Saturday 12 April 2014

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကြာအင်းဆိပ်ကြီးမြို့နယ် KNU နယ်မြေအတွင်း သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူမှုများ ကြည့်ရှုအားပေး၊ အမျိုးသားရေး လုပ်ငန်းစဉ်တွင် ပါဝင် ထမ်းဆောင်သူများ အဖြစ် ဂုဏ်ပြု ပြောကြား

Photo: ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကြာအင်းဆိပ်ကြီးမြို့နယ် KNU နယ်မြေအတွင်း သန်းခေါင်စာရင်း မြေပြင်ကွင်းဆင်း ကောက်ယူမှုများ ကြည့်ရှုအားပေး၊ အမျိုးသားရေး လုပ်ငန်းစဉ်တွင် ပါဝင် ထမ်းဆောင်သူများ အဖြစ် ဂုဏ်ပြု ပြောကြား
Saturday, April 12, 2014

ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဥက္ကဋ္ဌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေ ကိုယ်စားလှယ် Ms. Janet E. Jackson နှင့် အဖွဲ့ဝင်များ၊ KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်းနှင့် အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျုံခဝန် ကျေးရွာသို့ ရောက်ရှိပြီး ယင်းကျေးရွာ၏ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ယူနေသည့် အိမ်သို့ သွားရောက်၍ စာရင်းစစ် စာရင်းကောက် ဆရာမများက နေအိမ်ရှိ မိသားစုများအား သန်းခေါင်စာရင်း မေးခွန်းများ မေးမြန်း ကောက်ယူနေမှုကို ကြည့်ရှု အားပေးသည်။

ယင်းနောက် ကျုံခဝန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သန်းခေါင် စာရင်းဆိုင်ရာ လုပ်ငန်း ရှင်းလင်းပွဲကို ကျင်းပရာ ရှေးဦးစွာ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ကရင်ပြည်နယ် ဦးစီးဌာနမှူး ဦးထိန်ဝင်းနှင့် မွန်ပြည်နယ် ဦးစီးဌာနမှူး ဦးသန်းဝင်းတို့က ပြည်နယ်များ အတွင်း သန်းခေါင်စာရင်း ကောက်ယူ လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်မှုနှင့် မြေပြင် ကွင်းဆင်း ကောက်ယူမှု အခြေအနေများ၊ လုပ်ငန်းစဉ် တစ်ခုလုံး အောင်မြင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ကရင်အမျိုးသား အစည်းအရုံး KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်းက သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ် အပေါ် KNU အဖွဲ့အစည်းမှ ပူးပေါင်း ပါဝင်မှုများနှင့် လုပ်ငန်းများ အောင်မြင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ယခင်ကာလများက တည်ငြိမ် အေးချမ်းမှုမရှိသော နေရာဒေသများအား သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း ယခုအခါ ငြိမ်းချမ်းရေး၏ အသီးအပွင့် ရလဒ်များကြောင့် နိုင်ငံတစ်ဝန်း နေရာအနှံ့အပြား၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပါကြောင်း၊ သန်းခေါင်စာရင်း လုပ်ငန်းစဉ်မှ ရရှိလာသည့် ကိန်းဂဏန်း အချက်အလက်များအပေါ် မူတည်၍ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ထိရောက်သော စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူ အားလုံးအား နိုင်ငံနှင့် ပြည်သူအကျိုး တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြသူများ အဖြစ် နိုင်ငံတော် အစိုးရက ကျေးဇူးတင် ဂုဏ်ပြုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ UNFPA နှင့် UNDP တို့မှ ဌာနေ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်အား လေ့လာခွင့် ရရှိပြီး KNU အဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားများသည် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းကာ သန်းခေါင်စာရင်း လုပ်ငန်းများ အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင် ရသည့်အတွက် ဝမ်းမြောက် ပါကြောင်းနှင့် လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် မိမိတို့မှလည်း ဆက်လက်ပံ့ပိုး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် တက်ရောက် လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီး မြို့နယ် တောင်ဒီး၊ တံခွန်တိုင်၊ ခလယ်၊ မြို့ဟောင်း၊ ဘုရားငါးဆူ စသည့် ကျေးရွာများသို့ လှည့်လည် သွားရောက်၍ ကျေးရွာ သန်းခေါင်စာရင်း ကော်မတီဝင်များ၊ အထောက်အကူပြု အဖွဲ့များ၊ စာရင်းစစ် စာရင်းကောက်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နိုင်ငံတွင် သမိုင်းတွင်မည့် သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကြီးတွင် ပါဝင် ဆောင်ရွက်ခွင့်ရသည့် အတွက် ဂုဏ်ယူကြရန်နှင့် အမျိုးသားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်ကြသူများ အဖြစ် နိုင်ငံတော် အစိုးရက ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားကာ သင်္ကြန်အကြို အတာရေများ ပက်ဖျန်းကာ "ပြည်သူ အားလုံး ပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့" ဟူသော သန်းခေါင်စာရင်း ဆောင်ပုဒ်ကို သံပြိုင် သီဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်
The Mirror Daily
ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထော င် စု ဝန်ကြီး ဦးခင်ရီသည် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ဌာနေ ကိုယ်စားလှယ် Ms. Janet E. Jackson နှင့် အဖွဲ့ဝင်များ၊ KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်းနှင့် အဖွဲ့ဝင်များနှင့်အတူ ဧပြီ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် ကျုံခဝန် ကျေးရွာသို့ ရောက်ရှိပြီး ယင်းကျေး ရွာ ၏ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ယူနေသည့် အိမ်သို့ သွားရောက်၍ စာရင်းစစ် စာရင်းကောက် ဆရာမများက နေအိမ်ရှိ မိသားစုများအား သန်းခေါင်စာရင်း မေးခွန်း များ မေးမြန်း ကောက် ယူနေမှု ကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ကျုံခဝန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သန်းခေါင် စာရင်းဆိုင်ရာ လုပ်ငန်း ရှင်းလင်း ပွဲကို ကျင်းပရာ ရှေးဦးစွာ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ကရင်ပြည်နယ် ဦးစီးဌာနမှူး ဦးထိန်ဝင်းနှင့် မွန်ပြည်နယ် ဦးစီးဌာနမှူး ဦးသန်းဝင်းတို့က ပြည်နယ်များ အတွင်း သန်းခေါင် စာရင်း ကောက်ယူ လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်မှုနှင့် မြေပြင် ကွင်းဆင်း ကောက်ယူမှု အခြေ အနေများ၊ လုပ်ငန်းစဉ် တစ်ခုလုံး အောင်မြင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှု အခြေအနေများကို ရှင်း လင်း တင်ပြကြသည်။

ဆက်လက်၍ ကရင်အမျိုးသား အစည်းအရုံး KNU ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်းက သန်းခေါင် စာရင်း ကောက်ယူရေး လုပ်ငန်းစဉ် အပေါ် KNU အဖွဲ့အစည်းမှ ပူးပေါင်း ပါဝင်မှုများနှင့် လုပ်ငန်း များ အောင်မြင်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ယခင်ကာလများက တည်ငြိမ် အေးချမ်းမှု မရှိသော နေရာဒေ သ များအား သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့သော်လည်း ယခုအခါ ငြိမ်းချမ်းရေး၏ အသီးအပွင့် ရလဒ်များကြောင့် နိုင်ငံတစ်ဝန်း နေရာအနှံ့အပြား၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပါကြောင်း၊ သန်းခေါင် စာရင်း လုပ်ငန်းစဉ်မှ ရရှိလာသည့် ကိန်းဂဏန်း အချက်အလက်များအပေါ် မူတည်၍ ဒေသဖွံ့ဖြိုး တိုး တက်ရေး အတွက် ထိရောက်သော စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယင်း လုပ်ငန်း စဉ်တွင် ပါဝင်ဆောင်ရွက်သူ အားလုံးအား နိုင်ငံနှင့် ပြည်သူအကျိုး တက်ကြွစွာ ပါဝင် ဆောင် ရွက်ကြသူများ အဖြစ် နိုင်ငံတော် အစိုးရက ကျေးဇူးတင် ဂုဏ်ပြုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်း လင်း ပြော ကြားသည်။

ဆက်လက်၍ UNFPA နှင့် UNDP တို့မှ ဌာနေ ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ သန်းခေါင် စာရင်း ကောက် ယူမှု လုပ်ငန်းစဉ်အား လေ့လာခွင့် ရရှိပြီး KNU အဖွဲ့ဝင်များနှင့် ဒေသခံ တိုင်းရင်းသားများသည် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းကာ သန်းခေါင်စာရင်း လုပ်ငန်းများ အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင် ရသည့်အတွက် ဝမ်းမြောက် ပါကြောင်းနှင့် လုပ်ငန်းစဉ် အောင်မြင်ရေး အတွက် မိမိတို့မှလည်း ဆက်လက်ပံ့ပိုး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် တက်ရောက် လာကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီး မြို့နယ် တောင်ဒီး၊ တံခွန်တိုင်၊ ခလယ်၊ မြို့ဟောင်း၊ ဘုရားငါးဆူ စသည့် ကျေးရွာများသို့ လှည့်လည် သွားရောက်၍ ကျေးရွာ သန်းခေါင်စာရင်း ကော်မတီဝင်များ၊ အထောက်အကူပြု အဖွဲ့များ၊ စာရင်းစစ် စာရင်းကောက်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ နိုင်ငံတွင် သမိုင်းတွင်မည့် သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကြီးတွင် ပါဝင် ဆောင်ရွက်ခွင့်ရသည့် အတွက် ဂုဏ်ယူကြရန်နှင့် အမျိုးသားရေး တာဝန်တစ်ရပ်ကို ထမ်းဆောင်ကြသူများ အဖြစ် နိုင်ငံတော် အစိုးရက ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း ပြောကြားကာ သင်္ကြန်အကြို အတာရေများ ပက်ဖျန်းကာ "ပြည်သူ အားလုံး ပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့" ဟူသော သန်းခေါင်စာရင်း ဆောင်ပုဒ်ကို သံပြိုင် သီဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်
The Mirror Daily

No comments:

Post a Comment