Saturday 12 April 2014

ဝီလီဘရန့်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

Photo: ၀ီလီဘရန့်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
Saturday, April 12, 2014

ဥရောပ တိုက် ဂျာမနီနိုင်ငံမှာ ရောက်ရှိ နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံ တကာ ၀ီလီဘရန့်ဆု Willy Brandt ကို ဒီကနေ့ လက်ခံ ရယူခဲ့ပါတယ်။

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ SPD ဆိုရှယ်- ဒီမိုကရက်တစ်ပါတီရုံးချုပ်၊ Willy Brandt House မှာ ပြုလုပ်တဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဂျာမနီနိုင်ငံက ပါလီမန်အမတ်တွေ၊ ဖိတ်ကြားထားသူတွေ ၊ SPD ပါတီက ထိပ်တန်းခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေအပြင်၊ ဂျာမနီနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ပါ တက်ရောက်ခဲ့ကြပါတယ်၊

ဒီဆုပေးပွဲအခမ်းအနားမှာ SPD ပါတီရဲ့ ဥက္ကဌက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၁ ရာစုအတွက် သူရဲကောင်းတစ်ဦးဖြစ်တယ်လို့ ပြောဆိုဂုဏ်ပြုသွားကြောင်း ဒီအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဂျာမနီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်သူကပြောပါတယ်။

"၀ီလီဘရန့် ကိုယ်တိုင်က အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဂျာမန်နိုင်ငံရေးသမားတစ်ယောက်ပေါ့၊ ဒေါ်အောင်ဆန်းစုကြည်လို အကြမ်းမဖက်တဲ့နည်းတဲ့ ဒီမိုကရေစီရေးကို ကြိုးပမ်းနေတဲ့ လူတစ်ယောက်ကို ပေးတဲ့ဆုမျိုးပေါ့၊ ဂျာမန်လူမျိုးတွေထဲမှာ ဒီဆုက တော်တော်မြင့်မားတဲ့ဆုဖြစ်ပါတယ်၊ SPD ပါတီ ဥက္ကဌပြောတဲ့ မိန့်ခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီရေးကို တိုက်ပွဲဝင်ခဲ့တာ ၂၁ ရာစုမှာတော့ သူရဲကောင်းတစ်ယောက်ပါပဲလို့ ပြောသွားတယ်၊ ဒါကတကယ့်ထူးခြားပြီးတော့ ကြည်နူးဖို့ကောင်းတဲ့ နေ့တစ်နေ့ပေါ့"

ဆုလက်ခံယူပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က မိန်ခွန်းပြောကြားခဲ့ရာမှာ ၂၀၀၈ဖွဲ့စည်းပုံကို မပြင်နိုင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီလမ်းပေါ် မရောက်နိုင်ကြောင်း ၊အမျိုးသားရင်ကြားစေ့ရေးမရှိဘဲနဲ့ ဘယ်လိုအလုပ်မှ ဆက်လုပ်နိုင်မှာ မဟုတ်ကြောင်း အကျယ်တ၀င့်ပြောသွားခဲ့သလို မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ ပညာရေးကဏ္ဍတွေမှာ ဂျာမနီနိုင်ငံက အကူအညီပေးဖို့တွေကိုလည်း တောင်းဆိုသွားခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံးခဲ့သလို၊ ဂျာမနီသမ္မတ Joachim Gauk နဲ့ပါ သမ္မတ နန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်၊ ဒါ့အပြင် ဧပြီ ၁၃ ရက်၊ တနင်္ဂနွေနေ့မှာ ဘာလင်မြို့ က Freie Universität Berlin တက္ကသိုလ်မှာ မိန့်ခွန်းစကားပြောကြားမှာဖြစ်ပြီး၊ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

RFA Burmese
ဥရောပတိုက် ဂျာမနီနိုင်ငံမှာ ရောက်ရှိ နေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတကာ ၀ီလီဘရန့်ဆု Willy Brandt ကို ဒီကနေ့ လက်ခံ ရယူခဲ့ပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ SPD ဆိုရှယ်- ဒီမိုကရက်တစ်ပါတီရုံးချုပ်၊ Willy Brandt House မှာ ပြုလုပ်တဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဂျာမနီနိုင်ငံက ပါလီမန်အမတ်တွေ၊ ဖိတ်ကြားထားသူတွေ ၊ SPD ပါတီက ထိပ်တန်းခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေအပြင်၊ ဂျာမနီနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ပါ တက်ရောက် ခဲ့ကြပါတယ်၊

ဒီဆုပေးပွဲအခမ်းအနားမှာ SPD ပါတီရဲ့ ဥက္ကဌက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကြိုးပမ်းနေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၁ ရာစုအတွက် သူရဲကောင်းတစ်ဦးဖြစ်တယ်လို့ ပြောဆို ဂုဏ်ပြု သွားကြောင်း ဒီအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဂျာမနီအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်သူ ကပြောပါတယ်။

"၀ီလီဘရန့် ကိုယ်တိုင်က အာဏာရှင်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဂျာမန်နိုင်ငံရေးသမား တစ်ယောက်ေ ပါ့၊ ဒေါ်အောင်ဆန်းစုကြည်လို အကြမ်းမဖက်တဲ့နည်းတဲ့ ဒီမိုကရေစီရေးကို ကြိုးပမ်းနေတဲ့ လူတစ်ယောက် ကို ပေးတဲ့ဆုမျိုးပေါ့၊ ဂျာမန်လူမျိုးတွေထဲမှာ ဒီဆုက တော်တော်မြင့်မားတဲ့ဆုဖြစ်ပါတယ်၊ SPD ပါတီ ဥက္ကဌပြောတဲ့ မိန့်ခွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီရေးကို တိုက်ပွဲ ဝင်ခဲ့တာ ၂၁ ရာစုမှာတော့ သူရဲကောင်းတစ်ယောက်ပါပဲလို့ ပြောသွားတယ်၊ ဒါကတကယ့် ထူးခြား ပြီးတော့ ကြည်နူးဖို့ကောင်းတဲ့ နေ့တစ်နေ့ပေါ့"

ဆုလက်ခံယူပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က မိန်ခွန်းပြောကြားခဲ့ရာမှာ ၂၀၀၈ဖွဲ့စည်းပုံကို မပြင်နိုင် ရင် စစ်မှန်တဲ့ ဒီမိုကရေစီလမ်းပေါ် မရောက်နိုင်ကြောင်း ၊ အမျိုးသားရင်ကြားစေ့ရေးမရှိဘဲနဲ့ ဘယ်လို အလုပ်မှ ဆက်လုပ်နိုင်မှာ မဟုတ်ကြောင်း အကျယ်တ၀င့်ပြောသွားခဲ့သလို မြန်မာနိုင်ငံ ပြန်လည် ထူထော င်ရေး လုပ်ငန်းတွေနဲ့ ပညာရေးကဏ္ဍတွေမှာ ဂျာမနီနိုင်ငံက အကူအညီပေးဖို့တွေကို လည်း တောင်း ဆို သွားခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကလည်း ဂျာမနီ ဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံးခဲ့သလို၊ ဂျာမနီသမ္မတ Joachim Gauk နဲ့ပါ သမ္မတ နန်းတော် မှာ တွေ့ဆုံခဲ့ပါတယ်၊ ဒါ့အပြင် ဧပြီ ၁၃ ရက်၊ တနင်္ဂနွေနေ့မှာ ဘာလင်မြို့ က Freie Universität Berlin တက္ကသိုလ်မှာ မိန့်ခွန်းစကားပြောကြားမှာဖြစ်ပြီး၊ မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment