Friday 14 March 2014

မန္တလေးတိုင်းဒေသ၀န်ကြီးချုပ်ယာဉ်တန်းကို လုပ်ကြံသူများအား ဆုငွေထုတ် ဖမ်းရန်စီစဉ်

ရန်ကုန်၊ မတ် ၁၃ - မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ယာဉ်တန်းကို ဆွဲမိုင်းဖြင့် တိုက်ခိုက်လုပ်ကြံသူများ ကို ဆုငွေထုတ်ကာ ပြည်သူများ၏အ ကူအညီဖြင့် ဖမ်းဆီးနိုင်ရန်စီစဉ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာ ရှိကြီးတစ်ဦးက ဒီမိုကရေစီတူဒေး သို့ ပြောကြားသည်။

လတ်တလောစုံစမ်းစစ်ဆေးသိ ရှိချက်များအရ ဆွဲမိုင်းဖြင့်တိုက်ခိုက် သည်ဟု မသင်္ကာဖြစ်သူများစာရင်း တွင် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင် တပ်ဖွဲ့တစ် ခုမှဖြစ်နိုင်သည်ဟု ရဲတပ် ဖွဲ့နှင့် စစ်ထောက်လှမ်းရေးတို့ကယူ ဆထား ပြီး ပြစ်မှု ကျူးလွန်သူများကို ဥပဒေအရ အမြန်ဆုံးထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ် ဖွဲ့မှူးရုံးမှရဲအရာရှိကြီးတစ်ဦးက““ပြည် သူတွေအကူအညီကိုယူပြီး အဲဒီလိုလုပ် ကြံတဲ့အဖွဲ့ကိုအပြစ်ပေးရမယ်။ ကျွန် တော်တို့အနေနဲ့ ဘယ်လိုလက်နက် ကိုင်အဖွဲ့အစည်းတွေပဲဖြစ်ပါစေ ။ ပြစ် မှုကျူးလွန်ရင် ဖမ်းပြီးတရားရုံးကိုစွဲ တင်ရမှာပဲ။ ဆုငွေထုတ်ပြီးဖမ်း မယ်။အဓိကကတော့ အခင်းဖြစ်ပွား တဲ့နေ ရာဒေသနဲ့အနီးတ၀ိုက်မှာရှိ တဲ့ပြည် သူတွေ ပြစ်မှုကျူးလွန်သူတွေကိုသိရင် အမြန်ဆုံးသတင်းပေးကြ ဖို့ပါ ။ ဆုငွေ အတိုင်းအတာကတော့ မသတ်မှတ် ရသေးဘူး။ ပြစ်မှုကျူးလွန်တယ် လို့ သင်္ကာ မကင်းဖြစ်တဲ့အဖွဲ့တွေနဲ့ လူ တွေရဲ့အကြောင်းအရာတွေကိုလဲ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းက ရဲ တပ်ဖွဲ့ဝင်တွေ ကို ပို့ထားပြီးပြီ””ဟု ပြော သည်။

အဆိုပါလုပ်ကြံတိုက်ခိုက်ခံရမှု ကို တပ်မတော်မှတာဝန်ရှိ သူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးရှိရဲတပ် ဖွဲ့ဝင်တို့ ပူးပေါင်းဖော် ထုတ်ရန် စီစဉ် ဆောင်ရွက်နေကြောင်း နေပြည်တော် ရှိရဲချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦး၏ကိုယ် ရေးအရာရှိ က““၀န်ကြီးချုပ်တွေရဲ့လမ်း ကြောင်း သွား တဲ့နေရာတွေမှာ လုံခြုံ ရေးကို တင်းတင်းကျပ်ကျပ်ထားသွား ဖို့လိုနေပြီ””ဟု သုံးသပ်ပြောဆို ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်အဖွဲ့ယာဉ်တန်းသည် ဇန်န၀ါ ရီ ၃၁ရက်မွန်းလွဲ ၃နာရီအချိန်တွင် ပြင်ဦးလွင် မိုးကုတ်လမ်းနောင်ချိုမြို့ နယ်၂၉ မိုင် ၄ဖာလုံအရောက်တွင် ဆွဲမိုင်းဖြင့်တိုက်ခိုက်ခံရသောကြောင့် သတင်း မီဒီယာ မှ တစ်ဦး၊ ၀န်ကြီးကိုယ် ရေးအရာရှိတစ်ဦးနှင့် ကင်မရာသမား တစ်ဦးတို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

K M Z [--Democracy today Daily Newspaper--]

No comments:

Post a Comment