Friday 14 March 2014

လာမည့်ရွေးကောက်ပွဲတွင် ပါတီများ မှန်ကန်စွာ ယှဉ်ပြိုင်ရေးနှင့် မဲရုံအဖွဲ့ ၀င်များ ဥပဒေနှင့်အညီ လုပ်ဆောင်ရေး စောင့်ကြည့်အဖွဲ့များဖြင့် ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

Photo: လာမည့်ရွေးကောက်ပွဲတွင် ပါတီများ မှန်ကန်စွာ ယှဉ်ပြိုင်ရေးနှင့် မဲရုံအဖွဲ့ ၀င်များ ဥပဒေနှင့်အညီ လုပ်ဆောင်ရေး စောင့်ကြည့်အဖွဲ့များဖြင့် ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Firday, March 14, 2014

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီများ မှန်ကန်စွာ ယှဉ်ပြိုင်ရေးနှင့် မဲရုံအဖွဲ့ဝင်များ ဥပဒေနှင့်အညီ ဆောင်ရွက်ရေးအတွက် လူမှုအဖွဲ့အစည်းများမှ စောင့်ကြည့်သည့် အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဟု မတ် ၁၃ ရက်က ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်တွင်းမှ အရပ်ဘက်လူမှု အဖွဲ့အစည်း ၃၃ ဖွဲ့နှင့် နိုင်ငံတကာမှ လူမှုအဖွဲ့အစည်း ရှစ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်ချောမောစွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် လူမှုအဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက "ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူမှုအဖွဲ့အစည်းများ အနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒါကြောင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲရာမှာ လူမှုအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အခန်းကဏ္ဍ တစ်ခန်းကို ထည့်သွင်းရေးဆွဲ ထားပါတယ်။ ဒီနေ့ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကနေ စတင်အကောင်အထည် ဖော်မှာဖြစ်ပြီး ဆွေးနွေးမှုရလဒ်များအပေါ် မူတည်ကာ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ် သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်" ဟု ပြောကြားသည်။

ရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ရာမှာ CSO များရဲ့အားကို ရယူရမှာဖြစ်ပါတယ်။ အထူးသဖြင့် လူထုကို ပညာပေးရာမှာ မဖြစ်မနေ CSO များရဲ့အားကို ရယူမှာဖြစ်ပါတယ်။ မဲစာရင်းပြုစုသူတွေ ပယ်မဲမဖြစ်အောင် ပြုစုနိုင်ရေး၊ ပွင့်လင်းမြင်သာစွာနဲ့ မဲများရေတွက်နိုင်ရေး၊ တရားမဲ့ပြုမှုများ မဖြစ်ပေါ်ရေးနဲ့ မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပွားရေး စတဲ့ကိစ္စတွေမှာ CSO များရဲ့ စွမ်းအားကို ရယူရမှာဖြစ်ပါတယ်... 
"ရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ရာမှာ CSO များရဲ့အားကို ရယူရမှာဖြစ်ပါတယ်။ အထူးသဖြင့် လူထုကို ပညာပေးရာမှာ မဖြစ်မနေ CSO များရဲ့အားကို ရယူမှာဖြစ်ပါတယ်။ မဲစာရင်းပြုစုသူတွေ ပယ်မဲမဖြစ်အောင် ပြုစုနိုင်ရေး၊ ပွင့်လင်းမြင်သာစွာနဲ့ မဲများရေတွက်နိုင်ရေး၊ တရားမဲ့ပြုမှုများ မဖြစ်ပေါ်ရေးနဲ့ မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပွားရေး စတဲ့ကိစ္စတွေမှာ CSO များရဲ့ စွမ်းအားကို ရယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပါတီများ မှန်မှန်ကန်ကန်ယှဉ်ပြိုင် ရွေးကောက်ခံရေး၊ မဲရုံအဖွဲ့ဝင်များ ပြဋ္ဌာန်းထားတဲ့ ဥပဒေများနဲ့အညီ ပါဝင်ဆောင်ရွက် ရေးမှာလည်း CSO က စောင့်ကြည့်တဲ့ အဖွဲ့တွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လေ့လာစောင့်ကြည့်တဲ့ အဖွဲ့များအနေနဲ့လည်း မှန်မှန်ကန်ကန် စောင့်ကြည့်နိုင်အောင် ထုတ်ပြန်ထားတဲ့ ဥပဒေများ၊ နည်းဥပဒေများ လက်စွဲစာဆောင်များ၊ ဒါတွေကို လေ့လာထားဖို့ အရေးကြီးပါတယ်" ဟု ဦးတင်အေးက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဟာကွက်မရှိစေဘဲ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခန်း ၁၂ ခန်းပါရှိသော ၂၀၁၄-၂၀၁၈ ငါးနှစ်တာ မဟာဗျူဟာ စီမံကိန်းကို ၂၀၁၃ ခုနှစ် ဇွန်လမှစတင်၍ ရေးဆွဲခဲ့ကြောင်း၊ ထိုသို့ရေးဆွဲရာတွင် အခြားနိုင်ငံများတွင် ရေးဆွဲခဲ့သည့် မဟာဗျူဟာ စီမံကိန်းတွေကို လေ့လာခဲ့သည့်အပြင် ပညာရှင်များကလည်း နည်းပညာများ အကူအညီ ပေးခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရှင်းပြသည်။

၂၀၁၄-၂၀၁၈ ငါးနှစ်တာ မဟာဗျူဟာ စီမံကိန်းတွင် (၁) ဥပဒေရေးရာမူဘောင် (၂) ကော်မရှင်ဖွဲ့စည်းပုံ (၃) လူ့စွမ်းအား အရင်းအမြစ်များ (၄) မဲဆန္ဒရှင် စာရင်းပြုစုခြင်း (၅) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (၆) ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ (၇) ကဏ္ဍစုံမှပါ ၀င်ပတ်သက်သူများနှင့် ဆက်ဆံရေး (၈)ပြည်သူနှင့် မဲဆန္ဒရှင်ပညာပေးခြင်း (၉) အားလုံး ပါဝင်ဆောင်ရွက်ခြင်း (၁၀) နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ (၁၁) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း (၁၂) မဟာဗျူဟာ ရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်မှု စိစစ်ရေးနှင့် သုံးသပ်ရေး စသည့်အခန်းများ ပါဝင်ကြောင်း သိရသည်။

"ဥပဒေပြုမှုအာဏာ၊ အုပ်ချုပ်မှုအာဏာနဲ့ တရားစီရင်ရေး အာဏာကို ပြည်သူလူထု ကိုယ်စားလှယ်များက ကျင့်သုံးဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီအချုပ်အခြာ အာဏာကို ကျင့်သုံးတဲ့ လူထုကိုယ်စားလှယ်ကို ပြည်သူ လူထုက ရွေးကောက်ပွဲများနဲ့ ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲများမှာ လူတော်လူကောင်းများ ရွေးချယ်ပေးဖို့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့နဲ့ ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အထူးဖိတ်ခေါ် လိုပါတယ်" ဟု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပြည်တွင်းပြည်ပမှ လူမှုအဖွဲ့အစည်းများအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့သည်။

Eleven Media Group

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လာမည့်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားစဉ်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လာမည့်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားစဉ်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီများ မှန်ကန်စွာ ယှဉ်ပြိုင်ရေးနှင့် မဲရုံအဖွဲ့ဝင်များ ဥပဒေနှင့်အညီ ဆောင်ရွက်ရေးအတွက် လူမှုအဖွဲ့အစည်းများမှ စောင့်ကြည့်သည့် အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဟု မတ် ၁၃ ရက်က ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်တွင်းမှ အရပ်ဘက်လူမှု အဖွဲ့အစည်း ၃၃ ဖွဲ့နှင့် နိုင်ငံတကာမှ လူမှုအဖွဲ့ အစည်း ရှစ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်ချောမောစွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် လူမှုအဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက "ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လူမှုအဖွဲ့အစည်းများ အနေနဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒါကြောင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲရာမှာ လူမှုအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အခန်းကဏ္ဍ တစ်ခန်းကို ထည့်သွင်းရေးဆွဲ ထားပါတယ်။ ဒီနေ့ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကနေ စတင်အကောင်အထည် ဖော်မှာဖြစ်ပြီး ဆွေးနွေးမှုရလဒ်များအပေါ် မူတည်ကာ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ် သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်" ဟု ပြောကြားသည်။

ရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ရာမှာ CSO များရဲ့အားကို ရယူရမှာဖြစ်ပါတယ်။ အထူးသဖြင့် လူထုကို ပညာပေးရာမှာ မဖြစ်မနေ CSO များရဲ့အားကို ရယူမှာဖြစ်ပါတယ်။ မဲစာရင်းပြုစုသူတွေ ပယ်မဲမဖြစ်အောင် ပြုစုနိုင်ရေး၊ ပွင့်လင်းမြင်သာစွာနဲ့ မဲများရေတွက်နိုင်ရေး၊ တရားမဲ့ပြုမှုများ မဖြစ်ပေါ်ရေးနဲ့ မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပွားရေး စတဲ့ကိစ္စတွေမှာ CSO များရဲ့ စွမ်းအားကို ရယူရမှာဖြစ် ပါတယ်... 
"ရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ရာမှာ CSO များရဲ့အားကို ရယူရမှာဖြစ်ပါတယ်။ အထူးသဖြင့် လူထုကို ပညာပေးရာမှာ မဖြစ်မနေ CSO များရဲ့အားကို ရယူမှာဖြစ်ပါတယ်။ မဲစာရင်းပြုစုသူတွေ ပယ်မဲမဖြစ်အောင် ပြုစုနိုင်ရေး၊ ပွင့်လင်းမြင်သာစွာနဲ့ မဲများရေတွက်နိုင်ရေး၊ တရားမဲ့ပြုမှုများ မဖြစ်ပေါ်ရေးနဲ့ မလိုလားအပ်သော ဖြစ်စဉ်များ မဖြစ်ပွားရေး စတဲ့ကိစ္စတွေမှာ CSO များရဲ့ စွမ်းအားကို ရယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပါတီများ မှန်မှန်ကန်ကန်ယှဉ်ပြိုင် ရွေးကောက်ခံရေး၊ မဲရုံအဖွဲ့ဝင်များ ပြဋ္ဌာန်းထားတဲ့ ဥပဒေများနဲ့အညီ ပါဝင်ဆောင်ရွက် ရေးမှာလည်း CSO က စောင့်ကြည့်တဲ့ အဖွဲ့တွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လေ့လာစောင့်ကြည့်တဲ့ အဖွဲ့များအနေနဲ့လည်း မှန်မှန်ကန်ကန် စောင့်ကြည့်နိုင်အောင် ထုတ်ပြန်ထားတဲ့ ဥပဒေများ၊ နည်းဥပဒေများ လက်စွဲစာဆောင်များ၊ ဒါတွေကို လေ့လာထားဖို့ အရေးကြီးပါတယ်" ဟု ဦးတင်အေးက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဟာကွက်မရှိစေဘဲ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခန်း ၁၂ ခန်းပါရှိသော ၂၀၁၄-၂၀၁၈ ငါးနှစ်တာ မဟာဗျူဟာ စီမံကိန်းကို ၂၀၁၃ ခုနှစ် ဇွန်လမှစတင်၍ ရေးဆွဲခဲ့ကြောင်း၊ ထိုသို့ရေးဆွဲရာတွင် အခြားနိုင်ငံများတွင် ရေးဆွဲခဲ့သည့် မဟာဗျူဟာ စီမံကိန်းတွေကို လေ့လာခဲ့သည့်အပြင် ပညာရှင်များကလည်း နည်းပညာများ အကူအညီ ပေးခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရှင်းပြသည်။

၂၀၁၄-၂၀၁၈ ငါးနှစ်တာ မဟာဗျူဟာ စီမံကိန်းတွင် (၁) ဥပဒေရေးရာမူဘောင် (၂) ကော်မရှင်ဖွဲ့စည်းပုံ (၃) လူ့စွမ်းအား အရင်းအမြစ်များ (၄) မဲဆန္ဒရှင် စာရင်းပြုစုခြင်း (၅) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (၆) ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ (၇) ကဏ္ဍစုံမှပါ ၀င်ပတ်သက်သူများနှင့် ဆက်ဆံရေး (၈)ပြည်သူနှင့် မဲဆန္ဒရှင်ပညာပေးခြင်း (၉) အားလုံး ပါဝင်ဆောင်ရွက်ခြင်း (၁၀) နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ (၁၁) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်း (၁၂) မဟာဗျူဟာ ရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်မှု စိစစ်ရေးနှင့် သုံးသပ်ရေး စသည့်အခန်းများ ပါဝင်ကြောင်း သိရသည်။

"ဥပဒေပြုမှုအာဏာ၊ အုပ်ချုပ်မှုအာဏာနဲ့ တရားစီရင်ရေး အာဏာကို ပြည်သူလူထု ကိုယ်စားလှယ်များက ကျင့်သုံးဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီအချုပ်အခြာ အာဏာကို ကျင့်သုံးတဲ့ လူထုကိုယ်စားလှယ်ကို ပြည်သူ လူထုက ရွေးကောက်ပွဲများနဲ့ ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲများမှာ လူတော် လူကောင်းများ ရွေးချယ်ပေးဖို့ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့နဲ့ ကော်မရှင်နဲ့ ပူးပေါင်းဆောင် ရွက် ဖို့ အထူးဖိတ်ခေါ် လိုပါတယ်" ဟု ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပြည် တွင်းပြည်ပမှ လူမှုအဖွဲ့အစည်းများအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပူးပေါင်းဆောင် ရွက် ရန် ဖိတ်ခေါ်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment