Tuesday 4 February 2014

ဝန်ကြီးချုပ်ပြုတ်ကျသည်အထိ ဆန္ဒပြပွဲများ ဆက်လက်ဆင်နွှဲသွားမည်

ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက ၀န်ကြီးချုပ်ယင်လပ် ရာထူးမှ နုတ်ထွက်ရေးအတွက် လမ်းပေါ် ထွက် ဆန္ဒပြမှုများကို ဆက်လက်ဆင်နွှဲသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်ဟု ဖေဖော် ၀ါရီ ၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရာနှင့်ချီသော ဆန္ဒပြသူများက မြို့တော်ဘန်ကောက်တွင် ဖေဖော်ဝါရီ ၃ ရက်၌ ဆန္ဒပြပွဲများကို ပြန်လည် စတင်လိုက်ပြီး၊ အစိုးရဖြုတ်ချရေးအတွက် သုံးလကြာ လှုပ်ရှားမှုများကို ဖော်ဆောင်ရန် ပြည်သူများထံမှ ရန်ပုံငွေနှင့် ထောက်ခံမှုများကိုလည်း ရယူနေသည်။

ထိုင်းနိုင်ငံတွင် အတိုက်အခံ ဆန္ဒပြသမားများက ဖေဖော်ဝါရီ ၂ ရက်တွင် ထောင်ပေါင်းများစွာသော မဲရုံ များ၌ မဲပေးမှုများမပြုလုပ်ရန် တားမြစ်ခဲ့မှုကြောင့် ဘန်ကောက်မြို့တွင် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မကျေနပ် မှုများ ဖြစ်ပေါ်ခဲ့သည်။

ဝန်ကြီးချုပ်ယင်လပ်၏ အစိုးရအဖွဲ့အား ဆင်းပေးရန် ရည်ရွယ်ပြုလုပ်သော လမ်းပေါ်ထွက် ဆန္ဒပြမှုများ ရက်သတ္တပတ်များစွာ ကြာရှိနေသော်ငြားလည်း ရွေးကောက်ပွဲတွင် ယင်လပ်ပင် အနိုင်ရရှိမည်ဟု မျှော် မှန်းထားကြသည်။ ဆန္ဒပြစခန်းအချို့ကို ဖျက်သိမ်းသွားမည်ဖြစ်သော်လည်း၊ မြို့တော် ဘန်ကောက်ကို ပိတ်ဆို့ထားခြင်းအား ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ယင်းဆန္ဒပြသူများက ဆိုသည်။

“ရွေးကောက်ပွဲက တရားမ၀င်ပါဘူးဆိုတာ ထင်ရှားပါတယ်” ဟု ဆန္ဒပြသူများ၏ ပြောခွင့်ရပုဂ်္ဂိုလ် အက် ခါနက် ပရွန်ဖမ်က ပြောသည်။

ဥပဒေပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် ရွေးကောက်ပွဲကို ဖျက်သိမ်းပစ်နိုင်ရန် အထောက်အထား များကို စုဆောင်းလျက်ရှိကြောင်း မဲပေးမှုကို ဆန္ဒပြခဲ့သည့် အဓိက အတိုက်အခံ ဒီမိုကရက်တစ် ပါတီ က ပြောကြားသည်။

၂၀၀၆ ခုနှစ်က အာဏာသိမ်းမှုဖြင့် ယင်လပ်၏ အစ်ကိုဖြစ်သူသက်ဆင် ၀န်ကြီးချုပ်ရာထူးမှ ဖြုတ်ချခြင်း ခံခဲ့ရသည့်အထိ ဖြစ်ပေါ်စေခဲ့သော နိုင်ငံရေးရာ မငြိမ်သက်မှုများကို ရွေးကောက်ပွဲ မဲပေးမှုဖြင့် အဆုံး သတ်နိုင်ရန်မှာ မလွယ်ကူလှပေ။

ဝန်ကြီးချုပ်ယင်လပ်သည် ရာထူးမှ ဖြုတ်ချခံရသည့် ၎င်း၏အစ်ကိုဖြစ်သူ သက်ဆင်၏ ကြိုးဆွဲရုပ် တစ်ရုပ် သာဖြစ်ကြောင်း အတိုက်အခံများက ပြောကြားသည်။ သက်ဆင်သည် အကျင့်ပျက်ခြစားမှု ပြစ်မှု ကို ရှောင်ရှားရန်အတွက် ဒူဘိုင်းတွင် နေထိုင်လျက် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment