Saturday 12 April 2014

မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်


ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် နမ့်ပန်ကျေးရွာ အုပ်စု ငါးဟေကျေးရွာတွင် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက ၄င်းရွာနေ ဦးလောတား၏ နေအိမ်၌ ထမင်းချက်ရာမှ မီးကူးစက် လောင်ကျွမ်းခဲ့ပြီး လူနေအိမ် ၆၂ လုံး၊ ဆိုင်ကယ် ၁၂ စီး၊ သုံးဘီးဆိုင်ကယ် လေးစီး၊ လက်တွန်း ထွန်စက်ခြောက်စီးနှင့် ဆန်စက် ၁ဝ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ဒေသခံ ပြည်သူ ၃၂၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းခဲ့သော နေရာများအား တပ်မတော်သားများက ဝိုင်းဝန်းကူည ရှင်းလင်း ဆောင် ရွက်ပေး ကာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့များဖြင့် မီးဘေးဒဏ် သင့် ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်ပေးခြင်း လုပ်ငန်းများ တောင်ရွက်ပေးပြီး ထိုသို့ဆောင် ရွက် ပေးနေ မှု များကို တိုင်းမှူး ဗိုလ်ချုပ် သိန်းထွန်းဦးနှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေး၍ ဆေူကုသမှု ခံယူနေသော ပြည်သူများအား

ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားသည်။

ထို့နောက် တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက မီးဘေးသင့် ပြည်သူများအတွက် စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြပြီး မီးဘေးသင့် ပြည်သူများ ယာယီနေထိုင်လျက် ရှိသည့် နေရာများသို့ သွားရောက်၍ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြား ကြသည်။

မီးဘေးသင့် ပြည်သူများ အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်နှင့် စေတနာရှင် အလှူရှင်များက ဆန်အိတ် ၄ဝ၊ ဆီ ၈၃ ပိဿာ၊ ကုလားပဲ ခြောက်အိတ်၊ ဆား ၆၈ ထုပ်၊ အာလူး ငါးအိတ်၊ ငါးခြောက် တစ်အိတ်၊ စားသောက်ဖွယ်ရာ မျိုးစုံ၊ သောက်ရေသန့် ဘူးများ၊ အဝတ်အထည် ၃၅ ထုပ်၊ အိမ်ထောင်စု ၆၀ အသုံးပြုနိုင်သော နေရောင်ခြည် စွမ်းအင်သုံး မီးလင်းရေးစနစ် တစ်စုံ၊ ဘက်ထရီသုံးလုံး၊ LED မီးအိမ်အလုံး ၆ဝ နှင့် လှူဒါန်း ငွေကျပ် ၁၁၉၄၅ဝဝဝ တို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment