Tuesday 4 February 2014

2014 MFF Cup ရှုံးထွက်ပြိုင်ပွဲကို ဧပြီလအတွင်း စတင်ကျင်းပရန်လျာထား

2014 MFF Cup ရှုံးထွက်ပြိုင်ပွဲကို ယခုနှစ် ဘောလုံးရာသီတွင် အမှတ်ပေးပွဲစဉ်များနှင့် တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး ဧပြီလအတွင်းကျင်းပရန် လျာထားသည်ဟု မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပ ရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောသည်။

MFF Cup ရှုံးထွက်ပြိုင်ပွဲကို ၂၀၁၁ ဘောလုံးရာသီကတည်းက စတင်ကျင်းပခဲ့ပြီး ယမန်နှစ်များက အမှတ် ပေးပြိုင်ပွဲပြီးဆုံးမှသာ ကျင်းပလေ့ရှိသည်။

“ဒီနှစ်ပြိုင်ပွဲက ထူးခြားပါတယ်။ ကျွန်တော်တို့ အရင်နှစ်တွေက အမှတ်ပေးပွဲပြီးမှ ရှုံးထွက်ပွဲကိုလုပ်ပေမယ့် ဒီနှစ်မှာတော့ အမှတ်ပေးပွဲနဲ့ တစ်ပြိုင်တည်းလုပ်မှာ ဖြစ်သလို ပြိုင်ပွဲပုံစံလည်း ပြောင်းထား ပါ တယ်။ မြန် မာနေရှင်နယ်လိဂ်နဲ့ MNL-2 က အသင်း အားလုံးဝင်ပြိုင်မှာပါ”ဟု ဦးရဲမျိုးဟိန်းက ဆိုသည်။

ယခုနှစ် MFF Cup ပြိုင်ပွဲကို ဆက်သွယ်ရေးကုမ္ပဏီအူရီဒူးမှ အဓိကစပွန်ဆာအဖြစ် ဒေါ်လာငါးသိန်းပံ့ပိုး မည်ဖြစ်ပြီး ပြိုင်ပွဲအမည်ကိုလည်း MFF Oore-doo Cup ဟု ခေါ်ဆိုမည် ဖြစ်သည်။ ပြိုင်ပွဲကို မြန်မာနေရှင် နယ်လိဂ်မှ အသင်း ၁၂ သင်း နှင့် MNL-2 မှ အသင်း ၁၀ သင်းဝင်ပြိုင်မည်ဖြစ်ပြီး ပထမအဆင့်၊ ဒုတိယ အဆင့် နှင့် တတိယအဆင့်ပွဲစဉ်များကို ဧပြီလအတွင်း၊ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဇူလိုင်လ၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို သြဂုတ်လ၊ ဗိုလ်လုပွဲကို စက်တင်ဘာလအတွင်း ကျင်းပရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားသည်။

၂၀၁၁ ခုနှစ်က စတင်ကျင်းပခဲ့သည့် MFF Cup ပြိုင်ပွဲတွင် ဟံသာဝတီယူနိုက်တက်၊ ရန်ကုန်ယူနိုက် တက်နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့က ချန်ပီယံဖြစ်ခဲ့ဖူးသည်။

Mizzima - News in Burmese

No comments:

Post a Comment