Tuesday 4 February 2014

လေဆိပ်၌ဒေါ်လာ၅ဝဝအောက်ပစ္စည်းများအခွန်ကောက်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်ရောက်လာသောခရီး သည် ဝန်စည်ပစ္စည်းများအနက် အခွန်ကောက်ခံရန် လိုအပ်သော ဒေါ်လာ ၅ဝဝအောက် တန်ဖိုးရှိ ပစ္စည်းများကို လေဆိပ်၌ အခွန် စည်းကြပ်ကောက်ခံသွားမည်ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒေါ်လာ ၅ဝဝအောက် တန် ဖိုးရှိပစ္စည်းများကို INVOICE/Voucher တင်ပြနိုင်ပါက သင့် လျော်မှုရှိ၊ မရှိ စိစစ်၍သင့်လျော် ပါက INVOICE/Voucher ပါ ဈေးနှုန်းအတိုင်းစည်းကြပ်ကောက် ခံသွား မည်ဖြစ်ကြောင်း၊ INVOICE/Voucher ဈေးနှုန်းသည် စည်းကြပ်ရန် မသင့်ပါကလည်းကောင်း၊ INVOICE/Voucher မပါခဲ့ လျှင်သော် လည်းကောင်း အကောက်ခွန် လုပ်ထုံးလုပ်နည်း နှင့် အညီစည်းကြပ် တန်ဖိုး သတ်မှတ်၍ ကျသင့်ခွန် ကောက်ခံမည် ဖြစ်ကြောင်း၊ ယင်းသို့ စည်းကြပ် ခွန်ကောက်ခံခြင်းဆောင်ရွက်ရာတွင် ဆက်သွယ်ရေးပစ္စည်း၊ဆေးဝါး နှင့်ကန့်သတ်ပိတ်ပင် ပစ္စည်းများ မပါဝင်ကြောင်းသိရသည်။

ဒေါ်လာ ၅ဝဝ နှင့် အထက် ပစ္စည်းများကိုမူ အကောက်ခွန်လုပ် ထုံးလုပ်နည်းနှင့် အညီဆောင်ရွက် သွား မည်ဖြစ်ကြောင်းသိရသည်။

The Union Daily

No comments:

Post a Comment