
မကြာမီ ကျရောက်လာတော့မည့် မဟာသင်္ကြန်ပွဲတော်တွင် မြန်မာနိုင်ငံ အတွင်း၌ နေထိုင် ကြသော နိုင်ငံ သူ၊ နိုင်ငံသားများအားလုံး ပါဝင်ဆင်နွှဲ ကြတောမည် ဖြစ်သည်။ သင်္ကြန်ကာလတွင် ဗုဒ္ဓဘာသာဝင် အများစုမှာ သက်ကြီးရွယ်အိုများကို ခေါင်းလျှော်ပေးခြင်း၊ ရေမိုးချိုးပေးခြင်း၊ လက် သည်း ခြေသည်းများ ညှပ်ပေးခြင်း၊ ရဟန်းခံရှင်ပြု ဒုလ္လဘရဟန်း ၀တ်ခြင်း၊ ဥပုသ်သီလ စောင့် တည်ခြင်း၊ သင်္ကြန်ထမင်း၊ မုန့် လုံးရေပေါ် စသည့် အကျွေးအမွေး များဖြင့် ဧည့်ခံခြင်းဖြင့် ကုသိုလ်ယူကြသည်။
တစ်ခါတစ်ရံ ရေခဲများ ထည့်၍ အေးစက်နေသော ရေများဖြင့်လည်း လောင်းတတ်ကြသည်။ ယင်းသို့ပြု လုပ်၍ ရေပက်ရာတွင် ရေပက်ခံသော ပြည်သူများအတွက် ဘေးအန္တရာယ် မဖြစ် သော်လည်း လုံခြုံမှု ချိုးဖောက်၍ ဘေးဖြစ်စေသော ရည်ရွယ်ချက်ဖြင့် ဘေးဖြစ်စေနိုင်သော ထိခိုက် အနာတရ ဖြစ်စေနိုင်သည့် ဝတ္ထုတစ်ခု (ရေခဲတုံးသေးများ၊ သစ်သားစများ)ကို ရေနှင့်ရော၍ ပက်မိလျှင် ဥပဒေအရ အရေးယူခံရ နိုင် သည်။
ယခုလို မဟာသင်္ကြန်ကာလ မတိုင်မီ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့၊ မြို့တော် စည်ပင် သို့မဟုတ် အုပ်ချုပ်ရေး ဌာနများက ပျော်ရွှင်စွာ နှစ်သစ်ကူး ရေကစား ပွဲတော် ဆင်နွှဲနေကြ သည့် ပြည်သူများ ထိခိုက်နစ်နာမှု မရှိရအောင် စည်းကမ်းချက်များ ထုတ်ပြန် ပေးထားသည်။
ရေထဲတွင် ညစ်ညမ်းသည့် အရည်၊ ရေခဲတုံး အသေး၊ အကြီး၊ အက်စစ်၊ မသန့်ရှင်းသော ရေ၊ သစ်တို သစ်များ၊ ခဲများ၊ သဲများနှင့် လူကိုဘေးအန္တရာယ် ဖြစ်စေနိုင်သော အရာဝတ္ထု တစ်ခုခု ကို ရော၍လောင်း ပက်ြကမည်ဆိုလျှင် ဘေးအန္တရာယ် ဖြစ်စေနိုင်၍ သတိထား ဆင်ခြင်ရန် လိုအပ်သည်။ အကယ်၍ ဘေး အန္တရာယ် ဖြစ်စေနိုင်သည်ကို သိပါလျက်နှင့် ပြုလုပ်ပါက ရာဇသတ်ကြီး အက်ဥပဒေပုဒ်မ ၂၇၉-က အရ တရားစွဲဆို ခံရနိုင်၍ ယင်းဥပဒေ မူရင်းအား တင်ပြရပါလျှင် ရာဇသတ်ကြီး အက်ဥပဒေပုဒ်မ ၂၇၉-က တွင် မည်သူမဆို ယာဉ်တစ်စီးစီး၌ စီးနင်းလာသူ တစ်ဦး တစ်ယောက်၏ လုံခြုံမှုကို ဘေးဖြစ်စေနိုင်သော အကြံဖြင့် သော်လည်းကောင်း၊ ထိုသို့ြ့ဖစ်စေနိုင်သည်ကို သိလျက်နှင့်သော် လည်းကောင်း၊ အများ ပြည်သူ ဆိုင်ရာ နေရာ၌ ယာဉ်တစ်စီးကို သစ်သာဖြင့်ဖြစ်စေ၊ ခဲဖြင့်ဖြစ်စေ၊ အက်စစ်ဖြင့်ဖြစ်စေ၊ တခြား အရာ ဝတ္ထုဖြင့် ဖြစ်စေ၊ ပစ်ခတ်လျှင် သို့မဟုတ် ထိုယာဉ် တစ်စီးစီးပေါ်၌ ထိုအရာ တစ်ခုခုကို ကျစေလျှင် ထိုသူကို တစ်နှစ်ထိ ထောင် ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေကျပ် ငါးသောင်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုပြဋ္ဌာန်းထားသည်။
သို့ပါသောကြောင့် နှစ်စဉ်ကျင်းပလျက် ရှိသော သင်္ကြန်ပွတြော်တွင် အေးချမ်းပျော်ရင်စွာဖြင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ပါဝင်ဆင်နွှဲ ကြစေရန် သင်္ကြန်ပွဲတော်အတွင်း မြို့အနှံ့ ရေပက်ခံ လည် ပတ်နေသော ယာဉ် ကို ဘေးဖြစ်စေသော ၀တ္ထုဖြင့် ပစ်ခတ်ခြင်း မပြုမိအောင် ဆင်ခြင်မှု သတိတရားများဖြင့် ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြ စေလိုပါကြောင်း အကြံပြု တင်ပြလိုက်ရပါ သည်။ ။
မြ၀တီ
No comments:
Post a Comment