Saturday 12 April 2014

တောင်ကိုရီးယား ကာကွယ်ရေး အေဂျင်စီမှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက် အချက်အလက်များ ဖောက်ထွင်း ခံရ

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ဌာန လက်အောက်ရှိ နိုင်ငံပိုင် ကာကွယ်ရေး အေဂျင်စီမှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ဖောက်ထွင်း ခံခဲ့ရကြောင်း အတိုက်အခံ ဥပဒေပြု လွှတ်တော်အမတ် တစ်ဦးက ဧပြီ ၁ဝ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။အမည်မသိ ဟက်ကာများသည် Agency For Defense Development (ADD) မှ စစ်ဘက်ဆိုင်ရာ လျှို့ဝှက် သတင်း အချက်အလက်များကို ဖောက်ထွင်း ခဲ့ကြောင်း အတိုက်အခံ အဖွဲ့တစ်ဖွဲ့ ဖြစ်သော New Politics Alliance for Democracy အဖွဲ့မှ ကိုယ်စားလှယ် ကင်ယောင်-ဂျူးက ထုတ်ဖော် ပြောကြားခဲ့သည်။

ADD အဖွဲ့မှ ကွန်ပျူတာ အလုံးပေါင်း ၃ဝဝဝ ကျော်သည် ဟက်ကာများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော် လည်း အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ကို တရားဝင် အတည်ပြုနို င်ခြင်း မရှိသေးကြောင်း ကင်က ဆက်လက် ပြောကြားခဲ့သည်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနသည် မြောက်ကိုရီးယား နိုင်ငံကို ဆန့်ကျင်သည့် အနေဖြင့် ၎င်း တို့၏ ကင်းထောက်မှု စွမ်းရည်ကို မြှင့်တင်ရန် တီထွင်ထုတ်လုပ် ထားသည့် မောင်းသူမဲ့ လေယာဉ် (MUAV) နှင့် ပတ်သက်သည့် လျှို့ဝှက် သတင်းအချက်အလက်များ အပြင် Cheon goong သို့မဟုတ် တာလတ်ပစ် မြေပြင်မှ ဝေဟင်ပစ် ပဲ့ထိန်းဒုံးကျည်များ အပါအဝင် လေယာဉ်ဖျက် ဒုံးကျည်များ ထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ ၆၈ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းများ လည်း ဖောက် ထွင်း ခံခဲ့ရကြောင်း ကင်က ပြောကြား ခဲ့သည်။

မြ၀တီ

No comments:

Post a Comment