Saturday 12 April 2014

အမေရိကန် ကျန်းမာရေးဝန်ကြီး ရာထူးက နှုတ်ထွက်

Photo: အမေရိကန် ကျန်းမာရေးဝန်ကြီး ရာထူးက နှုတ်ထွက်
Saturday, April 12, 2014

အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာနဝန်ကြီး Kathleen Sebelius ရာထူးကနေ နှုတ်ထွက် သွားပါတယ်၊ Obamacare လို့ပြောကြတဲ့ ဝင်ငွေနည်း မိသားစုတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံ ဝယ်ယူနိုင်ရေးကို ကြီးကြပ် တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။

ကျန်းမာရေးအာမခံ ဒီနှစ်အတွက် နောက်ဆုံးထား ဝယ်ယူဖို့ သတ်မှတ် ချိန်ပြည့်ပြီး သီတင်းတပါတ် အကြာမှာပဲ Kathleen Sebelius ရာထူးကနေ နှုတ်ထွက် သွားတာလဲဖြစ်ပါတယ်၊ Obamacare ကျန်းမာရေးအာမခံတွေ
စတင် ဝယ်ယူနိုင်ပြီလို့ ကြေညာခဲ့ပြီးတဲ့ သီတင်းပါတ်တွေမှာ အဲဒီ Website ရဲ့ ချွတ်ယွင်း ချက်ကြောင့် အာမခံဝယ်ချင်သူ သန်းနဲ့ချီ ဝယ်မရတဲ့ပြဿနာကို ကြုံခဲ့ကြရပါတယ်၊

အဲဒီထဲက Sebelius ရာထူးကနေဆင်းဖို့ အတိုက်အခံ Republican တွေ ဖက်က တောင်းဆိုခဲ့ပေမဲ့ သမ္မတ အိုဘားမားက ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ဝန်ကြီးကိုထောက်ခံ မှုပေးခဲ့ပါတယ်၊ ဒါပေမဲ့ ကျန်းမာရေးအာမခံ ဝယ်ယူနိုင်တဲ့ကာလဟာ အောင်မြင်ခဲ့တယ်လို့ သမ္မတအိုဘားမား ပြီးခဲ့တဲ့ သီတင်းပါတ်မှာ ကြေညာချိန်မှာတော့ ဝန်ကြီး Sebelius ကို မတွေ့ခဲ့ရပါဘူး၊

ကျန်းမာရေးအာမခံကို ၇ သန်းလောက်ဝယ်ယူကြလိမ့်မယ်လို့ အိုဘားမား အစိုးရကခန့်မှန်းထားခဲ့ပေမဲ့ အာမခံအတွက် စာရင်းပေးသူဟာ အဲဒီအရေအတွက်ကို ကျော်လွန်ခဲ့ပါတယ်၊

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာနဝန်ကြီး Kathleen Sebelius ရာထူး ကနေ နှုတ်ထွက် သွားပါတယ်၊ Obamacare လို့ပြောကြတဲ့ ဝင်ငွေနည်း မိသားစုတွေ အတွက် ကျန်း မာရေးစောင့်ရှောက် မှု အာမခံ ဝယ်ယူနိုင်ရေးကို ကြီးကြပ် တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။
ကျန်းမာရေးအာမခံ ဒီနှစ်အတွက် နောက်ဆုံးထား ဝယ်ယူဖို့ သတ်မှတ် ချိန်ပြည့်ပြီး သီတင်းတပါတ် အကြာ မှာပဲ Kathleen Sebelius ရာထူးကနေ နှုတ်ထွက် သွားတာလဲဖြစ်ပါတယ်၊ Obamacare ကျန်းမာရေး အာမခံတွေ စတင် ဝယ်ယူနိုင်ပြီလို့ ကြေညာခဲ့ပြီးတဲ့ သီတင်းပါတ်တွေမှာ အဲဒီ Website ရဲ့ ချွတ်ယွင်း ချက်ကြောင့် အာမခံဝယ်ချင်သူ သန်းနဲ့ချီ ဝယ်မရတဲ့ပြဿနာကို ကြုံခဲ့ကြရပါတယ်၊

အဲဒီထဲက Sebelius ရာထူးကနေဆင်းဖို့ အတိုက်အခံ Republican တွေ ဖက်က တောင်းဆိုခဲ့ပေမဲ့ သမ္မတ အိုဘားမားက ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း ဝန်ကြီးကိုထောက်ခံ မှုပေးခဲ့ပါတယ်၊ ဒါပေမဲ့ ကျန်းမာရေးအာမခံ ဝယ်ယူနိုင်တဲ့ကာလဟာ အောင်မြင်ခဲ့တယ်လို့ သမ္မတအိုဘားမား ပြီးခဲ့တဲ့ သီတင်းပါတ်မှာ ကြေညာချိန် မှာတော့ ဝန်ကြီး Sebelius ကို မတွေ့ခဲ့ရပါဘူး၊

ကျန်းမာရေးအာမခံကို ၇ သန်းလောက်ဝယ်ယူကြလိမ့်မယ်လို့ အိုဘားမား အစိုးရကခန့်မှန်းထားခဲ့ပေမဲ့ အာမခံ အတွက် စာရင်းပေးသူဟာ အဲဒီအရေအတွက်ကို ကျော်လွန်ခဲ့ပါတယ်၊

ဗွီအိုအေ (မြန်မာပိုင်း)

No comments:

Post a Comment