 August 2014

ရခိုင်ကမ်းရိုးတန်းတွင် ရေကြောင်းတပ်ဖွဲ့များ တိုးချဲ့ ချထားမည်ဟု ပြည်နယ်အစိုးရဆို

Photo: ရခိုင်ကမ်းရိုးတန်းတွင် ရေကြောင်းတပ်ဖွဲ့များ တိုးချဲ့ ချထားမည်ဟု ပြည်နယ်အစိုးရဆို
Friday, August 15, 2014

ရခိုင်ပြည်နယ်၊ ပင်လယ်ပြင်နှင့် ရေကြောင်းလုံခြုံရေးအတွက် ရေကြောင်းတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သြဂုတ် ၁၃ ရက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

၂၀၁၃ ဇူလိုင် ၁၂ ရက်က နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာန (နစက)ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေကြောင်းရဲတပ်ဖွဲ့များ ဖွဲ့စည်းကာ ယင်းကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ယခင်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ၀က)၊ အကောက်အခွန်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နစကအဖြစ် ရေကြောင်းလုံခြုံရေးကို နယ်မြေစခန်း ၁၁ ခုတွင် စခန်း ၃၁ ခုတို့ဖြင့် စီမံကွပ်ကဲခဲ့ဖူးသည်။

ရေကြောင်းတပ်ဖွဲ့အသုံးပြုရန် အမြန်ရေယာဉ်နှစ်စင်းကို ပြည်ပမှ ၀ယ်ယူမည်ဟု ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ရခိုင်မှာက ရေကြောင်းက အဓိကကျတယ်။ အခုက လုံခြုံရေးအတွက် အထူးအလေးထားရမယ့် အခြေအနေ၊ဒါကြောင့်လည်း တိုးဖို့ပြောတာ”ဟု ဦးအောင်မြကျော်က ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် ပင်လယ်ရေထွက်ပေါက်များရှိသော်လည်း မြို့နယ်အားလုံးတွင် ရေကြောင်းရဲတပ်ဖွဲ့များ ချထားခြင်းမရှိသေးဟု မောင်တောမြို့မရဲစခန်းမှ စခန်းမှူးတိုးတိုးက ပြောသည်။

“ဘူးသီးတောင်၊ မောင်တောမှာတော့ ရေကြောင်းရဲတပ်ဖွဲ့ မရှိသေးဘူး။ တပ်ဖွဲ့ရှိလာမယ်ဆိုရင် လုံခြုံရေးအတွက် ပိုအားရှိတာပေါ့”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့တွင် ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်စပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေပြီး မောင်တောနယ်စပ် ဂိတ်ပေါက်များတွင် အဆိုပါရေကြောင်း တပ်ဖွဲ့များထားသင့်သည်ဟုလည်း စခန်းမှူးတိုးတိုးက သုံးသပ်သည်။

ကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ပြည်နယ်သည် ပင်လယ်ရေကြောင်းကို အဓိကအားထားရပြီး ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အဓိကကုန်စည်ကူးသန်းနေခြင်းဖြစ်သည်။

Mizzima - News in Burmese 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းလုံခြုံရေးယူထားသည့် စစ်သင်္ဘော တစ်စင်းအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ကေဇူး
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းလုံခြုံရေးယူထားသည့် စစ်သင်္ဘောတစ်စင်းအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ကေဇူး
ရခိုင်ပြည်နယ်၊ ပင်လယ်ပြင်နှင့် ရေကြောင်းလုံခြုံရေးအတွက် ရေကြောင်းတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သြဂုတ် ၁၃ ရက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

၂၀၁၃ ဇူလိုင် ၁၂ ရက်က နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကဲမှုဌာန (နစက)ကို ဖျက်သိမ်းပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရေကြောင်းရဲတပ်ဖွဲ့များ ဖွဲ့စည်းကာ ယင်းကို အဆင့်မြှင့်တင်ရန် ကြိုးပမ်း နေခြင်းဖြစ်သည်။

ယခင်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လ၀က)၊ အကောက်အခွန်ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ နစကအဖြစ် ရေကြောင်းလုံခြုံရေးကို နယ်မြေစခန်း ၁၁ ခုတွင် စခန်း ၃၁ ခုတို့ဖြင့် စီမံကွပ်ကဲခဲ့ဖူးသည်။

ရေကြောင်းတပ်ဖွဲ့အသုံးပြုရန် အမြန်ရေယာဉ်နှစ်စင်းကို ပြည်ပမှ ၀ယ်ယူမည်ဟု ဦးမောင်မောင်အုန်းက ပြောကြားခဲ့သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ရခိုင်မှာက ရေကြောင်းက အဓိကကျတယ်။ အခုက လုံခြုံရေးအတွက် အထူးအလေးထားရမယ့် အခြေအနေ၊ဒါကြောင့်လည်း တိုးဖို့ပြောတာ”ဟု ဦးအောင်မြကျော်က ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် ပင်လယ်ရေထွက်ပေါက်များရှိသော်လည်း မြို့နယ်အားလုံးတွင် ရေကြောင်းရဲတပ်ဖွဲ့များ ချထားခြင်းမရှိသေးဟု မောင်တောမြို့မရဲစခန်းမှ စခန်းမှူးတိုးတိုးက ပြောသည်။

“ဘူးသီးတောင်၊ မောင်တောမှာတော့ ရေကြောင်းရဲတပ်ဖွဲ့ မရှိသေးဘူး။ တပ်ဖွဲ့ရှိလာမယ်ဆိုရင် လုံခြုံရေးအတွက် ပိုအားရှိတာပေါ့”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် သံတွဲမြို့နယ်တို့တွင် ရေကြောင်းရဲတပ်ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနယ်စပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်နေပြီး မောင်တော နယ်စပ် ဂိတ်ပေါက်များတွင် အဆိုပါရေကြောင်း တပ်ဖွဲ့များထားသင့်သည်ဟုလည်း စခန်းမှူးတိုးတိုးက သုံးသပ် သည်။

ကမ်းရိုးတန်းဒေသဖြစ်သော ရခိုင်ပြည်နယ်သည် ပင်လယ်ရေကြောင်းကို အဓိကအားထားရပြီး ဘင်္ဂလား ပင်လယ်အော်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အဓိကကုန်စည်ကူးသန်းနေခြင်းဖြစ်သည်။

Mizzima - News in Burmese 

No comments:

Post a Comment