Tuesday 4 February 2014

ရေယာဉ်နှင့် တပ်ဖွဲ့ဝင်အင်အား တိုးချဲ့ပြီးပါက ပင်လယ်ပြင်တွင် တရားမ၀င်ကုန်သွယ်မှုများ ဖမ်းဆီးနိုင်မည်ဟုဆို

အစိုးရအဖွဲ့က ဖွဲ့စည်းခွင့်ပြုထားသောရေကြောင်းရဲတပ်ဖွဲ့ သုံးခုနှင့်ရေကြောင်းရဲတပ်ဖွဲ့စု ရှစ်ခုတို့တွင် ရေ ယာဉ်နှင့်တပ်ဖွဲ့ဝင်အင်အားများ တိုးချဲ့ခန့်အပ်ပြီး မိုဘိုင်းအဖွဲ့များအတွက် ထိရောက်သောကာကွယ် မှု ပေးနိုင်ပါကပင်လယ်ပြင်တွင် တရားမ၀င်ကုန်သွယ်မှုများကို ဖမ်းဆီးကာကွယ်နိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ဖေဖော်ဝါရီ ၃ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ဝမ်းတွင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်ကိုယ်စား သာစည်မြို့နယ်၊ ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ် ဦးသန်းစိုးက ဖမ်းဆီးရမိသော တရားမ၀င်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်မည်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ နှစ်ခုပေါင်းကာ လုပ်ဆောင်မှုသည် ထိရောက်မှု ရှိခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာပွင့်ဆန်းက ဖမ်းဆီးရမိသည့် တရားမ၀င်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ စီမံခန့်ခွဲသော အခါ နိုင်ငံ အတွင်းသို့ ပြည်ပမှဖြစ်စေ၊ နိုင်ငံမှ ပြည်ပသို့ဖြစ်စေ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းဖြင့် တင်ပို့ခြင်းတွင် တရားမ၀င်တင်ပို့၊ တင်သွင်းပါက လက်ရှိတည်ဆဲဥပဒေအရ ပို့ကုန်သွင်းကုန်ဥပဒေ၊ ပင်လယ်ရေကြောင်း အကောက်အခွန်ဥပဒေများနှင့် အရေးယူဆောင်ရွက်သည်ဟု ပြောသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအနေနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်း၊ နယ်စပ်ကုန်သွယ်ရေးအသင်း၊ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက် မြို့များတွင်ရှိသော ကုန်သည်အသင်း၊ ကားဂိတ်၊ အဝေးပြေးကုန်စည် ပို့ဆောင်ရေးအသင်း များကို တစ်လကြိုတင် အသိပေးရှင်းလင်းခဲ့ပါကြောင်း၊ မီဒီယာများမှတစ်ဆင့်လည်း အသိပေးခဲ့ပြီး လုပ် ငန်း စတင်သည်ကာလကိုပညာပေးကာလ သတ်မှတ်ခဲ့သည်ဟု ပြောသည်။

သို့သော် ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်း ရှိသော ပင်လယ်ရေကြောင်း ကုန်သွယ်မှု စွမ်းဆောင်နိုင်မှုအပေါ် တန်ဖိုးနှင့် ပတ်သက်၍ ဗဟိုကော်မတီအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် Mobile Team နှင့် စစ်ဆေးရန်သက်ဆိုင်ရာဌာနများကို ညှိနှိုင်းဆဲဖြစ်ပြီး လတ်တလောဝင်ရောက် စစ်ဆေးမှု မရှိသေးပါဟု ၎င်းကပြောသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုအတွက် ပင်လယ်ပြင်တွင် စီးပွား/ကူးသန်းဝန်ကြီးဌာနအနေဖြင့် ပြည် ထဲရေးဝန်ကြီးဌာန နှစ်ခုပေါင်း၍ လုပ်ဆောင်ရာတွင် ထိရောက်မှု ရှိ၊ မရှိနှင့်ပတ်သက်၍ ပင်လယ်ရေ ကြော င်း ကုန်သွယ်မှုအတွက် ပင်လယ်ပြင်အတွင်း ဆောင်ရွက်မှုမရှိသေးသော်လည်း စီးပွား/ ကူးသန်း ၀န်ကြီး ဌာနမှ ၀န်ထမ်းများ ပြည်ထဲရေးဌာနမှ ရေကြောင်း ရဲတပ်ဖွဲ့ဝင်များ၊ အဖွဲ့စုံ ပါဝင်သော Mobile Team များက ရန်ကုန်မြစ်၊ ပင်လယ်ဝနှင့် ကမ်းရိုးတန်းသွား ပြည်တွင်းသင်္ဘော၊ စက်လှေများ ဆိုက်ကပ် ရာတွင် ပြည် တွင်းကမ်းရိုးတန်း ဆိပ်ကမ်းများပါ ပူးပေါင်းဆောင်ရွက်နေပါသည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့များအနေဖြင့် ပင်လယ်ပြင်တွင် ဖမ်းဆီးကာကွယ်ရန်အတွက် စခန်းဖွင့်လှစ်၍ ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း တရားမ၀င်တင်ပို့ ရောင်းချနေသည့် ရေထွက်ပစ္စည်း များနှင့် အခြားပို့ကုန်များကို စိစစ်၍ ငါးဖမ်းစက်လှေများ၊ အအေးခန်းနှင့် စက်ရုံ၊ အလုပ်ရုံများ၊ အခြားယာဉ် မျိုးစုံ အသုံးပြုသော စက်သုံးဆီအပါအ၀င် ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် အခြားသွင်းကုန်များကို စိစစ်တားဆီးထိန်းချူပ်ရေးနှင့် ကမ်းရိုးတန်း သင်္ဘောဆိပ်ကမ်းများကို Mobile Team အဖွဲ့များဖြင့် တရား မ၀င်ကုန်သွယ်မှုကို တားဆီးထိန်းချုပ်ရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့ အပါအ၀င် အဖွဲ့စုံဖြင့် ဆက်လက် တားဆီးထိန်းချုပ်သွားမည်ဟုဒေါက်တာပွင့်ဆန်းက ဖြေကြားခဲ့သည်။

မိုဘိုင်းအဖွဲ့များဖြင့် တရားမ၀င်ကုန်သွယ်မှုများကို ဖမ်းဆီးခဲ့ခြင်းကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ် မှုသည် ယခင်နှစ်ထက်ကန်ဒေါ်လာ ၄ ဒသမ ၄၄၃ ဘီလီယံ၊ နယ်စပ်ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၁၃၁ ဘီလီယံ စုစုပေါင်း ကန်ဒေါ်လာ ၅ ဒသမ ၅၇၄ ဘီလီယံ တိုးတက်လာသည်ဟု ၎င်းကပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment