Saturday 12 April 2014

ရန်ကုန်မြို့၌ ရှေးဟောင်း အဆောက်အအုံကြီး များကို လမ်းလျှောက် လှည့်လည်လေ့လာသော ခရီးစဉ်များ လစဉ် ပြုလုပ်မည်

Photo: ရန်ကုန်မြို့၌ ရှေးဟောင်း အဆောက်အအုံကြီး များကို လမ်းလျှောက် လှည့်လည်လေ့လာသော ခရီးစဉ်များ လစဉ် ပြုလုပ်မည်
Saturday, April 12, 2014

ရန်ကုန်မြို့၌ရှိသော လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဆောက်လုပ် ထားခဲ့ကြသည့် ရှေးဟောင်းမြို့ပြ အဆောက်အအုံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ သမိုင်း အချက်အလက်များကို လေ့လာသိရှိ လိုသော ရန်ကုန်မြို့နေ ပြည်သူ လူထု အပါအဝင်

မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသား ပြည်သူများကို ''ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့'' (Yangon Heritage Trust-YHT) က ဦးဆောင်၍ လမ်းလျှောက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ကာ ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများအား လှည့်လည်လေ့လာခြင်းကို လစဉ်ပုံမှန် ပြုလုပ်သွားမည် ဖြစ်ကြောင်း YHT မှ သိရသည်။

''အခု ကျွန်တော်တို့ ဒီလမ်းလျှောက် ခရီးစဉ်ကို စတင် ဆောင်ရွက်ခဲ့တာ အောင်မြင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ နောက်လ တွေမှာလည်း လစဉ်ပုံမှန် ဆောင်ရွက်သွားမှာပါ။ ဒီလေ့လာရေး ခရီးစဉ်ကို အခမဲ့ ဆောင်ရွက် ပေးနေတာပါ။

ရန်ကုန်မြို့မှာရှိတဲ့ ရှေးဟောင်း ဗိသုကာ ပညာရပ်တွေကို ပြည်သူတွေ မျက်မြင် ကိုယ်တွေ့ အနီးကပ် လေ့လာနိုင်ပြီးတော့ ဂုဏ်ယူတန်ဖိုးထား လာစေဖို့ရယ်၊ ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ရမယ် ဆိုတဲ့ အသိတရားတွေ ဝင်လာစေဖို့ရယ် အဲဒီ ရည်ရွယ်ချက်တွေနဲ့ အခုလိုမျိုး ဒီခရီးစဉ် တွေကို ဆောင်ရွက်ပေးတဲ့ သဘောပါ။ အဆောက်အအုံ တစ်ခုစီရဲ့ သမိုင်းကြောင်း တွေကိုလည်း တာဝန်ရှိသူတွေက သေသေချာချာ ရှင်းပြပေး သွားမှာပါ''ဟု YHT က တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ထိုလေ့လာရေး ခရီးစဉ်တွင် လိုက်ပါလေ့လာ လိုသူများအနေနှင့် ကြိုတင်စာရင်း ပေး သွင်းရန် လိုအပ်ပြီး လက်ရှိတွင် တစ်လလျှင် ခရီးစဉ်တစ်ခေါက် လှည့်လည်ပြသရန် စီစဉ်ထားကာ အဆိုပါ ခရီးစဉ်တစ်ခေါက်တွင်လည်း ကြိုတင်စာရင်း ပေးထားသူများ ထဲမှ လူ ၃ဝ ခန့်ကို ဦးစားပေး ရွေးချယ် ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း YHT ၏ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံကြီးများကို လမ်းလျှောက် လှည့်လည် လေ့လာသော ခရီးစဉ်တွင် လိုက်ပါလိုသူများ အနေဖြင့် အမှတ် (၂၂-၂၄) ပန်းဆိုးတန်းလမ်း (အောက်ဘလောက်) ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးသို့ လူကိုယ်တိုင် လာရောက် စာရင်း ပေးသွင်းနိုင်ပြီး ဖုန်း-ဝ၁-၂၄ဝ၅၄၄ နှင့် အီးမေးလ်- info@yangonheritagetrust.org သို့လည်း ဆက်သွယ် စုံစမ်းကာ ကြိုတင် စာရင်းပေး သွင်းနိုင်ကြောင်း သိရသည်။

မြ၀တီ
ရန်ကုန်မြို့၌ရှိသော လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဆောက်လုပ် ထားခဲ့ကြသည့် ရှေးဟောင်း မြို့ပြ အဆောက်အအုံများ၏ ယဉ်ကျေးမှု အမွေအနှစ်များ သမိုင်း အချက်အလက်များကို လေ့လာသိရှိ လိုသော ရန်ကုန်မြို့နေ ပြည်သူ လူထု အပါအဝင် မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသား ပြည်သူများကို ''ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့'' (Yangon Heritage Trust-YHT) က ဦးဆောင် ၍ လမ်းလျှောက် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ကာ ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက် အအုံ များအား လှည့်လည်လေ့လာခြင်းကို လစဉ်ပုံမှန် ပြုလုပ်သွားမည် ဖြစ်ကြောင်း YHT မှ သိရသည်။
''အခု ကျွန်တော်တို့ ဒီလမ်းလျှောက် ခရီးစဉ်ကို စတင် ဆောင်ရွက်ခဲ့တာ အောင်မြင်တယ် လို့ ပြောရ မှာ ဖြစ်ပါတယ်။ နောက်လ တွေမှာလည်း လစဉ်ပုံမှန် ဆောင်ရွက်သွားမှာပါ။ ဒီလေ့လာရေး ခရီးစဉ်ကို အခမဲ့ ဆောင်ရွက် ပေးနေတာပါ။

ရန်ကုန်မြို့မှာရှိတဲ့ ရှေးဟောင်း ဗိသုကာ ပညာရပ်တွေကို ပြည်သူတွေ မျက်မြင် ကိုယ်တွေ့ အနီး ကပ် လေ့ လာနိုင်ပြီးတော့ ဂုဏ်ယူတန်ဖိုးထား လာစေဖို့ရယ်၊ ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ရမယ် ဆိုတဲ့ အသိတရားတွေ ဝင်လာစေဖို့ရယ် အဲဒီ ရည်ရွယ်ချက်တွေနဲ့ အခုလိုမျိုး ဒီခရီးစဉ် တွေကို ဆောင်ရွက်ပေးတဲ့ သဘောပါ။ အဆောက်အအုံ တစ်ခုစီရဲ့ သမိုင်းကြောင်း တွေကိုလည်း တာဝန်ရှိသူတွေက သေသေချာချာ ရှင်းပြပေး သွားမှာပါ''ဟု YHT က တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ထိုလေ့လာရေး ခရီးစဉ်တွင် လိုက်ပါလေ့လာ လိုသူများအနေနှင့် ကြိုတင်စာရင်း ပေး သွင်းရန် လိုအပ်ပြီး လက်ရှိတွင် တစ်လလျှင် ခရီးစဉ်တစ်ခေါက် လှည့်လည်ပြသရန် စီစဉ်ထားကာ အဆိုပါ ခရီးစဉ်တစ်ခေါက် တွင် လည်း ကြိုတင်စာရင်း ပေးထားသူများ ထဲမှ လူ ၃ဝ ခန့်ကို ဦးစားပေး ရွေးချယ် ခေါ်ဆောင်သွား မည် ဖြစ်ကြောင်း YHT ၏ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံကြီးများကို လမ်းလျှောက် လှည့်လည် လေ့လာသော ခရီးစဉ်တွင် လိုက်ပါလိုသူများ အနေဖြင့် အမှတ် (၂၂-၂၄) ပန်းဆိုးတန်းလမ်း (အောက် ဘလောက်) ကျောက် တံတားမြို့နယ် ရန်ကုန်တိုင်း ဒေသကြီးသို့ လူကိုယ်တိုင် လာရောက် စာရင်း ပေးသွင်းနိုင်ပြီး ဖုန်း-ဝ၁-၂၄ဝ၅၄၄ နှင့် အီးမေးလ်- info@yangonheritagetrust.org သို့လည်း ဆက်သွယ် စုံစမ်းကာ ကြိုတင် စာရင်းပေး သွင်းနိုင်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment