Friday 13 September 2013

အိန္ဒိယနှင့်ပါကစ္စတန်တပ်ဖွဲ့များ ကက်ရှ်မီးယား၌ အပြန်အလှန်ပစ်ခတ်

အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသ၏ ထိန်းချုပ်ရေးမျဉ်း ကြောင်းရှိ ကင်းစခန်းများကို အိန္ဒိယနှင့် ပါကစ္စတန် တပ်ဖွဲ့ များက စက်တင်ဘာ ၁၁ရက်တွင် အပြန်အလှန်ပစ်ခတ်ခဲ့ ကြကြောင်း စက်တင်ဘာ ၁၂ရက် သတင်းတွင် ဖော်ပြသည်။

ဆရီနဂါးမြို့ အနောက်တောင်ဘက် ၁၈၅ကီလိုမီတာ အကွာ လူးနားခရိုင် မင်ဒဟာနယ်မြေတွင် စက်တင်ဘာ ၁၁ရက် မွန်းလွဲပိုင်းက အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်ကို ချိုးဖောက်ကာ အိန္ဒိယနှင့် ပါကစ္စတန်တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း သတင်းတွင် ဖော်ပြ သည်။
ပါကစ္စတန်တပ်ဖွဲ့က အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်ကိုချိုးဖောက်ကာ မွန်းလွဲ ၁၂နာရီခွဲတွင် မင်ဒဟာ ဒေသ၌ မိမိတို့ဘက်ကို ပစ်ခတ်ကြောင်း၊ မိမိတို့ဘက်ကလည်း လက်တုံ့ပြန်၍ ပြန်လည် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဂျမူး ဒေသရှိ အိန္ဒိယစစ်ဘက်ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများမှာ တစ်နာရီ ကျော်ကြာမြင့်ခဲ့သည်။ ပါကစ္စတန်စစ်ဘက်က လက်နက် ငယ် များနှင့် လက်ပစ်ဗုံးများအသုံးပြုကာ ပစ်ခတ်ခဲ့သည်။

ဆင်ဟွာ။

No comments:

Post a Comment