Friday 13 September 2013

ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား မလွဲမသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား မလွဲမသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Friday, September 13, 2013

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့်အတွက် မလွဲမသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း ပိုလန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၂ ရက် ည ၈ နာရီ ၃၀ မိနစ် (ဒေသစံတော်ချိန် ညနေ ၄ နာရီ) ၀ါဆော တက္ကသိုလ်၌ ပြုလုပ်ခဲ့သော Politics and Education (နိုင်ငံရေးနှင့် ပညာရေး) ခေါင်းစဉ်ဖြင့် ပို့ချချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ရွေးချယ်စရာ အခွင့်အလမ်း မရှိပါက ဒီမိုကရေစီ၏ အနှစ်သာရများ လည်း ပျောက်ဆုံးမည် ဖြစ်ကြောင်း၊ လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေသည် အဆိုပါ ရွေးချယ်ခွင့်များအား ကန့်သတ်ထားသဖြင့် ပိုမိုကျယ်ပြန့် သည့် ရွေးချယ်ခွင့်များ ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် နိုင်ငံခေါင်းဆောင် တင်မြှောက်ရာတွင် ရွေးချယ်စရာ နည်းပါးနေခြင်းက ဒီမိုကရေစီ၏ အနှစ်သာရကို ထိခိုက်စေကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြား သည်။

ဆက်လက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံရေး၌ တပ်မတော် က ပါဝင်ချုပ်ကိုင်မှုများ ပြုလုပ်နိုင်ရန် ခွင့်ပြုထားသည် ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အရပ်သား အစိုးရ တက်လာခဲ့သော်လည်း ယခင်တပ်မတော် အစိုးရအဖွဲ့ ပါဝင်ခဲ့သူများဖြင့် လက်ရှိအစိုးရကို ဖွဲ့စည်း ထားခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

''ဒီမိုကရေစီဆိုတာ လွတ်လပ်တဲ့ ရွေးချယ်မှုမရှိရင် အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမဲ့ အသိပညာ မကြွယ်ဝတဲ့သူ တစ်ဦးရဲ့ ရွေးချယ်မှုဟာ ကောင်းမွန် တဲ့ ရွေးချယ်မှုတစ်ခု မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖို့ လိုပါတယ်။ တစ်ချိန်က ရန်ကုန် တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံး တက္ကသိုလ်တစ်ခုပါ။ အခုချိန်မှာတော့ အညံ့ဆုံး ဖြစ်နေပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တက္ကသိုလ် အများစုဟာလည်း ဘွဲ့လွန်အဆင့် မရှိကြပါဘူး။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ တပ်မတော် အစိုးရလက်ထက်မှာ ပြည်သူတွေကို အသိပညာ ဖွံ့ဖြိုးစေမယ့် အစား ထိန်းချုပ်မှုတွေ လုပ်ခဲ့လို့ပါပဲ'' ဟု ၀ါဆောတက္ကသိုလ် တွင် လာရောက်နားထောင်သော ကျောင်းသားများ အား ဒေါ်အောင်ဆန်း စုကြည်က ရှင်းလင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ထိန်းချုပ်ရခြင်းသည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနှင့် တိုက်ရိုက်သက်ဆိုင်ကြောင်း၊ ရှစ်လေးလုံး လူထုအုံကြွမှု သည် တက္ကသိုလ် ကျောင်းသားများထံမှပင် စတင်ခဲ့ကြောင်း၊ ထို့ အတွက်ကြောင့် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲ များ ဖြစ်ပေါ် လာမည်ကို တပ်မတော်အစိုးရက စိုးရိမ်ခဲ့ကြောင်း ၎င်းက ပြောသည်။

''ကျောင်းသားတွေ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားတွေ ကနေ ပြောင်းလဲမှုတစ်ခုကို ဦးဆောင်တယ်ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ သမိုင်းတစ်လျှောက်မှာ ကျောင်းသားတွေ ကနေ ပြောင်းလဲမှုတွေကို ဦးဆောင်ခဲ့တာတွေ အများကြီး တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ဟာ အရင်က လွတ်လပ်ခွင့်တွေကို ဆုံးရှုံးနေပါတယ်။ တကယ်ဆိုရင် အစိုးရတစ်ရပ်အနေနဲ့ ဆန္ဒပြပွဲတွေကို ကြောက်ရွံ့စရာ မလိုပါဘူး။ ကျွန်မ ပိုလန်လွှတ်တော်ကို လာတဲ့အချိန်မှာတောင် ဆန္ဒပြပွဲတစ်ခုကို ကြုံခဲ့ရပါသေးတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ မေးရာတွင် ပြန်လည် ဖြေကြားရာ၌ ''မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ကျွန်မတစ်ဦးတည်း ဖြေရှင်းလို့ မရပါဘူး။ တရားဥပဒေ စိုးမိုးရေးကို စနစ်တကျ တည်ဆောက်ဖို့ အရေးကြီး ပါတယ်။ ပြည်သူတွေ ကြားမှာလည်း ၉၆၉ လှုပ်ရှားမှုကို စိုးရိမ်မကင်း နဲ့ စောင့်ကြည့် နေသူတွေ ရှိပါတယ်'' ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဥရောပသုံးနိုင်ငံ ခရီးစဉ်၏ ပထမဆုံး နေ့ဖြစ်သည့် စက်တင်ဘာ ၁၁ ရက် တွင် ဒေါ်အောင်ဆန်းစုကြည်သည် အောက်လွှတ်တော်ဥက္ကဋ္ဌ Ewa Kopacz နှင့်အတူ လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ပိုလန် အထက် လွှတ်တော်ဥက္ကဋ္ဌ Bogan Borusewicz နှင့် တွေ့ဆုံခဲ့ပြီး ည ၇ နာရီတွင် ပိုလန်ဝန်ကြီးချုပ် Donald Tusk တက်ရောက်သည့် လွှတ်တော်က တည်ခင်းဧည့်ခံသော ညစာစားပွဲ တက်ရောက်ခဲ့သည်။ စက်တင်ဘာ ၁၂ ရက်တွင် ပိုလန်သမ္မတ၊ ၀န်ကြီးချုပ်၊ သမ္မတဟောင်းနှင့် နိုဗယ်ဆုရှင် တစ်ဦး ဖြစ်သူ Lech Walesa တို့နှင့် တွေ့ဆုံခဲ့ပြီး Warsaw တက္ကသိုလ် စာကြည့်တိုက်ဟောင်း၌ Politics and Education (နိုင်ငံရေးနှင့် ပညာရေး) ခေါင်းစဉ်ဖြင့် ကျောင်းသား များအား ပို့ချခဲ့ခြင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၃ ရက်တွင် ဟန်ဂေရီနှင့် ချက်ပြည်သူ့သမ္မတ နိုင်ငံများသို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။

Eleven Media Group
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ စံနှုန်းအားလုံးနှင့် ဆန့်ကျင်နေသည့်အတွက် မလွဲ မသွေ ပြင်ဆင်ရန် လိုအပ်ကြောင်း ပိုလန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က စက်တင် ဘာ ၁၂ ရက် ည ၈ နာရီ ၃၀ မိနစ် (ဒေသစံတော်ချိန် ညနေ ၄ နာရီ) ၀ါဆော တက္ကသိုလ်၌ ပြုလုပ်ခဲ့သော Politics and Education (နိုင်ငံရေးနှင့် ပညာရေး) ခေါင်းစဉ်ဖြင့် ပို့ချချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
ရွေးချယ်စရာ အခွင့်အလမ်းမရှိပါက ဒီမိုကရေစီ၏ အနှစ်သာရများလည်း ပျောက်ဆုံးမည် ဖြစ်ကြောင်း၊ လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေသည် အဆိုပါ ရွေးချယ်ခွင့်များအား ကန့်သတ်ထားသဖြင့် ပိုမိုကျယ်ပြန့် သည့် ရွေးချယ်ခွင့်များ ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားဒေသများ၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် နိုင်ငံခေါင်းဆောင် တင်မြှောက်ရာတွင် ရွေးချယ်စရာ နည်းပါးနေခြင်းက ဒီမိုကရေစီ၏ အနှစ်သာရကို ထိခိုက်စေကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြား သည်။

ဆက်လက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံရေး၌ တပ်မတော် က ပါဝင်ချုပ်ကိုင်မှု များ ပြုလုပ်နိုင်ရန် ခွင့်ပြုထားသည် ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ ထို့အပြင် ၂၀၁၀ ရွေးကောက် ပွဲ အပြီးတွင် အရပ်သား အစိုးရ တက်လာခဲ့သော်လည်း ယခင်တပ်မတော် အစိုးရအဖွဲ့ ပါဝင်ခဲ့သူ များဖြင့် လက်ရှိအစိုးရကို ဖွဲ့စည်း ထားခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

''ဒီမိုကရေစီဆိုတာ လွတ်လပ်တဲ့ ရွေးချယ်မှုမရှိရင် အဓိပ္ပာယ်မရှိပါဘူး။ ဒါပေမဲ့ အသိပညာ မကြွယ်ဝတဲ့သူ တစ်ဦးရဲ့ ရွေးချယ်မှုဟာ ကောင်းမွန် တဲ့ ရွေးချယ်မှုတစ်ခု မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ မြန်မာနိုင်ငံ ရဲ့ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖို့ လိုပါတယ်။ တစ်ချိန်က ရန်ကုန် တက္ကသိုလ်ဟာ အရှေ့တောင် အာရှ မှာ အကောင်းဆုံး တက္ကသိုလ်တစ်ခုပါ။ အခုချိန်မှာတော့ အညံ့ဆုံး ဖြစ်နေပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံ ရဲ့ တက္ကသိုလ် အများစုဟာလည်း ဘွဲ့လွန်အဆင့် မရှိကြပါဘူး။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ တပ်မတော် အစိုးရ လက် ထက်မှာ ပြည်သူတွေကို အသိပညာ ဖွံ့ဖြိုးစေမယ့် အစား ထိန်းချုပ်မှုတွေ လုပ်ခဲ့လို့ ပါပဲ'' ဟု ၀ါဆောတက္ကသိုလ် တွင် လာရောက်နားထောင်သော ကျောင်းသားများ အား ဒေါ်အောင်ဆန်း စုကြည်က ရှင်းလင်း ပြောကြားခဲ့သည်။

ထိုကဲ့သို့ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို ထိန်းချုပ်ရခြင်းသည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနှင့် တိုက်ရိုက် သက်ဆိုင်ကြောင်း၊ ရှစ်လေးလုံး လူထုအုံကြွမှုသည် တက္ကသိုလ် ကျောင်းသားများထံမှပင် စတင်ခဲ့ကြောင်း၊ ထို့ အတွက်ကြောင့် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပေါ် လာမည်ကို တပ်မတော် အစိုးရက စိုးရိမ်ခဲ့ကြောင်း ၎င်းက ပြောသည်။

''ကျောင်းသားတွေ အထူးသဖြင့် တက္ကသိုလ် ကျောင်းသားတွေ ကနေ ပြောင်းလဲမှုတစ်ခုကို ဦးဆောင်တယ် ဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ သမိုင်းတစ်လျှောက်မှာ ကျောင်းသားတွေ ကနေ ပြောင်းလဲမှုတွေကို ဦးဆောင်ခဲ့တာတွေ အများကြီး တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ရန်ကုန်တက္ကသိုလ်ဟာ အရင်က လွတ်လပ် ခွင့်တွေ ကို ဆုံးရှုံးနေပါတယ်။ တကယ်ဆိုရင် အစိုးရတစ်ရပ်အနေနဲ့ ဆန္ဒပြပွဲတွေကို ကြောက်ရွံ့စရာ မလိုပါဘူး။ ကျွန်မ ပိုလန်လွှတ်တော်ကို လာတဲ့အချိန်မှာတောင် ဆန္ဒပြပွဲတစ်ခုကို ကြုံခဲ့ရပါသေးတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက် ၍ မေး ရာ တွင် ပြန်လည် ဖြေကြားရာ၌ ''မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ကျွန်မတစ်ဦး တည်း ဖြေရှင်း လို့ မရပါဘူး။ တရားဥပဒေ စိုးမိုးရေးကို စနစ်တကျ တည်ဆောက်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေ ကြားမှာလည်း ၉၆၉ လှုပ်ရှားမှုကို စိုးရိမ်မကင်း နဲ့ စောင့်ကြည့် နေသူတွေ ရှိပါတယ်'' ဟု ပြန် လည် ဖြေ ကြား ခဲ့ သည်။

ဥရောပသုံးနိုင်ငံ ခရီးစဉ်၏ ပထမဆုံး နေ့ဖြစ်သည့် စက်တင်ဘာ ၁၁ ရက် တွင် ဒေါ်အောင်ဆန်း စုကြည်သည် အောက်လွှတ်တော်ဥက္ကဋ္ဌ Ewa Kopacz နှင့်အတူ လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့သည်။ ထို့ပြင် ပိုလန် အထက် လွှတ်တော်ဥက္ကဋ္ဌ Bogan Borusewicz နှင့် တွေ့ဆုံခဲ့ပြီး ည ၇ နာရီတွင် ပိုလန်ဝန်ကြီးချုပ် Donald Tusk တက်ရောက်သည့် လွှတ်တော်က တည်ခင်းဧည့်ခံသော ညစာစားပွဲ တက်ရောက်ခဲ့သည်။ စက်တင်ဘာ ၁၂ ရက်တွင် ပိုလန်သမ္မတ၊ ၀န်ကြီးချုပ်၊ သမ္မတဟောင်းနှင့် နိုဗယ် ဆုရှင် တစ်ဦး ဖြစ်သူ Lech Walesa တို့နှင့် တွေ့ဆုံခဲ့ပြီး Warsaw တက္ကသိုလ် စာကြည့်တိုက်ဟောင်း၌ Politics and Education (နိုင်ငံရေးနှင့် ပညာရေး) ခေါင်းစဉ်ဖြင့် ကျောင်းသား များအား ပို့ချခဲ့ခြင်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၃ ရက်တွင် ဟန်ဂေရီနှင့် ချက်ပြည်သူ့ သမ္မတ နိုင်ငံ များသို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment