Tuesday 4 February 2014

ယာဉ်တိုက်မှုဖြစ်ပွားသည့် အိန်္ဒိယနိုင်ငံသား ရဲစခန်းတွင် ကိုယ်တိုင်လာရောက်အဖမ်းခံ

လှည်းတန်းဂုံးကျော်တံတားပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် အိန်္ဒိယ နိုင်ငံ သား ကျောင်းသားလူငယ်သည် အခင်းဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက် ညနေမှာပင် ကိုယ်တိုင် လာ ရောက် အဖမ်းခံသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အမှုမှာ ယင်းနေ့ နံနက် ၂ နာရီက ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင်သည့် ယာဉ်အမှတ် ၉/---- ဟွန်ဒါဖစ်အနက်ရောင် ကိုယ်ပိုင်ယာဉ်သည် လှည်းတန်း ဂုံးကျော်တံတားပေါ်တွင် အရှိန်လွန်ပြီး ယာဘက်တံတားဘောင်အား ၀င်တိုက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ယာဉ်ပျက်စီးသွားသည့်အတွက် ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး မြို့နယ်ယာဉ် ထိန်းတပ်ဖွဲ့၏ တိုင်တန်းမှုကြောင့် ကမာရွတ်ရဲစခန်းက (ပ)၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၂၀၂ဖြင့် နံနက် ၄ နာရီကျော်အချိန်တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ညနေ ၃ နာရီခွဲအချိန်တွင် လှိုင်မြို့နယ် (၁၁)ရပ်ကွက်၊ ရွှေဟင်္သာကွန်ဒို၊ တိုက်(ဘီ)တွင် နေထိုင် သည့် အိနိ္ဒယနိုင်ငံသား Venkatesx Maxeshwar (၁၉)နှစ်၊ ကျောင်းသား (MISY အထက်တန်း ကျောင်း၊ ရန်ကင်းမြို့နယ်) နေသူမှာ အဆိုပါ ယာဉ်တိုက်မှုအတွက် ရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သည် ဟု ရဲတပ်ဖွဲ့ က ဆိုသည်။

ထို့ပြင် ၎င်းမောင်းနှင်သောကားမှာ ပိုင်ရှင်ဒေါ်မြင့်မြင့်လှ (၅၅)နှစ်၊FMI CITY၊ လှိုင်သာယာမြို့နယ်နေသူ ထံမှ ငှားရမ်းမောင်းနှင်ခဲ့ပြီး ရန်ကုန်မြို့တွင်း လာရောက်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင်း ရဲတပ်ဖွဲ့ က စစ်ဆေးတွေ့ရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment