Friday 13 September 2013

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အားကစား တက္ကသိုလ်အား ဆီးဂိမ်းစ်ပြိုင်ပွဲအပြီး ဖွင့်လှစ်နိုင်ရန် သင်ရိုးညွှန်းတမ်းရေးဆွဲ

Photo: မြန်မာနိုင်ငံ၏ ပထမဦးဆုံး အားကစား တက္ကသိုလ်အား ဆီးဂိမ်းစ်ပြိုင်ပွဲအပြီး ဖွင့်လှစ်နိုင်ရန် သင်ရိုးညွှန်းတမ်းရေးဆွဲ
Friday, September 13, 2013

မြန်မာနိုင်ငံ၏ ပထမဦးဆုံး အားကစား တက္ကသိုလ်အား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းစ်ပြိုင်ပွဲ အပြီးတွင် ဖွင့်လှစ်နိုင်ရန်အတွက် တက္ကသိုလ်တွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများ ပြုစုရေးဆွဲနေကြောင်း အားကစား ၀န်ကြီးဌာနမှ သိရသည်။

''အားကစား တက္ကသိုလ်နဲ့ ပတ်သက် ပြီး သင်ရိုးညွှန်းတမ်း တွေကိုတော့ ပညာရေး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ရေးဆွဲနေပြီ၊ ဆီးဂိမ်းစ်ပြီးတဲ့အခါ အားကစားတက္ကသိုလ် ဖွင့်တဲ့အခါကျရင် ပြိုင်ပွဲကျင်းပတဲ့ အားကစားရုံတွေနဲ့ အားကစားရွာမှာရှိတဲ့ အဆောက်အအုံတွေကို အသုံးပြုပြီးတော့ အားကစား တက္ကသိုလ် ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်၊ ပညာရပ်ပိုင်းဆိုင်ရာ သင်ကြားပို့ချမယ့် ဆရာတွေကတော့ တက္ကသိုလ်၊ ကောလိပ်တွေမှာ ရှိတာပေါ့၊ အားကစားပိုင်းဆိုင်ရာ သင်ကြားပို့ချမယ့် နည်းပြတွေကတော့ အရည်အသွေး ပြည့်မီဖို့ လိုသေးတယ်လေ၊ ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်တော့ ဖြစ်မယ်နဲ့တူတယ်'' ဟု အားကစား ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

အဆိုပါ အားကစား တက္ကသိုလ်အား ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ၂၀၁၃ -၂၀၁၄ ပညာသင်နှစ်အတွက် အားကစား အထူးပြု ဘာသာရပ်များအတွက် ၀င်ခွင့်ခေါ်ယူခဲ့ပြီး ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ်နှင့် မန္တလေးမြို့ရှိ ရတနာပုံ တက္ကသိုလ်တို့တွင် သိပ္ပံဘွဲ့(အားကစား) B.Sc(Sport) နှင့် ၀ိဇ္ဇာဘွဲ့(အားကစား) B.A (Sport) ဘွဲ့ဒီဂရီ ပေး၍ ပြည်တွင်းမှ အားကစားပညာ တတ်ကျွမ်းနားလည် သူများနှင့် လက်ရွေးစင်ဟောင်းများမှ စာသင်နှစ် လေးနှစ်နှင့် လက်တွေ့ကွင်းဆင်း ခြောက်လပါမည့် လေးနှစ် ခြောက်လကြာ သင်ကြားပေးမည် ဖြစ်သည်။

''အားကစား ဘာသာရပ်တွေကို တက်ရောက်ချင်တဲ့ သူတွေအနေနဲ့ ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံ တက္ကသိုလ်မှာ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီးဆုံးထားသူ မည်သူမဆို တက်ရောက်လို့ရပါပြီ၊ တက္ကသိုလ် နှစ်ခုပေါင်းကို ကျောင်းသား ၁၀၀ လက်ခံမှာပါ'' ဟု အားကစားပညာ ဌာနခွဲမှ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

Eleven Media Group
မြန်မာနိုင်ငံ၏ ပထမဦးဆုံး အားကစား တက္ကသိုလ်အား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းစ်ပြိုင်ပွဲ အပြီးတွင် ဖွင့်လှစ်နိုင်ရန်အတွက် တက္ကသိုလ်တွင် သင်ကြားမည့် သင်ရိုးညွှန်းတမ်းများ ပြုစုရေးဆွဲနေကြောင်း အားကစား ၀န်ကြီးဌာနမှ သိရသည်။
''အားကစား တက္ကသိုလ်နဲ့ ပတ်သက်ပြီး သင်ရိုးညွှန်းတမ်း တွေကိုတော့ ပညာရေး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ရေးဆွဲနေပြီ၊ ဆီးဂိမ်းစ်ပြီးတဲ့အခါ အားကစားတက္ကသိုလ် ဖွင့်တဲ့အခါကျရင် ပြိုင်ပွဲကျင်းပတဲ့ အားကစားရုံတွေနဲ့ အားကစားရွာမှာရှိတဲ့ အဆောက်အအုံတွေကို အသုံးပြုပြီးတော့ အားကစား တက္ကသိုလ် ဖွင့်လှစ်ရမှာ ဖြစ်ပါတယ်၊ ပညာရပ်ပိုင်းဆိုင်ရာ သင်ကြားပို့ချမယ့် ဆရာတွေကတော့ တက္က သိုလ်၊ ကော လိပ်တွေမှာ ရှိတာပေါ့၊ အားကစားပိုင်းဆိုင်ရာ သင်ကြားပို့ချမယ့် နည်းပြတွေကတော့ အရည်အသွေး ပြည့် မီဖို့ လိုသေးတယ်လေ၊ ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်တော့ ဖြစ်မယ်နဲ့တူတယ်'' ဟု အားကစား ၀န်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

အဆိုပါ အားကစား တက္ကသိုလ်အား ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ၂၀၁၃ -၂၀၁၄ ပညာသင်နှစ် အတွက် အားကစား အထူးပြု ဘာသာရပ်များအတွက် ၀င်ခွင့်ခေါ်ယူခဲ့ပြီး ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ်နှင့် မန္တလေးမြို့ရှိ ရတနာပုံ တက္ကသိုလ်တို့တွင် သိပ္ပံဘွဲ့(အားကစား) B.Sc(Sport) နှင့် ၀ိဇ္ဇာဘွဲ့(အားကစား) B.A (Sport) ဘွဲ့ဒီဂရီ ပေး၍ ပြည်တွင်းမှ အားကစားပညာ တတ်ကျွမ်းနားလည် သူများနှင့် လက်ရွေး စင်ဟောင်း များမှ စာသင်နှစ် လေးနှစ်နှင့် လက်တွေ့ကွင်းဆင်း ခြောက်လပါမည့် လေးနှစ် ခြောက်လကြာ သင်ကြားပေးမည် ဖြစ်သည်။

''အားကစား ဘာသာရပ်တွေကို တက်ရောက်ချင်တဲ့ သူတွေအနေနဲ့ ဒဂုံတက္ကသိုလ်နဲ့ ရတနာပုံ တက္ကသိုလ် မှာ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီးဆုံးထားသူ မည်သူမဆို တက်ရောက်လို့ရပါပြီ၊ တက္ကသိုလ် နှစ် ခုပေါင်း ကို ကျောင်းသား ၁၀၀ လက်ခံမှာပါ'' ဟု အားကစားပညာ ဌာနခွဲမှ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

Eleven Media Group

No comments:

Post a Comment