Friday 15 August 2014

ပြည်သူ့တပ်မတော် ဆိုသည်မှာ

Photo: ပြည်သူ့တပ်မတော် ဆိုသည်မှာ
Friday, August 15, 2014 

ကချင်ပြည်နယ် ကာမိုင်းမြို့နယ်အတွင်းရှိ ကွမ်စိုင်ဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို နယ်မြေခံ တပ်မ (၆၆) လက်အောက်ခံ တပ်မတော် အရာရှိတစ်ဦးက ရိုက်နှက် စစ်ဆေးခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မ (၆၆) တပ်မမှူးကိုယ်တိုင် ကာယကံရှင်ကို တောင်းပန်ကာ ဆေးကုသပေးရန် ဖားကန့်သို့ ခေါ်ဆောင်သွားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

တပ်မတော်သားတစ်ဦး အထူးသဖြင့် တပ်မမှူးအဆင့်ရှိ တပ်မတော် အရာရှိတစ်ဦးက နယ်မြေခံ ပြည်သူတစ်ဦးကို ၎င်း၏ လက်အောက်ငယ်သား အရာရှိတစ်ဦး၏ အပြုအမူနှင့် ပတ်သက်၍ တောင်းပန်ခြင်းမှာ မြန်မာ့တပ်မတော် သမိုင်းတွင် နှစ်ပေါင်း ၅၀ အတွင်း တရားဝင် သိရှိသမျှ ပထမဦးဆုံးဟု ဆိုနိုင်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် နိုင်ငံရေးအင်အားစု တစ်ရပ်အဖြစ် အခိုင်အမာ တည်ရှိ ဖြတ်သန်းလာခဲ့သော မြန်မာ့တပ်မတော်သည် ခေါင်းဆောင်တို့၏ ခံယူချက်၊ အရည်အချင်း၊ စေတနာ၊ ရိုးသားဖြောင့်မတ်မှု၊ ပရော်ဖက်ရှင်နယ် ပီသမှုနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအပေါ် ထားရှိသည့် သဘောထားတို့အပေါ် မူတည်ကာ တပ်မတော်၏ ဂုဏ်သိက္ခာ မြင့်မား၊ ကျဆင်းခြင်းတို့ ကြုံခဲ့ရသည်။

ကုန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း တပ်မတော်သည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အပါအဝင် နိုင်ငံရေးအင်အားစု အားလုံး၏ အပေါ်စီးတွင် ရှိနေခဲ့သည်ဟု ရှုမြင်ခံထားရပြီး ယနေ့အထိလည်း ထိုနေရာကို တစ်စိတ်တစ်ပိုင်း ရယူထားဆဲဟု ယူဆခံထားရသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဖြစ်လဲ ပြည်သူတစ်ဦးကို ဤသို့ လူသိရှင်ကြား တောင်းပန်ခြင်းမှာ များစွာ ထူးခြားလှသည်။

အထူးသဖြင့် နိုင်ငံတစ်ဝန်း မြေသိမ်း၊ ယာသိမ်း ပြဿနာများနှင့် မြေသိမ်းခံ တောင်သူများအပေါ် ဒေသအခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့အချို့က ယနေ့အထိ အပေါ်စီးက ဆက်ဆံဆဲ၊ ခြိမ်းခြောက်၊ အရေးယူဆဲ၊ ထောင်အချခံ လယ်သမားများကို ဝေးလံထောင်များသို့ ရွှေ့ပြောင်းစေရန် တရားရုံးများကို ဖိအားပေးဆဲ အချိန်မျိုးတွင် အကြီးတန်း တပ်မတော်အရာရှိတစ်ဦးက ပြည်သူကို တောင်းပန်ခြင်းကို များစွာ အသိအမှတ် ပြုထိုက်လှသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်း လွှတ်တော်ကိုယ်စားလှယ် ရယူထားသည့် တပ်မတော်သည် တစ်ဖက်တွင်လည်း ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်နေချိန်တွင် လယ်သမားများအပေါ် မလျော်သြဇာသုံး ဖိအားပေးခြင်းကဲ့သို့ တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေသော အပြုအမူများ တတ်နိုင်သမျှ ရှောင်ကြဉ်ကာ မှားယွင်းသည့် လုပ်ရပ်အတွက် ပြည်သူကို ဝန်ချတောင်းပန်ရဲသော သတ္တိမျိုး မွေးမြူခြင်းအားဖြင့် ပြည်သူတစ်ရပ်လုံးက အားကိုးယုံကြည်အပ်သည့် ပြည်သူ့တပ်မတော် ဖြစ်လာရေး တပ်မတော်သား အားလုံးက ဝိုင်းဝန်း ကြိုးပမ်းပါမည့်ကြောင်း တိုက်တွန်း အကြံပြုအပ်ပေသည်။

The Voice Weekly
ကချင်ပြည်နယ် ကာမိုင်းမြို့နယ်အတွင်းရှိ ကွမ်စိုင်ဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို နယ်မြေခံ တပ်မ (၆၆) လက်အောက်ခံ တပ်မတော် အရာရှိတစ်ဦးက ရိုက်နှက် စစ်ဆေးခဲ့ခြင်းနှင့် ပတ်သက်၍ တပ်မ (၆၆) တပ်မမှူးကိုယ်တိုင် ကာယကံရှင်ကို တောင်းပန်ကာ ဆေးကုသပေးရန် ဖားကန့်သို့ ခေါ်ဆောင်သွားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
တပ်မတော်သားတစ်ဦး အထူးသဖြင့် တပ်မမှူးအဆင့်ရှိ တပ်မတော် အရာရှိတစ်ဦးက နယ်မြေခံ ပြည်သူ တစ်ဦးကို ၎င်း၏ လက်အောက်ငယ်သား အရာရှိတစ်ဦး၏ အပြုအမူနှင့် ပတ်သက်၍ တောင်းပန်ခြင်း မှာ မြန်မာ့တပ်မတော် သမိုင်းတွင် နှစ်ပေါင်း ၅၀ အတွင်း တရားဝင် သိရှိသမျှ ပထမဦးဆုံးဟု ဆိုနိုင်သည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် အခိုင်အမာတည်ရှိ ဖြတ်သန်းလာ ခဲ့သော မြန် မာ့ တပ်မတော်သည် ခေါင်းဆောင်တို့၏ ခံယူချက်၊ အရည်အချင်း၊ စေတနာ၊ ရိုးသားဖြောင့်မတ်မှု၊ ပရော်ဖက်ရှင်နယ် ပီသမှုနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအပေါ် ထားရှိသည့် သဘောထားတို့အပေါ် မူတည်ကာ တပ်မတော်၏ ဂုဏ်သိက္ခာ မြင့်မား၊ ကျဆင်းခြင်းတို့ ကြုံခဲ့ရသည်။

ကုန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း တပ်မတော်သည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အပါ အဝင် နိုင် ငံရေး အင်အားစု အားလုံး၏ အပေါ်စီးတွင် ရှိနေခဲ့သည်ဟု ရှုမြင်ခံထားရပြီး ယနေ့အထိလည်း ထိုနေရာကို တစ်စိတ်တစ်ပိုင်း ရယူထားဆဲဟု ယူဆခံထားရသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဖြစ်လဲ ပြည်သူ တစ်ဦး ကို ဤသို့ လူသိရှင်ကြား တောင်းပန်ခြင်းမှာ များစွာ ထူးခြားလှသည်။

အထူးသဖြင့် နိုင်ငံတစ်ဝန်း မြေသိမ်း၊ ယာသိမ်း ပြဿနာများနှင့် မြေသိမ်းခံ တောင်သူများ အပေါ် ဒေသ အခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့အချို့က ယနေ့အထိ အပေါ်စီးက ဆက်ဆံဆဲ၊ ခြိမ်းခြောက်၊ အရေးယူ ဆဲ၊ ထောင်အချခံ လယ်သမားများကို ဝေးလံထောင်များသို့ ရွှေ့ပြောင်းစေရန် တရားရုံးများကို ဖိအားပေးဆဲ အချိန်မျိုး တွင် အကြီးတန်း တပ်မတော်အရာရှိတစ်ဦးက ပြည်သူကို တောင်းပန်ခြင်းကို များစွာ အသိ အမှတ် ပြုထိုက်လှသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်း လွှတ်တော်ကိုယ်စား လှယ် ရယူထားသည့် တပ်မတော်သည် တစ်ဖက်တွင်လည်း ပရော်ဖက်ရှင်နယ် တပ်မတော် ဖြစ် လာစေရေး ကြိုးစားဆောင်ရွက်နေချိန်တွင် လယ်သမားများအပေါ် မလျော်သြဇာသုံး ဖိအားပေးခြင်းကဲ့သို့ တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေသော အပြုအမူများ တတ်နိုင်သမျှ ရှောင်ကြဉ်ကာ မှားယွင်းသည့် လုပ်ရပ်အတွက် ပြည်သူကို ဝန်ချတောင်းပန်ရဲသော သတ္တိမျိုး မွေးမြူခြင်းအားဖြင့် ပြည်သူတစ်ရပ်လုံးက အားကိုးယုံကြည်အပ်သည့် ပြည်သူ့တပ်မတော် ဖြစ်လာရေး တပ်မတော်သား အားလုံးက ဝိုင်းဝန်း ကြိုးပမ်း ပါမည့်ကြောင်း တိုက်တွန်း အကြံပြုအပ်ပေသည်။

The Voice Weekly

No comments:

Post a Comment