Friday 14 March 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ပြင်နိုင်သည့်အချက်များမှစ၍ ပြင်ဆင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပေါ် ပြင်နိုင်သည့်အချက်များမှစ၍ ပြင်ဆင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Firday, March 14, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် ပြင်ဆင်နိုင်သည့်အချက်မှစ၍ ပြင်ဆင်ရမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ မတ် ၁၃ ရက်က ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ဦးစားပေးစာရင်းတွင် အရေးကြီးပုဒ်မဖြစ်သော ၄၃၆၊ ၅၉(စ)နှင့် တပ်မတော်အခန်းကဏ္ဍတို့ မပါဝင်ဘဲ ပုဒ်မ ၄၃၆(ခ)ပါ ပုဒ်မများကိုသာ ဦးစားပေးသုံးသပ်ရန် ဖွဲ့စည်းပုံပြင်ဆင်ရေးအကောင်အထည်ဖော်မှုကော်မတီက ဆုံးဖြတ်ခဲ့မှုအပေါ် သတင်းထောက်များ၏ မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြင်နိုင်တဲ့နေရာကတော့ စပြင်ရမှာပေါ့။ အားလုံး ကိုယ်လိုချင်တဲ့အတိုင်းပဲ ၁၀၀ ရာခိုင်နှုန်းလည်း ဖြစ်ချင်မှဖြစ်မယ်။ နောက်ပြီးတော့ တင်လိုက်တဲ့ဟာလည်း လွှတ်တော်မှာ ဆွေးနွေးဦးမှာပဲ။ နောက်ဆုံးကျတော့ လွှတ်တော်က ဆုံးဖြတ်ရမှာပါ”ဟု အတိုက်အခံခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လူထုသဘောထားရယူပွဲများကို နိုင်ငံတစ်ဝန်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲများတွင် ပါတီဝင်ဥပဒေပညာရှင်များက ဖွဲ့စည်းပုံပါ နိုင်ငံတော်သမ္မတ၏ အရည်အချင်း သတ်မှတ်ချက်ဖြစ်သော ပုဒ်မ ၅၉၊ နိုင်ငံရေးတွင် တပ်မတော်ပါဝင်မှု အခန်းကဏ္ဍတို့နှင့် ရှေ့နောက်မညီညွတ်သည့် အချက်အလက်များသည် ဒီမိုကရေစီနှင့် မကိုက်ညီကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း  ဒီမိုကရေစီနှင့်မကိုက်ညီသောပုဒ်မများကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ပြည်သူလူထု၏ သဘောထားကို လျစ်လျူရှု၍မရကြောင်း၊ အုပ်ချုပ်ရေးပိုင်းနှင့် တပ်မတော်တို့မှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရမည်ကိုကြောက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉)(စ)ကို မပြင်ဆင်လိုခြင်းဖြစ်ကြောင်း နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် လွှတ်တော်က ပြည်သူလူထုဆန္ဒအတိုင်း ဆောင်ရွက်၊ မဆောင်ရွက်ကိုသာ စောင့်ကြည့်ရမည် ဖြစ်ကြောင်း မီဒီယာများသို့ ဖေဖော်ဝါရီ ၃ ရက်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတနှင့် မတ် ၉ ရက် ညနေ ၅ နာရီခန့်က နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ ငါးကြိမ်မြောက် သီးသန့်တွေ့ဆုံခဲ့ပြီး နှစ်ဖက်စလုံးက တွေ့ဆုံမှု အသေးစိတ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထိုသို့တွေ့ဆုံပြီး မတ် ၁၂ ရက်တွင်လည်း နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့ရာတွင် အဆိုပါတွေ့ဆုံမှုမှာ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ခိုင်ဖြိုးပါတီအကြံပေးများ တွေ့ဆုံခဲ့ခြင်းသာဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရပြီး ထိုတွေ့ဆုံမှုတွင် မိမိမပါဝင်ကြောင်း သတင်းထောက်များအား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအပါအ၀င်  လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင်အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်ရမည်ဟု မူဝါဒချမှတ်ထားသည်။

Eleven Media Group

မတ် ၁၃ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
မတ် ၁၃ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရာတွင် ပြင်ဆင်နိုင်သည့်အချက်မှစ၍ ပြင်ဆင်ရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်၌ မတ် ၁၃ ရက်က ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ဦးစားပေးစာရင်းတွင် အရေးကြီးပုဒ်မဖြစ်သော ၄၃၆၊ ၅၉(စ)နှင့် တပ်မတော်အခန်း ကဏ္ဍတို့ မပါဝင်ဘဲ ပုဒ်မ ၄၃၆(ခ)ပါ ပုဒ်မများကိုသာ ဦးစားပေးသုံးသပ်ရန် ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင် အထည်ဖော်မှုကော်မတီက ဆုံးဖြတ်ခဲ့မှုအပေါ် သတင်းထောက်များ၏ မေးမြန်းမှုများကို ဒေါ်အောင်ဆန်း စုကြည်က ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ပြင်နိုင်တဲ့နေရာကတော့ စပြင်ရမှာပေါ့။ အားလုံး ကိုယ်လိုချင်တဲ့အတိုင်းပဲ ၁၀၀ ရာခိုင်နှုန်းလည်း ဖြစ်ချင်မှဖြစ် မယ်။ နောက်ပြီးတော့ တင်လိုက်တဲ့ဟာလည်း လွှတ်တော်မှာ ဆွေးနွေးဦးမှာပဲ။ နောက်ဆုံး ကျတော့ လွှတ်တော်က ဆုံးဖြတ်ရမှာပါ”ဟု အတိုက်အခံခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လူထု သဘောထား ရယူပွဲများကို နိုင်ငံတစ်ဝန်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲများတွင် ပါတီဝင်ဥပဒေ ပညာရှင်များက ဖွဲ့စည်းပုံပါ နိုင်ငံတော်သမ္မတ၏ အရည်အချင်း သတ်မှတ်ချက်ဖြစ်သော ပုဒ်မ ၅၉၊ နိုင်ငံရေး တွင် တပ်မတော်ပါဝင်မှု အခန်းကဏ္ဍတို့နှင့် ရှေ့နောက်မညီညွတ်သည့် အချက်အလက်များသည် ဒီမိုကရေစီနှင့် မကိုက်ညီကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း  ဒီမိုကရေစီနှင့်မကိုက်ညီသောပုဒ်မများကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရာတွင် ပြည်သူလူထု၏ သဘောထားကို လျစ်လျူရှု၍မရကြောင်း၊ အုပ်ချုပ်ရေးပိုင်းနှင့် တပ်မတော်တို့မှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း သတင်းမီဒီယာ များသို့ ပြောကြားခဲ့ဖူးသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရမည်ကိုကြောက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၅၉)(စ)ကို မပြင်ဆင်လိုခြင်းဖြစ်ကြောင်း နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရာတွင် လွှတ်တော်က ပြည်သူလူထုဆန္ဒအတိုင်း ဆောင်ရွက်၊ မဆောင်ရွက်ကိုသာ စောင့်ကြည့်ရမည် ဖြစ်ကြောင်း မီဒီယာများသို့ ဖေဖော်ဝါရီ ၃ ရက်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတနှင့် မတ် ၉ ရက် ညနေ ၅ နာရီခန့်က နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ ငါးကြိမ်မြောက် သီးသန့်တွေ့ဆုံခဲ့ပြီး နှစ်ဖက်စလုံးက တွေ့ဆုံမှု အသေးစိတ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထိုသို့တွေ့ဆုံပြီး မတ် ၁၂ ရက်တွင်လည်း နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ သို့ရာတွင် အဆိုပါတွေ့ဆုံမှုမှာ နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ခိုင်ဖြိုးပါတီအကြံပေးများ တွေ့ဆုံခဲ့ခြင်းသာဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရပြီး ထိုတွေ့ဆုံမှုတွင် မိမိမပါဝင်ကြောင်း သတင်းထောက်များအား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အစီရင်ခံစာကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး၊ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအပါအ၀င်  လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအကောင် အထည်ဖော်မှုကော်မတီကို ဖွဲ့စည်းခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလိုတွင် ဥပဒေပြု၍ ပြင်ဆင်ပြီးဖြစ်ရမည်ဟု မူဝါဒချမှတ်ထားသည်။

Eleven Media Group

No comments:

Post a Comment