Tuesday 4 February 2014

ပြည်သူ့ရင်ပြင်ရှေ့တွင်အစပြုရန်ရှာခဲ့သည့်လူငယ်များမှ လမ်းတွင်ကားချင်းလိုက်တိုက်

၃.၂.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန်ခန့်တွင် စမ်းချောင်းမြို့နယ်နေ မောင်ကောင်းမြတ်သည် သူငယ်ချင်း (၂)ဦးနှင့်အတူ ဒဂုံမြို့နယ်၊ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့တွင် ရောက်ရှိအပန်းဖြေနေခဲ့ကြောင်း၊
ထိုစဉ် အမည်မသိလူငယ်တစ်စုမှာရောက်ရှိလာပြီးရန်စကားပြောနေသဖြင့် ပြဿနာဖြစ်မည် စိုး ရိမ်သောကြောင့် ၎င်းမှ ၉ဂ/---- SURF ယာဉ်ဖြင့် လည်းကောင်း၊ သူငယ်ချင်းများမှ ၆င/---- ကာဒီးလက် ယာဉ်ဖြင့် လည်းကောင်း မောင်းနှင်ကာထွက်ခွာသွားမည်ပြုစဉ် အဆိုပါလူငယ်များက အနီး သို့ရောက် လာပြီး သတ်ပစ် မည်၊ ယာဉ်ကိုမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ၎င်းမှ ပြည် လမ်းမှကွေ့ကာ အလုံလမ်းဘက် သို့မောင်းနှင်လာစဉ် အဆိုပါလူငယ်များက ၂ဃ/----ဟာရီယာ ယာဉ်ဖြင့်နောက်မှလိုက်ပါ လာကြကြောင်း၊ အလုံလမ်းတွင် အင်တာနေရှင်နယ် ဟိုတယ်ရှေ့အရောက်၌ အဆိုပါ လူငယ်များ၏ယာဉ်မှ ၎င်း၏ယာဉ် ယာဘက်ဘေးအား တိုက်ပြီး မောင်းနှင်ထွက်ပြေး သွားကြကြောင်း၊ ထိုသို့ တိုက်ခဲ့သဖြင့် ယာဉ်၏ယာ ဘက်ဘေးနှင့်အမိုးတို့ပိန်ချိုင့်ကာမှန်များ ကွဲကြေ ပျက်ဆီး သွားခဲ့ကြောင်း တို့ကို မောင်ကောင်းမြတ် မှ ပြောပြ တိုင်တန်းခဲ့သဖြင့် အဆိုပါလူငယ်တစ်စု အား ဒဂုံမြို့မရဲစခန်း (ပ)၂၄/၂၀၁၄၊ ပုဒ်မ၂၇၉/၄၂၇/၅၀၆/၂၀၂ ဖြင့် အမှုဖွင့် အရေးယူကာ စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment