Friday 13 September 2013

ကမ္ဘာ့ အမြင့်ဆုံး လေဆိပ်အား တရုတ် နိုင်ငံတွင် ယခု လအတွင်း စတင် ဖွင့်လှစ်မည်

Photo: ကမ္ဘာ့ အမြင့်ဆုံး လေဆိပ်အား တရုတ် နိုင်ငံတွင် ယခု လအတွင်း စတင် ဖွင့်လှစ်မည်
Friday, September 13, 2013

ကမ္ဘာ့ အမြင့်ဆုံး အရပ်ဘက်သုံး လေဆိပ်တစ်ခုကို တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ တိဘက် ဒေသ၌ စက်တင်ဘာ ၁၆ ရက်မှ၊ စတင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ အရာရှိများက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြား ထားသည်။

အဆိုပါ လေဆိပ်သည် ပင်လယ် ရေမျက်နှာပြင် အထက် ၄၄၁၁ မီတာ တွင်ရှိသော တောင်းချွမ်ယာတင်း စီရင်စုအတွင်း၌ တည်ရှိပြီး ယင်းလေဆိပ်သည် စီရင်စုနှင့် ပြည်နယ် ဆိုင်ရာ မြို့တော်ဖြစ်သော ချန်ဒူးမြို့တော် အကြား ခရီး သွားချိန်ကို များစွာလျော့ ကျစေ မည် ဖြစ်ကြောင်း၊ ဘတ်စကားနှင့် သွားလျှင် နှစ်ရက်ကြာသည့် ခရီးစဉ်ကို လေကြောင်းဖြင့် ၆၅ မိနစ်အတွင်း ရောက်ရှိမည် ဖြစ်၍ များစွာ အချိန်ကုန် သက်သာကြောင်း ဒေသတွင်း ခရီးသွား အစိုးရဌာန တစ်ခု၏ ပြောကြားချက် အရ သိရသည်။ ၎င်းလေဆိပ်သစ်သည်၊ လက်ရှိ အမြင့်ဆုံး စံချိန် တင်ထားသော ပန်ဒါလေဆိပ်ကို ကျော်တက်သွားမည်ဖြစ်ကြောင်း၊ ပန်ဒါ လေဆိပ်သည် တိဘက် ဒေသ၌ တည်ရှိပြီး ရေမျက်နှာ ပြင်အထက် ၄၃၃၄ မီတာရှိလေ သည်။

ယခု ဖွင့်လှစ်မည့် လေဆိပ်သည် ဟိမ၀န္တာ ဒေသ အတွင်းရှိ ဆဋ္ဌမမြောက် လေဆိပ် ဖြစ်လာ မည်ဖြစ်ပြီး အစောပိုင်းတွင် ချန်ဒူးမြို့မှ၊ နေ့စဉ် ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ ခရီးစဉ် တစ်ကြောင်း တည်းအတွက်၊ လေယာဉ် လက်မှတ်ခမှာ ယွမ် ၁၆၀၀ ကုန်ကျမည်ဖြစ်ကြောင်း ဆင်ဟွာ သတင်း ဌာနက ထုတ်ပြန် ကြေညာ ထားသည်။

မြ၀တီ
ကမ္ဘာ့ အမြင့်ဆုံး အရပ်ဘက်သုံး လေဆိပ်တစ်ခုကို တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ တိဘက် ဒေသ၌ စက်တင်ဘာ ၁၆ ရက်မှ၊ စတင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ အရာရှိများက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြား ထားသည်။
အဆိုပါ လေဆိပ်သည် ပင်လယ် ရေမျက်နှာပြင် အထက် ၄၄၁၁ မီတာ တွင်ရှိသော တောင်းချွမ်ယာတင်း စီရင်စုအတွင်း၌ တည်ရှိပြီး ယင်းလေဆိပ်သည် စီရင်စုနှင့် ပြည်နယ် ဆိုင်ရာ မြို့တော်ဖြစ်သော ချန်ဒူးမြို့တော် အကြား ခရီး သွားချိန်ကို များစွာလျော့ ကျစေ မည် ဖြစ်ကြောင်း၊ ဘတ်စကားနှင့် သွားလျှင် နှစ်ရက်ကြာသည့် ခရီးစဉ်ကို လေကြောင်းဖြင့် ၆၅ မိနစ်အတွင်း ရောက်ရှိမည် ဖြစ်၍ များစွာ အချိန်ကုန် သက်သာကြောင်း ဒေသတွင်း ခရီးသွား အစိုးရဌာန တစ်ခု၏ ပြောကြားချက် အရ သိရသည်။ ၎င်းလေဆိပ်သစ်သည်၊ လက်ရှိ အမြင့်ဆုံး စံချိန် တင်ထားသော ပန်ဒါလေဆိပ်ကို ကျော်တက်သွား မည်ဖြစ်ကြောင်း၊ ပန်ဒါ လေဆိပ်သည် တိဘက် ဒေသ၌ တည်ရှိပြီး ရေမျက်နှာ ပြင်အထက် ၄၃၃၄ မီတာရှိလေ သည်။

ယခု ဖွင့်လှစ်မည့် လေဆိပ်သည် ဟိမ၀န္တာ ဒေသ အတွင်းရှိ ဆဋ္ဌမမြောက် လေဆိပ် ဖြစ်လာ မည်ဖြစ်ပြီး အစောပိုင်းတွင် ချန်ဒူးမြို့မှ၊ နေ့စဉ်ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ ခရီးစဉ်တစ်ကြောင်းတည်း အတွက်၊ လေ ယာဉ် လက်မှတ်ခမှာ ယွမ် ၁၆၀၀ ကုန်ကျမည်ဖြစ်ကြောင်း ဆင်ဟွာ သတင်း ဌာနက ထုတ်ပြန် ကြေညာ ထားသည်။

မြ၀တီ

No comments:

Post a Comment