Friday 14 March 2014

သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း ပြစ်ဒဏ်အား လျှော့ချကာ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်၍ အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ ဥပဒေအဖြစ် လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန်ပေးပို့ခဲ့သော ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေကြမ်းပါ ပြစ်ဒဏ်အား လျှော့ပေါ့ပေးရန် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်ပေးပို ခဲ့သောေ ကြာင့် လွှတ်တော်မှလည်း နိုင်ငံတော်သမ္မတ၏ သဘောထားအတိုင်း ပြန်လည်ပြင်ဆင် အတည်ပြုခဲ့ သည်။

ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေကြမ်း၌ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော ပုဒ်မ၅(ဈ) တွင်“ နိုင်ငံတော်၏ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အနည်းဆုံး ထောင်ဒဏ်သုံးနှစ်နှင့်အထက် ပြစ်ဒဏ်ထိုက် သည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း” စကားရပ်ပါ ထောင်ဒဏ်နှစ် သတ်မှတ်ချက်ဖြစ်သော “ထောင်ဒဏ်သုံးနှစ် နှင့်အထက်”အား နိုင်ငံတော်သမ္မတက“တစ် နှစ်နှင့်အထက်”ဟု အစားထိုးသင့်ကြောင်း သဘောထား မှတ်ချက်ပေးခဲ့ပြီး လွှတ်တော်မှလည်း အတည်ပြုပေးခဲ့သည်။

ထိုသို့သမ္မတက သဘောထားမှတ်ချက်ပေးရာတွင် ပြစ်မှုအမျိုးအစားအား ပိုမိုကျယ်ပြန့်စွာ ဖော်ပြ သင့်ကြောင်း၊ ပြစ်ဒဏ် အဆင့်သတ်မှတ်ချက်အား ထည့်သွင်းဖော်ပြမည်ဆိုပါက မူလပြစ်ဒဏ်ချမှတ်ချက်ကို ပြည်တွင်းဥပဒေအရ အနည်းဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်နှစ်နှင့် အထက်ဟု သတ်မှတ်သင့်ကြောင်း၊ နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်ရန်လည်း ပြင်ဆင်စေလိုကြောင်းကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

အလားတူ ယင်းသို့ပြစ်ဒဏ်လျှော့ပေါ့ရန်အပြင် အရေးအသားအသုံးအနှုန်းများဖြစ်သည့် လွှတ်တော်၏ အတည်ပြုချက်များ၌ ပါဝင်သော“ပြေစာများ” “စကားရပ်အစား “ငွေပေးအမိန့်လက်မှတ်များ”ဟု လည်းကောင်း၊ “အသက် အာမခံလုပ်ငန်း” စကားရပ်အစား  “အသက်နှင့် အထွေထွေအာမခံလုပ်ငန်း”ဟု လည်းကောင်း၊ “အကြမ်းဖက်ငွေကြေးထောက်ပံ့မှု”စကားရပ်အစား”အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ”ဟု လည်းကောင်း ပြင်ဆင်ရန် သမ္မတက သဘောထား မှတ်ချက်ပေးသည့်အတိုင်း လွှတ်တော်မှပြင်ဆင် အတည်ပြုပေးခဲ့သည်။

Eleven Media Group

No comments:

Post a Comment