Friday 13 September 2013

ရဲတပ်ဖွဲ့ဝင်များ နိုင်ငံတကာ အဆင့်မီရေး ICRC ကူညီမည်

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အရည်အသွေးမြှင့် တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့စံနှုန်းများအတိုင်း အသိအမှတ်ပြုခံရေး တို့အတွက် မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် Mr.Jurg Montani က ပြောကြားသည်။ အဆိုပါ အကြောင်းအရာကို စက်တင်ဘာလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပသော ရဲတပ်ဖွဲ့ဝင်များ နိုင်ငံတကာ အဆင့်မီရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခြင်းဖြစ်ပြီး ယင်းသင်တန်းကို အရာရှိအဆင့် ရဲဝန်ထမ်း ၂၃ ဦး တက်ရောက် ခဲ့သည်။

“အဓိက ရည်ရွယ်တာက ရဲဝန်ထမ်းတွေအားလုံး နိုင်ငံတကာ စံနှုန်းတွေကို နားလည်ပြီး လက်တွေ့ အသုံးချတတ်ဖို့ပါ။ အထူးသဖြင့် အများပြည်သူဆိုင်ရာ ကြေညာချက် ထုတ်ပြန်ရမည့် အခြေအနေမှာ ဒီစံနှုန်းအတိုင်း သုံးဖို့ပါပဲ” ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြောကြားသည်။ နိုင်ငံတကာ ကြက်ခြေနီကော်မတီသည် ကမ္ဘာတစ်ဝန်းမှ ရဲတပ်ဖွဲ့ဝင်များအတွက် တရားဥပဒေ ခိုင်မာရေးဆိုင်ရာ သင်တန်းများ လိုက်လံပို့ချပေးလျက်ရှိပြီး ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ICRC က မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ပို့ချခြင်းဖြစ်ကြောင်း၊ ယင်းဆွေးနွေးပွဲ ကာလ အတွင်း ရဲတပ်ဖွဲ့အင်အား အသုံးပြုပုံပြုနည်း၊ လူထုအတွက် ညွှန်ကြားချက် ထုတ်ပြန်မှုပိုင်းဆိုင်ရာ စီမံ ခန့်ခွဲခြင်း၊ လူစုလူဝေးများကို ထိန်းချုပ်နည်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း ICRC ထုတ်ပြန်ချက်အရ သိရသည်။

 ICRC သည် မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်ကတည်းက လူသားချင်းဆိုင်ရာ ပံ့ပိုးမှုများ ကူညီပေးထားပြီး ယခုနှစ်ဆန်းပိုင်းတွင် အကျဉ်းဦးစီးဌာနနှင့် ပူးတွဲစီမံချက်များ ပြုလုပ်ခဲ့ကြောင်း ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment