Friday 15 August 2014

မြေနီကုန်း ခုံးကျော်တံတား ပြီးစီးမည့်ကာလ မပြောနိုင်သေး

 ငွေကျပ် ၁၇ ဘီလီယံခန့် အကုန်အကျခံတည်ဆောက် မည့် မြေနီကုန်းခုံးကျော် တံတားစီမံ ကိန်းသည် မြေ စမ်းသပ် အဆင့် သာရှိသေး၍ ရှစ်လနှင့် အပြီး တည်ဆောက်မည်ဟု မပြောနိုင် သေးကြောင်း၊ တံတား တည် ဆောက်မည့် Capital Develop-ment ကုမ္ပဏီမှ မန်နေဂျာ ကိုညီ ညီမျိုးမြင့်က ပြောသည်။
‘‘တံတားရဲ့ အချက်အလက် တွေပြောလို့မရသေးဘူး။ ပန္နက် ရိုက်ပြီးမှပြောလို့ရမယ်’’ဟု ၎င်း က ပြော သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်သော ပထမ အကြိမ် ရန်ကုန်တိုင်းလွှတ်တော် အထူးအစည်း အဝေး၌ မြေနီ ကုန်းခုံးကျော်တံတားစီမံကိန်း အတွက် ငွေကျပ် ၁၆ ဒသမ ၉၂၈ ဘီလီယံလျာထားကြောင်း ထုတ် ပြန်ထားသည်။

အဆိုပါမြေနီကုန်းခုံးကျော် တံတားစီမံကိန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ယခုဘဏ္ဍာ နှစ်တွင် အထူး စီမံကိန်း အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘ဒီလမ်းက နဂိုထဲကကြပ်တာ၊ ရှေ့ ပိုဆိုးတော့မယ်။ စီမံကိန်းစတဲ့အချိန်ကစပြီး ပြီးတဲ့အထိ ဒီတစ်ဝိုက်ရှောင်မောင်းရမယ်’’ ဟု အငှား ယဉ်မောင်း တစ်ဦးက ပြောသည်။

တံတား စီမံကိန်းအတွက် နံနက် ၈ နာရီမှ ညနေ ၇ နာရီ အထိ ဝန်ထမ်းအင်အား ၃၀ ကျော်ဖြင့် မြေ စမ်းသပ်မှု စတင် ပြုလုပ်နေကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုအဖြစ် များသော မြေနီကုန်းလမ်းဆုံတွင် ခုံးကျော်တံတားတည်ဆောက်ရန် ဆောက် လုပ်ရေးကုမ္ပဏီ ၁၁ ခုက တင်ဒါလျှောက်ထားခဲ့ရာ ဦးတေ ဇပိုင် ထူးကုမ္ပဏီ၊ ဒဂုံအင်တာနေ ရှင်နယ် ကုမ္ပဏီ၊ Capital Devel-opment ကုမ္ပဏီ၊ Myanmar V Pile ကုမ္ပဏီနှင့် Grow Advance တို့ကို ကနဦးရွေးချယ်ခဲ့ရာနောက် ဆုံးအဆင့် ဆောက်လုပ်ခွင့်ကို Capital Development ကုမ္ပဏီ က ရရှိခဲ့ကြောင်း ယင်းကုမ္ပဏီ များထံမှ သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment