Friday 13 September 2013

မလေးရှားရောက် မြန်မာအလုပ်သမားများအတွက်

မလေးရှားရောက် မြန်မာအလုပ်သမားများအတွက် မလေးရှားရောက် တရားဝင်/ တရားမဝင် အလုပ်လုပ် ကိုင်နေ တဲ့ မြန်မာအလုပ်သမားတွေကို ကူညီကာကွယ်ပေးဖို့ မြန်မာ အလုပ်သမား ပြည်ထောင်စုဝန်ကြီး
ဦးအေးမြင့်က ဆောင်ရွက်ခဲ့ပါတယ်။ ဘာစာရွက်စာတမ်းမှမရှိပဲ အလုပ်လုပ်ကိုင်နေသူတွေ မြန်မာနိုင်ငံ ကို ပြန်လာမယ်ဆိုရင် ဘာလျှော်ကြေးမှ ပေးစရာမလိုပဲ ပြန်လာခွင့်ပြုမယ်လို့လဲ ပြောပါတယ်။ မနေ့က မြန်မာနိုင် ငံ ကို ပြန်ရောက်လာပြီးပြီးချင်း လေဆိပ်မှာပဲ ခရီးဦးရောက်ခိုက် ချက်ချင်း မီဒီယာတွေ နဲ့ တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ဟာ မြန်မာအလုပ်သမားတွေအတွက် ယခုလို သတင်းကောင်း ကို ပြောကြားလိုက်တာပါ။ မလေးရှား ပြည်ထဲရေးဝန်ကြီး အလုပ်သမားဝန်ကြီး တို့နဲ့လည်း တွေ့ ဆုံခဲ့ပြီး မလေး ရှားရောက် မြန်မာနိုင်ငံ သားများရဲ့ လုံခြုံစိတ်ချရေးကို တာဝန်ယူမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အဖမ်းဆီးခံ မြန်မာနိုင်ငံသားဆိုသူတွေထဲမှာ အမှန်ကတယ် မြန် မာနိုင်ငံသား ဟုတ်မဟုတ်ကို သေချာစွာစိစစ်ပြီးမှာ လက်ခံကာ မြန်မာနိုင်ငံသို့ အရောက်ပို့ဆောင်ဖို့စီစဉ်ထားတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ခံစားခွင့် အလုပ်အကိုင်လုံခြုံစိတ်ချနိုင်ရေး တို့ကိုပါ တာဝန်ယူ စိစစ်အကောင်အထည်ဖော်သွားမယ့် အစီအစဉ်ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါ တယ်။ နောက် ထပ် မြန်မာနိုင် ငံ သားတွေ မလေးရှားကိုလာရောက်မယ်ဆိုရင် အလုပ်ကိုင် ခံစားခွင့်နှင့် အလုပ်ခွင်လုံခြုံမှုတွေရှိမှာ စေလွှတ်သွားမှာဖြစ်တယ်ပြီး မြန်မာအမျိုးသမီးများအတွက် သေချာစွာ စိစစ်ပြီးမှာသာ စေလွှတ်တော့မှာပဲဖြစ်ပါတယ်။

ဒါဟာ ကျွန်တော် ယခင်က ဝေဟင်ချစ်သူမှာ ရေးသားထားခဲ့ဖူး တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် (သို့မဟုတ်) ဗိုလ်ချုပ်အေးမြင့် မှ စက်မှုဝန်ကြီးဌာနကနေ အလုပ်သမားဝန်ကြီးဌာနသို့ ပြောင်းရွှေ့လာခဲ့တဲ့ ၁ လအတွင်းမှာ မြန်မာအလုပ်သမားများအတွက် အထူးဆောင်ရွက် ချက်ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်အနေနဲ့ နောင် အနာဂတ်ကာလ မှာလည်း မြန်မာအလုပ်သမားတွေအတွက် ရပိုင်ခွင့်တွေ အခွင့်အလမ်းတွေကို ပိုမိုကောင်းမွန်လာအောင် ဆက်လက်အကောင် အထည်ဖော်သွားမယ်ဆိုတာ ယုံမှားသံသယ ရှိစရာမလိုပါဘူး။

အသေးစိတ်သတင်းကို ကြည့်ရှုလိုပါက အောက်ပါ ဗီဒိုယိုဖိုင်ကိုဖွင့်ကာ ကြည့်ရှုနိုင်ပါတယ်။

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

No comments:

Post a Comment