Saturday 12 April 2014

၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့က လူထုလူတန်းစား အသီးသီးနှင့်တွဲကာ ဒီမိုကရေစီအရေး လှုပ်ရှားမည်

Photo: ၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့က လူထုလူတန်းစား အသီးသီးနှင့်တွဲကာ ဒီမိုကရေစီအရေး လှုပ်ရှားမည်
Saturday, April 12, 2014

၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့တွင် ပါဝင်သည့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရာတွင် ကော်မတီတစ်ခုအတွက် ဦးဆောင်သူ ခုနစ်ဦးထားရှိမည်ဟု ဆုံးဖြတ်ခဲ့ပြီး ထိုခုနစ်ဦးထဲတွင် လက်ရှိနိုင်ငံရေး နယ်ပယ်မှ ဂုဏ်သိက္ခာရှိသည့် ပုဂ္ဂိုလ်များ၊ လူထုအခြေပြု အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ပညာရှင်များစသည့် လူထုလူတန်းစား အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်မည်ဟု ဧပြီ ၅ ရက်က ပြုလုပ်ခဲ့သည့် ၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ထိုအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ဦးဒေးဗစ်လှမြင့်က "ကျွန်တော်တို့မှာ ကော်မတီ ၁၄ ခုရှိပါတယ်။ အဲဒီကော်မတီတွေမှာ အဖွဲ့ဝင်တွေကို အားဖြည့်မယ်။ အကြမ်းဖျင်းအားဖြင့်တော့ ကော်မတီတစ်ခုမှာ ဦးဆောင်သူ ခုနစ်ဦးလောက်စီထားမယ်။ အဲဒီခုနစ်ဦးထဲမှာ လူထုလူတန်းစား ပေါင်းစုံက ပါဝင်လာနိုင်အောင်လို့ပါ။ ပညာရေး ကော်မတီဆိုရင် ပညာရေးနဲ့ ပတ်သက်တဲ့သူတွေ ပါဝင်ရမယ်။ ကျန်းမာရေးဆိုရင်လည်း ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့သူတွေ ပါဝင်လာနိုင်အောင်လို့ပါ။ သူ့သက်ဆိုင်ရာ ကဏ္ဍမှာ သူ့သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေပါဝင်လာ အောင်လိုက်လံဆွေးနွေး ညှိနှိုင်းနေပါတယ်" ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ထို့အပြင် လာမည့် မေ ၂၇ ရက်တွင် ကျင်းပမည့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် လုပ်ငန်းကော်မတီတွင် ပါဝင်မည့်သူများကို သတင်းထုတ်ပြန်မည်ဖြစ်ပြီး ထိုနေ့တွင်ပင် လုပ်ကိုင်ဆောင်ရွက်မည့် နိုင်ငံရေးလမ်းစဉ်နှင့် လုပ်ပုံလုပ်နည်းများကိုလည်း ကြေညာမည်ဖြစ်ကြောင်း ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ထို့အပြင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပေါင်းစည်းကာ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။ ထို့အပြင် မေ ၂၇ ရက် မတိုင်မီ ၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ရုံးခန်းကိုလည်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

၁၉၉၀ ပြည့်နှစ်၊ မေ ၂၇ ရက်က ကျင်းပခဲ့သည့် ပါတီစုံရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ကိုယ်စားလှယ်များ စုပေါင်းကာ မတ် ၂၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ တွေ့ဆုံပွဲကျင်းပခဲ့သည်။ ထိုတွေ့ဆုံပွဲမှ ရွေးကောက်ခံ အမတ် ၁၉ ဦး ပါဝင်သည့် ၁၉၉၀ ပြည့်နှစ်လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့တွင် လုပ်ငန်းကော်မတီ ၁၄ ခုပါဝင်ကြောင်းလည်း သိရသည်။

Eleven Media Group 

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံး အကြိမ် အများဆုံးစုဝေးမှုအဖြစ် မတ် ၂၂ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံစဉ်
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံး အကြိမ် အများဆုံးစုဝေးမှုအဖြစ် မတ် ၂၂ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံစဉ်

၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့တွင် ပါဝင်သည့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းရာ တွင် ကော် မတီတစ်ခုအတွက် ဦးဆောင်သူ ခုနစ်ဦးထားရှိမည်ဟု ဆုံးဖြတ်ခဲ့ပြီး ထိုခုနစ်ဦးထဲတွင် လက် ရှိနိုင်ငံရေး နယ်ပယ်မှ ဂုဏ်သိက္ခာရှိသည့် ပုဂ္ဂိုလ်များ၊ လူထုအခြေပြု အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ပညာရှင် များစသည့် လူထုလူတန်းစား အသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်မည်ဟု ဧပြီ ၅ ရက်က ပြုလုပ်ခဲ့သည့် ၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ထိုအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
ဦးဒေးဗစ်လှမြင့်က "ကျွန်တော်တို့မှာ ကော်မတီ ၁၄ ခုရှိပါတယ်။ အဲဒီကော်မတီတွေမှာ အဖွဲ့ဝင်တွေကို အားဖြည့်မယ်။ အကြမ်းဖျင်းအားဖြင့်တော့ ကော်မတီတစ်ခုမှာ ဦးဆောင်သူ ခုနစ်ဦးလောက်စီထားမယ်။ အဲဒီခုနစ်ဦးထဲမှာ လူထုလူတန်းစား ပေါင်းစုံက ပါဝင်လာနိုင်အောင်လို့ပါ။ ပညာရေး ကော်မတီဆိုရင် ပညာရေးနဲ့ ပတ်သက်တဲ့သူတွေ ပါဝင်ရမယ်။ ကျန်းမာရေးဆိုရင်လည်း ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့သူတွေ ပါဝင်လာနိုင်အောင်လို့ပါ။ သူ့သက်ဆိုင်ရာ ကဏ္ဍမှာ သူ့သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေပါဝင်လာအောင် လိုက်လံဆွေးနွေး ညှိနှိုင်းနေပါတယ်" ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ထို့အပြင် လာမည့် မေ ၂၇ ရက်တွင် ကျင်းပမည့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် လုပ်ငန်းကော်မတီတွင် ပါဝင်မည့်သူများကို သတင်းထုတ်ပြန်မည်ဖြစ်ပြီး ထိုနေ့တွင်ပင် လုပ်ကိုင်ဆောင် ရွက် မည့် နိုင်ငံရေးလမ်းစဉ်နှင့် လုပ်ပုံလုပ်နည်းများကိုလည်း ကြေညာမည်ဖြစ်ကြောင်း ဦးဒေးဗစ်လှမြင့် က ပြောကြားသည်။

ထို့အပြင် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပေါင်းစည်းကာ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး အတွက် ကြိုးပမ်းသွားမည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။ ထို့အပြင် မေ ၂၇ ရက် မတိုင်မီ ၁၉၉၀ ပြည့်နှစ် လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ရုံးခန်းကိုလည်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြား သည်။

၁၉၉၀ ပြည့်နှစ်၊ မေ ၂၇ ရက်က ကျင်းပခဲ့သည့် ပါတီစုံရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ကိုယ်စားလှယ် များ စုပေါင်းကာ မတ် ၂၂ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ တွေ့ဆုံပွဲကျင်းပခဲ့သည်။ ထိုတွေ့ဆုံ ပွဲမှ ရွေးကောက်ခံ အမတ် ၁၉ ဦး ပါဝင်သည့် ၁၉၉၀ ပြည့်နှစ်လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ကို ဖွဲ့စည်း ခဲ့သည်။ ထိုအဖွဲ့တွင် လုပ်ငန်းကော်မတီ ၁၄ ခုပါဝင်ကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment