Friday 15 August 2014

မလေးရှားတွင် ထောင်ဒဏ်တစ်နှစ်စီချခံရသည့် မြန်မာလုပ်သား ၅၂ဦးကိစ္စ သက်ရောက်မှုကြီးမား မလေးရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေနိုင်သည့်အနေအထားတွင်ရှိဟုဆို

မလေးရှား နိုင်ငံတွင် ထောင်ဒဏ်တစ်နှစ်စီကျ ခံခဲ့ရသည့် မြန်မာအလုပ်သမား ၅၂ ဦးအရေးကို ထိရောက်စွာ ဖြေရှင်း မဆောင်ရွက်နိုင်ပါက မြန်မာ-မလေး ရှား နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြား နိုင်ဖွယ်ရှိ သဖြင့် ယင်းကိစ္စကို နှစ်နိုင်ငံ အစိုးရက ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ယင်းကိစ္စသည် သက်ရောက် မှုအတိုင်းအတာပမာဏကြီးမား ကြောင်း၊ မြန်မာအလုပ်သမားများကို စေလွှတ် သည့်အေဂျင်စီ၊ မလေးရှား ရှိ မြန်မာသံရုံးများကိုလည်း ယင်းကိစ္စ နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းမှု များ ပြုလုပ်နေကြောင်း သိရသည်။ 

အလုပ်သမားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိက ''ဒီကိစ္စကိုသေချာ ဖြေရှင်းဖို့ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ဆောင်ရွက်နေပါတယ်။ သေချာမဖြေရှင်းရင် မလေးရှားနဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးကိုတောင် ထိခိုက်နိုင်တဲ့အနေအထားရှိတယ်'' ဟု ပြောသည်။

မလေးရှားသို့ ဗီဇာအတုဖြင့် တရားမဝင်ကုမ္ပဏီတစ်ခုက ပို့ ဆောင်ခြင်းကြောင့် ထောင်ကျခံခဲ့ရ သည့် အလုပ်သမားများအတွက် အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်း ကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ယင်းအမှုသည် လတ်တလော စစ်ဆေးတွေ့ရှိချက်များအရ လူကုန်ကူးမှုမြောက်ခြင်းမရှိသေး ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးအဖွဲ့မှ ရဲမှူးကြီးဝင်းနိုင်ထွန်းကဒီမိုကရေစီတူဒေးသို့ပြောသည်။
''ဒီကိစ္စကို အလုပ်သမားဝန်ကြီး ဌာနနဲ့ ပူးပေါင်းပြီး ဖြေရှင်းဖို့ ဆောင် ရွက်မှာပါ။ လတ်တလောအနေနဲ့ ပြောရင်တော့ လူကုန်ကူးမှုမမြောက် သေးပါဘူး။ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံပြီး ဆက်လက်စစ်ဆေးဖြေ ရှင်းသွားမယ်''ဟု ပြောသည်။ 

စုမြတ်နန္ဒာဝင်းကုမ္ပဏီ၏ ဗီဇာ အတုလုပ်ကာ ပို့ဆောင်ခြင်းခံခဲ့ရ သူများထဲတွင် ပါဝင်သူတစ်ဦး၏ အစ်မဖြစ်သူ မှလည်း ယင်းတို့အနေ ဖြင့် ကုန်ကျစရိတ်အားလုံးကို စုမြတ် နန္ဒာဝင်းကုမ္ပဏီမှ တောင်းသည့် ပမာ ဏအတိုင်းပေးခဲ့ရကြောင်း၊ ယခုတွင် ဗီဇာအတုဖြင့် သွားခြင်းကြောင့် အဖမ်းခံရသည့် အပြင် ထောင်ဒဏ် ပါကျခံနေရသဖြင့် ယင်းကိစ္စကို ထိ ရောက်စွာဖြေရှင်းပေးရန်လည်း မျှော် လင့်ကြောင်း ဒီမိုကရေစီတူဒေးသို့ ပြောသည်။

''အတုအစစ်ဆိုတာ ဒီဘက် လေဆိပ်ကတောင်မသိဘဲ သူများ နိုင်ငံကိုရောက်မှသိရတာဆိုတော့ သွားတဲ့ လူတွေ လဲ ဘယ်လိုလုပ်သိနိုင်ပါ့မလဲ။ အတုဆိုရင် ဘယ်သူကရော ကိုယ့်လူ ဒုက္ခရောက်ခံပြီး လွှတ်ပါ့မလဲ။ ခုတော့ ဘာအဆက်အသွယ်မှ မရ၊ အခြေအနေလဲ ဘယ်လိုရှိမှန်း မသိတော့ ဘာဆက်လုပ်ရမလဲဆို တာတောင် မသိနိုင်တဲ့အခြေအနေ ပါ။ ကျွန်မတို့အနေနဲ့ အရမ်းစိတ်ပူ နေပါတယ်'' ဟုပြောသည်။ 

သြဂုတ် ၁၃ရက်တွင် မလေးရှား နိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးစင်တာမှ လည်း အ ဆိုပါ အလုပ်သမားများ၏ ဖြစ်စဉ်များ နှင့်ပတ်သက်ပြီး တစ်ကမ္ဘာလုံးသိရှိ စေရန် ကြေညာချက်တစ်ခုကိုလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ လူ့အခွင့်အရေးရုံး တွင်လည်း အဆိုပါကိစ္စနှင့်ပတ်သက် ပြီး အမှုဖွင့် တိုင်ကြားထားကြောင်းနှင့် အလုပ်သမားများသည် ဆယ် သိန်းနှင့်အထက်ပေးကာ လာခဲ့ကြ သည့် အလုပ်သမားများဖြစ်ကြပြီး မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့် လာခဲ့ကြသူ များသာဖြစ်ကြောင်း ယင်းကြောင့် အမှုမှန်ပေါ်ပေါက်ရေးကို ယင်းတို့ စင်တာအနေဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောသည်။

မလေးရှားနိုင်ငံရှိ Myanmar Migrants Rights Centre ဥက္ကဋ္ဌ ဦးကိုလတ်က ''ဒီကိစ္စကို ဒီနေ့ပဲ လူ့ အခွင့်အရေးရုံးမှာ အမှုထပ်ဖွင့်ပါ တယ်။ ကလေးတွေအားလုံးကို မတရား ထောင်ဒဏ်ချတာကို အကာအကွယ်မပေးဘဲ အေဂျင်စီကလူတွေကို ကာကွယ်ပေးနေတာတွေကိုပါ တွေ့ နေရတဲ့အတွက်ရော၊ မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကစကားပြန်ကလဲ အပြစ်ကို အတင်းဝန်ခံခိုင်းပြီး ထုချေ ခွင့်ရှိတာကို ဘာမှမလုပ်ပေးတဲ့အတွက်ကိုရော အမှန်အတိုင်းအားလုံး ဖြစ်အောင် လုပ်ဆောင်သွားမယ်'' ဟု ပြောသည်။
မလေးရှားတွင် ထောင်ကျခံရ သည့် အလုပ်သမားများသည် စုမြတ်နန္ဒာဝင်း ခရီးသွားလုပ်ငန်းအေဂျင် စီ စေလွှတ်မှုကြောင့် ဇူလိုင်၈ရက် တွင် လေယာဉ်အမှတ် AK503 Air Asia ဖြင့် သွားရောက်ခဲ့သည့်သူ များဖြစ်ပြီး စုစုပေါင်းအလုပ်သမား ၇၂ဦးပါဝင်ကြောင်း သိရသည်။ 

ယင်းအလုပ်သမားများကို မလေး ရှားဘက်အခြမ်းမှ အေဂျင်စီ သုံးဦး က လေဆိပ်တွင်စောင့်ကာခေါ်ဆောင် ခဲ့ခြင်းဖြစ်ပြီး လေဆိပ်ရှိ လဝကဂိတ် ကိုကျော်ဖြတ်ပြီးနောက် Show money များကို အလုပ်သမားများထံ မှ မလေးရှားအေဂျင်စီများမှ ပြန် လည်သိမ်းယူနေစဉ် အစောင့်ကျနေ သည့် လဝကအရာရှိမှ မြင်တွေ့ကာ မသင်္ကာ၍ ပတ်စ်ပို့စာအုပ်များကို ထပ်မံစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဗီဇာအ တုများဖြစ်နေသည့်အတွက် အမျိုး သား၊ အမျိုးသမီးအပါအဝင် ၇၂ဦး နှင့် အေဂျင်စီ သုံးဦးကိုဖမ်းဆီးကာ စစ်ဆေးခဲ့ပြီး ယင်း ၇၂ဦးထဲမှ ၅၂ဦး ကို မလေးရှားဗီဇာအတု လဝကအက် ဥပဒေပုဒ်မ (14/B) နှင့် ဆီဗန်းတ ရားသူကြီးက ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့အမိန့်ချမှတ်ပြီး အုပ်စု လိုက်အနေဖြင့် တရားသူကြီးရှေ့တွင် ထုချေလွှာတင်ခွင့် ရှိခဲ့သော်လည်း မြန်မာသံရုံးမှ နှုတ်ပိတ်နေခဲ့ကြပြီး ဝန်ခံမှုပြုလုပ်ရန်ပင် ဖိအားပေးခဲ့ ကြောင်းနှင့် အလုပ်သမားများအနေ ဖြင့် တစ်စုံတစ်ရာ သိရှိခြင်းမရှိဘဲ ခံခဲ့ကြရခြင်းဖြစ်ကြောင်းနှင့် ယင်း ထောင်ကျခံအလုပ်သမားများကို မလေးရှားနိုင်ငံ (Kajang) ထောင်သို့ ပို့ဆောင်ထားကြောင်း MMRC မှ ထုတ်ပြန်ချက်များအရ သိရသည်။

KMZ, ZC, SH
Democracytoday
Yangon Media group

No comments:

Post a Comment