Tuesday 4 February 2014

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့လောကမာရ်အောင်စေတီ၏ ထီးတော်တွင်ဒုတိယအကြိမ်ရောင်တော်မြူးနေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသရှမ်းစုရပ်ကွက်ရှိ သစ်ပျံပရိယတ္တိ စာသင်တိုက် လောက မာရ်အောင် စေတီ၏ ထီးတော်တွင် ဇန်န၀ါရီ ၂၃ရက်နေ့ညနေပိုင်းမှစတင်ပြီး ယနေ့တိုင် ရန်ဖန် ရံခါရောင်တော်မြူးနေသဖြင့် ရပ်ဝေးရပ်နီးမှ ပြည်သူများလာရောက်ဖူးမျှော် ကြကြောင်း စေတီတော်ဂေါပက များက ပြောကြသည်။
“ထီးတော်မှာ ရောင်တော်မြူးနေတယ်ဆိုလို့ နှစ်ရက်တိတိသွားကြည့်တာ တကယ်ထူးဆန်းတာ အခုလိုမမြင် ဘူးသေးဘူး”ဟု သစ်ပျံကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဥာဏာဝံသက မိန့်ကြားသည်။

၁၂၇၀ခုနှစ်တွင နန့်ခမ်းရွာအရှေ့မြောက်အရပ်ရှိ ရှမ်းရွာ၏တောင်ဘက် တောအုပ်အတွင်းမှ ည အခါရောင်တော်မြူး သည်ကို တစ်ဆင့်စကားတဆင့်ကြားပြီး ယခင်သစ်ပျံကျောင်းဆရာတော် ဦးသုဇန မှ တောင်ပို့ပျက်နှင့်တူနေသော စေတီတော်ဟောင်းအား တူးဖော်ရာ ရရှိလာသော ဓာတ်တော်၊ ရုပ် ပွားတော်ပေါင်း ၁၀၀ကျော်တို့ကို ယခုစေတီတော်ကြီးတွင် ပြန်လည်ဌာပနာကာတည်ထား ကိုးကွယ် ခဲ့ကြခြင်း လည်းဖြစ်သည်။

၁၃၇၅ခုပြာသိုလဆုတ်၉ရက်နေ့ညနေ၄နာရီတွင် စေတီ၏ ထီးတော်မှ ဓာတ်တော်မြူးခဲ့ကြောင်း ဘုရား သမိုင်း တွင် ဖော်ပြထားသည်။ လောကမာရ်အောင်စေတီသည် ဥာဏ်တော်၈၂ပေ ၆လက် မရှိပြီး စေတီအနီးဇရပ်တွင် တရားထိုင်နေသော ယောဂီ၎ဦးမှ စေတီ၏ထီးတော်တွင် နေရာရွေ့ပြီး အရောင်စုံလင်စွာဖြင့် ကွန့်မြူးနေမှုကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဘုရားဂေါပကဦးတင်ညွန့်က ပြော သည်။

စိုးအောင်(ကချင်)
Credit to..မြန်မာ့ခေတ်

No comments:

Post a Comment