Saturday 12 April 2014

ဗြိတိန်တွင် ခြောက်လနှင့်အထက် နေထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာအတွက် မြန်မာနိုင်ငံမှ လျှောက်ထားမည့်သူများ တီဘီရောဂါ စစ်ဆေးရန် လိုအပ်ကြောင်း ဗြိတိသျှသံရုံး ထုတ်ပြန်

https://scontent-a-kul.xx.fbcdn.net/hphotos-frc3/t1.0-9/10157320_607243779366666_8840010941429660805_n.jpg
(တီဘီရောဂါကုဆေးရုံ (အောင်ဆန်း)တွင် တက်ရောက်ကုသနေသည့် လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်))

ဗြိတိန်တွင် ခြောက်လထက်ပိုသော တာရှည်နေထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာအတွက် မြန်မာနိုင်ငံမှ လျှောက် ထားမည့် သူများ တီဘီရောဂါ စစ်ဆေးရန်လိုအပ်ကြောင်း ဗြိတိသျှသံရုံးမှ ဧပြီ ၁၀ ရက်က သတင်း ထုတ်ပြန်ခဲ့ သည်။ ၂၀၁၄ ခုနှစ် ဧပြီ ၂၀ ရက်မှစ၍ ဗြိတိန်နိုင်ငံတွင် ခြောက်လထက်ပိုသော တာရှည်နေ ထိုင်ရန် ပြည်ဝင်ခွင့်ဗီဇာကို မြန်မာနိုင်ငံတွင် လျှောက်ထားသူများ အနေဖြင့် ပြည်ဝင်ခြင်းမပြုမီ အဆုတ်နာ တီဘီရောဂါ ကြိုတင်စစ်ဆေးရန် လိုအပ်ကြောင်းနှင့် ကာလတိုနေထိုင်မည့် ပြည်ဝင်ခွင့်ဗီဇာ၊ လုပ်ငန်း ကိစ္စ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများ အနေဖြင့် စစ်ဆေးရန်မလိုကြောင်း၊ ခရီးသွားများနှင့် အခြား ကာလ တို နေထိုင်သူ ဧည့်သည်များနှင့် လုံးဝမသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ အပါအ၀င် အခြားနိုင်ငံပေါင်း ၆၇ နိုင်ငံတွင်လည်း တာရှည်ပြည်ဝင်ခွင့် ဗီဇာလျှောက်ထား သူများ အတွက် ပြည် ၀င်ခွင့်မပြုမီ တီဘီစစ်ဆေးခြင်းကို တိုးချဲ့သတ်မှတ် သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခု နှစ် အတွင်းက ဗြိတိန်အစိုးရက ကြေညာခဲ့ကြောင်း သိရသည်။

ခြောက်လထက်ပိုသော ဗြိတိန်နိုင်ငံ တာရှည်ပြည်ဝင်ခွင့် ဗီဇာတွင် အလုပ်လုပ်ကိုင်ရန်ဖြ စ်စေ၊ ကျောင်း တက်ရန်ဖြစ်စေ၊ အခြေချနေထိုင်ရန်ဖြစ်စေ ပြည်ဝင်ခွင့် လျှောက်ထားသူမည်သူမဆို အကျုံးဝင်ကြောင်း၊ ယင်းတွင် နှစ်နှစ်၊ ငါးနှစ်၊ ၁၀ နှစ် ဧည့်သည် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများလည်း ပါဝင်ကြောင်း သိရသည်။

စစ်ဆေးရာတွင်လည်း ဗြိတိန်အစိုးရက အတည်ပြုထားသော ဆေးရုံဆေးခန်းမှ လက်မှတ်သာလျှင် အတည်ပြုမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အတည်ပြုထားသော ဆေးရုံဆေးခန်းမှာ ပန်းလှိုင်ဆေးရုံရှိ IOM Health Assessment Clinic ဖြစ်ကြောင်း၊ စစ်ဆေးရန် လိုအပ်သူများသည် ပြည်ဝင်ခွင့်ဗီဇာ လျှောက် ထားခြင်းမပြုမီ သက်တမ်းမကုန်သေးသော လက်မှတ်ကို မလွဲမသွေ ရယူထားရမည်ဖြစ်ကြောင်း၊ သံရုံးတွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုအတွက် လူတွေ့မေးမြန်းရာတွင် တီဘီစစ်ဆေးမှုလက်မှတ်ကို တင်ပြရမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment