Friday 13 September 2013

ရွှေမှော်များတွင် KIA မှ ဆက်ကြေးငွေအစား ရိက္ခာများ လိုက် လံကောက်ခံ နေမှုကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာမှာ ကို ဒေသခံများ စိုးရိမ်ပူပန် လျက်ရှိ

Photo: ရွှေမှော်များတွင် KIA မှ ဆက်ကြေးငွေအစား ရိက္ခာများ လိုက် လံကောက်ခံ နေမှုကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာမှာ ကို ဒေသခံများ စိုးရိမ်ပူပန် လျက်ရှိ
Friday, September 13, 2013

ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အင်ခါဂါးကျေးရွာ အနီးတွင် သြဂုတ်နောက် ဆုံးပတ်က နယ်မြေခံ အစိုးရ စစ်ကြောင်းနှင့် KIA တို့တိုက်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်းတွင် စက်တင်ဘာ ပထမပတ်မှစ၍ KIA မှ ရွှေမှော်များတွင် ယခင် ကောက်ခံနေကြ ဆက်ကြေးငွေအစား ဆန်၊ဆီ၊ဆားများကို လိုက်လံ ကောက်ခံပြီး ရိက္ခာများ ကြိုတင် စုဆောင်းနေမှုကြောင့် အစိုးရတပ်များနှင့် တိုက်ပွဲ များ ပြန်လည်ဖြစ်ပွား လာမှာကို ဒေသခံများ က စိုးရိမ်ပူပန်လျက်ရှိနေ ကြကြောင်း သတင်းရရှိသည်။

ဝိုင်းမော်မြို့ခံတစ်ဦးက “ ဒီတစ်ပတ် နှစ်ပတ်အတွင်း ရွှေမှော်ထဲက အဖွဲ့တွေ ဆန်တွေလာဝယ်တာတွေ့တယ်၊ အချို့ကလည်း ဆီပုံးလိုက်၊ ဆားအိတ် လိုက် ၀ယ်သွားကြတယ်၊ နန်ဆန်ယန်တစ်ဝိုက်မှာ ရွှေတူးနေတဲ့ ကုမ္ပဏီ တွေ အများ ဆုံးလာဝယ်တာ၊ အခါတိုင်းဆို ဒီမြို့ပေါ်က ဈေး သည်တွေ က အဲဒီမှော်ထဲကို သွားရောင်းတာလေ၊ ကြားရတဲ့ သတင်းကတော့ KIA အဖွဲ့ကိုပေးရတာလို့ ပြောကြတာပဲ ” ဟု ပြောပြခဲ့ပါသည်။

မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း ဆန်နှင့်ဆီ ဆိုင်များသို့ ပုံမှန်ထက် ရွာနှင့် မှော်ထဲမှ ဒေသခံများမှ လာရောက် ၀ယ်ယူ နေကြကြောင်း၊ ၎င်းဆန်နှင့်ဆီများကို KIA အဖွဲ့အား ဆက်ကြေးငွေ အစား ပေးရခြင်းဖြစ်ကြောင်း၊ KIA မှ ရွှေလုပ်ငန်းရှင်များနှင့် ဒေသခံများ ဆီမှ ကောက်ခံရရှိသော ဆန်၊ ဆီ နှင့် ဆားများကို ဗဟိုဌာနချုပ် လိုင်ဇာနှင့် လိုင်စင်ပို့စ်စခန်းများသို့ သယ်ယူလျက်ရှိကြောင်း ယင်းနန်ဆန်ယန်ချောင်း တစ်ဝိုက်ရှိ ရွှေတူးဖော်နေသူ ဒေသခံများထံမှ သိရှိရသည်။

“ဟိုတစ်လောက KIA နဲ့အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းမှာ အခုလို ဆန်နဲ့ဆီတွေ ချက်ချင်းဆိုသလို လိုက်လံစုဆောင်းနေတာ သာမန် သဘော တော့ မဟုတ်နိုင်ဘူး၊ KIA ကအစိုးရနဲ့ (၁၆) ရက်နေ့ မှာ တွေ့ဆုံ ဆွေးနွေးပွဲ လုပ်မယ်လို့ကြားတယ်၊ တွေ့ဆုံဆွေးနွေး ပွဲက ရလဒ် မကောင်းရင် အစိုးရ တပ်မတွေနဲ့ တိုက်ပွဲဖြစ်နိုင် တယ်လို့ ယူဆထားပုံရပါတယ်၊ ဟိုတလော ကလည်း ပန်ဝါဘက်မှာ ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲဖြစ်ကြတယ်၊ မချမ်းဘော မှာဖြစ်တဲ့တိုက်ပွဲမှာ အစိုးရတပ်က အရာရှိတစ်ယောက်ကို KIA က ခေါင်းဖြတ် သတ်လို့ လိုင်ဇာကို (၄၈) နာရီအတွင်းတိုက်တော့မယ်ဆိုပြီး သတင်းတွေ ထွက်နေတာလည်းရှိတယ်၊ အဲဒီလို တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေကြပြီး တကယ်လို့ ဖြစ်လာ ခဲ့ရင် ဒေသခံတိုင်းရင်းသားတွေ ခွေးပြေးဝက်ပြေးနဲ့ ဒုက္ခသည် စခန်းတွေဆီသွားကြရဦးမှာပေါ့ ” ဟု မြစ်ကြီးနားမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြသွားသည်။

စက်တင်ဘာ (၁၂) ရက်နေ့တွင် နန်ဆန်ယန်ချောင်း အနီးတစ်ဝိုက်တွင် ရွှေ တူးဖော်နေသော ကုမ္ပဏီနှင့် လုပ်ငန်းရှင်များထံမှ ဆန် (၁၄) အိတ်နှင့် ဆား (၂) အိတ် ကို KIA အဖွဲ့တစ်ဖွဲ့က လာရောက် တောင်းခံသွားခဲ့ကြောင်း သိရှိရသည်။

ခွန်နော်
ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အင်ခါဂါးကျေးရွာ အနီးတွင် သြဂုတ်နောက် ဆုံးပတ်က နယ်မြေခံ အစိုးရ စစ်ကြောင်းနှင့် KIA တို့တိုက်ပွဲ ဖြစ်ပွားပြီး နောက်ပိုင်းတွင် စက်တင်ဘာ ပထမပတ်မှစ၍ KIA မှ ရွှေမှော်
များ တွင် ယခင် ကောက်ခံနေကြ ဆက်ကြေးငွေအစား ဆန်၊ဆီ၊ဆားများကို လိုက်လံ ကောက်ခံပြီး ရိက္ခာများ ကြိုတင် စုဆောင်းနေမှုကြောင့် အစိုးရတပ်များနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာမှာ ကို ဒေသ ခံ များ က စိုးရိမ်ပူပန်လျက်ရှိနေ ကြကြောင်း သတင်းရရှိသည်။

ဝိုင်းမော်မြို့ခံတစ်ဦးက “ ဒီတစ်ပတ် နှစ်ပတ်အတွင်း ရွှေမှော်ထဲက အဖွဲ့တွေ ဆန်တွေလာဝယ်တာတွေ့ တယ်၊ အချို့ကလည်း ဆီပုံးလိုက်၊ ဆားအိတ်လိုက် ၀ယ်သွားကြတယ်၊ နန်ဆန်ယန်တစ်ဝိုက် မှာ ရွှေတူးနေတဲ့ ကုမ္ပဏီ တွေ အများ ဆုံးလာဝယ်တာ၊ အခါတိုင်းဆို ဒီမြို့ပေါ်က ဈေး သည်တွေ က အဲဒီမှော်ထဲကို သွားရောင်းတာလေ၊ ကြားရတဲ့ သတင်းကတော့ KIA အဖွဲ့ကိုပေးရတာလို့ ပြောကြတာပဲ ” ဟု ပြောပြခဲ့ပါသည်။

မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့နယ်များတွင် ယခုရက်ပိုင်းအတွင်း ဆန်နှင့်ဆီ ဆိုင်များသို့ ပုံမှန်ထက် ရွာနှင့် မှော်ထဲမှ ဒေသခံများမှ လာရောက် ၀ယ်ယူ နေကြကြောင်း၊ ၎င်းဆန်နှင့်ဆီများကို KIA အဖွဲ့အား ဆက်ကြေးငွေ အစား ပေးရခြင်းဖြစ်ကြောင်း၊ KIA မှ ရွှေလုပ်ငန်းရှင်များနှင့် ဒေသခံများ ဆီမှ ကောက်ခံ ရရှိသော ဆန်၊ ဆီ နှင့် ဆားများကို ဗဟိုဌာနချုပ် လိုင်ဇာနှင့် လိုင်စင်ပို့စ်စခန်းများသို့ သယ်ယူ လျက်ရှိကြောင်း ယင်းနန်ဆန်ယန်ချောင်း တစ်ဝိုက်ရှိ ရွှေတူးဖော်နေသူ ဒေသခံများထံမှ သိရှိရသည်။

“ဟိုတစ်လောက KIA နဲ့အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းမှာ အခုလို ဆန်နဲ့ဆီတွေ ချက်ချင်း ဆိုသလို လိုက်လံစုဆောင်းနေတာ သာမန် သဘော တော့ မဟုတ်နိုင်ဘူး၊ KIA ကအစိုးရနဲ့ (၁၆) ရက်နေ့ မှာ တွေ့ ဆုံ ဆွေးနွေးပွဲ လုပ်မယ်လို့ကြားတယ်၊ တွေ့ဆုံဆွေးနွေး ပွဲက ရလဒ် မကောင်းရင် အစိုးရ တပ်မတွေနဲ့ တိုက်ပွဲဖြစ်နိုင် တယ်လို့ ယူဆထားပုံရပါတယ်၊ ဟိုတလော ကလည်း ပန်ဝါဘက် မှာ ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲဖြစ်ကြတယ်၊ မချမ်းဘော မှာဖြစ်တဲ့တိုက်ပွဲမှာ အစိုးရတပ်က အရာရှိ တစ်ယောက် ကို KIA က ခေါင်းဖြတ် သတ်လို့ လိုင်ဇာကို (၄၈) နာရီအတွင်းတိုက်တော့မယ်ဆိုပြီး သတင်းတွေ ထွက်နေတာလည်းရှိတယ်၊ အဲဒီလို တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေကြပြီး တကယ် လို့ ဖြစ်လာ ခဲ့ရင် ဒေသခံတိုင်းရင်းသားတွေ ခွေးပြေးဝက်ပြေးနဲ့ ဒုက္ခသည် စခန်းတွေဆီသွားကြရဦးမှာပေါ့ ” ဟု မြစ်ကြီးနားမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြသွားသည်။

စက်တင်ဘာ (၁၂) ရက်နေ့တွင် နန်ဆန်ယန်ချောင်း အနီးတစ်ဝိုက်တွင် ရွှေ တူးဖော်နေသော ကုမ္ပဏီနှင့် လုပ်ငန်းရှင်များထံမှ ဆန် (၁၄) အိတ်နှင့် ဆား (၂) အိတ် ကို KIA အဖွဲ့တစ်ဖွဲ့က လာရောက် တောင်းခံ သွားခဲ့ကြောင်း သိရှိရသည်။

ခွန်နော်

No comments:

Post a Comment