Thursday 12 December 2013

၂၀၁၂ခုနှစ်အတွင်း ငှက်ဖျားကြောင့် လူပေါင်း ၆ သိန်းကျော် သေဆုံး

Photo: ၂၀၁၂ခုနှစ်အတွင်း ငှက်ဖျားကြောင့် လူပေါင်း ၆ သိန်းကျော် သေဆုံး 
Thursday, December 12, 2013

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကမ္ဘာတ၀ှမ်း ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်ကြောင့် ပြီးခဲ့တဲ့ ၁၃နှစ်အတွင်း ငှက်ဖျားရောဂါခံခဲ့ရသူတွေရဲ့ အသက်ပေါင်း သုံးသန်းကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ကျန်းမာရေးအဖွဲ့က တာဝန်ရှိသူတွေကပြောပါတယ်။

ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်မှာ တိုးတက်မှုတွေရှိလာပေမယ့် ငှက်ဖျားရောဂါပိုးကြောင့် လူပေါင်း ခြောက်သိန်းထက် မနည်း သေဆုံးခဲ့ပြီး များသောအားဖြင့် အာဖရိကနိုင်ငံက ကလေးငယ်တွေဖြစ်ကြတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ငှက်ဖျားရောဂါ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ကူညီထောက်ပံ့မှု အားနည်းတာတွေနဲ့ အခြေခံ ကုသကာကွယ်မှုတွေဖြစ်တဲ့ ချဉ်ထောင် အလုံအလောက် မပေးဝေနိုင်တဲ့အတွက်ကြောင့် ငှက်ဖျားရောဂါ အန္တရာယ်ဟာ ကြီးမားနေဆဲ ဖြစ်တယ်လို့လည်း ကျန်းမာရေး အစီရင်ခံစာက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ ငှက်ဖျားရောဂါ ကူစက်ခံစားရသူပေါင်းဟာ ခန့်မှန်းခြေအနေနဲ့ သန်း နှစ်ရာကျော်ရှိခဲ့ပြီး အဲဒီထဲမှာ ခြောက်သိန်းကျော်ဟာ သေဆုံးခဲ့ရပါတယ်။

ပစိဖိတ်ဒေသထဲမှာ ငှက်ဖျားရောဂါပိုးကြောင့် သေဆုံးခဲ့ရသူ သုံးရာကျော်ရှိပြီးများသောအားဖြင့် Papua New Guinea နိုင်ငံကဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေထဲမှာတော့ ငှက်ဖျားရောဂါကြောင့် အိန္ဒိယနိုင်ငံမှာ သေဆုံးသူ ငါးရာကျော်ရှိပြီး မြန်မာနိုင်ငံမှာတော့ လေးရာကျော်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

ABC Radio Australia
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ​ကမ္ဘာတ၀ှမ်း ​ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်ကြောင့် ​ပြီးခဲ့တဲ့ ​၁၃နှစ်အတွင်း ​ငှက်ဖျားရောဂါခံခဲ့ရသူတွေရဲ့ ​အသက်ပေါင်း ​သုံးသန်းကျော်ကို ​ကယ်တင်နိုင်ခဲ့တယ်လို့ ​ကျန်းမာရေးအဖွဲ့က ​တာဝန်ရှိသူတွေကပြောပါတယ်။
ငှက်ဖျားရောဂါတိုက်ဖျက်ရေးအစီအစဉ်မှာ ​တိုးတက်မှုတွေရှိလာပေမယ့် ​ငှက်ဖျားရောဂါပိုးကြောင့် ​လူပေါင်း ​ခြောက်သိန်းထက် ​မနည်း ​သေဆုံးခဲ့ပြီး ​များသောအားဖြင့် ​အာဖရိကနိုင်ငံက ​ကလေး ငယ်တွေဖြစ်ကြ တယ်လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ​နောက်ဆုံးထုတ်ပြန်တဲ့ ​၂၀၁၃ ​ခုနှစ် ​ငှက်ဖျားရောဂါ ​အစီရင်ခံစာထဲမှာ ​ဖော်ပြထားပါတယ်။

ကူညီထောက်ပံ့မှု ​အားနည်းတာတွေနဲ့ ​အခြေခံ ​ကုသကာကွယ်မှုတွေဖြစ်တဲ့ ​ချဉ်ထောင် ​အလုံအလောက် ​မပေးဝေနိုင်တဲ့အတွက်ကြောင့် ​ငှက်ဖျားရောဂါ ​အန္တရာယ်ဟာ ​ကြီးမားနေဆဲ ​ဖြစ်တယ်လို့လည်း ​ကျန်းမာရေး ​အစီရင်ခံစာက ​ဆိုပါတယ်။

ပြီးခဲ့တဲ့ ​၂၀၁၂ ​ခုနှစ်အတွင်းမှာ ​ငှက်ဖျားရောဂါ ​ကူစက်ခံစားရသူပေါင်းဟာ ​ခန့်မှန်းခြေအနေနဲ့ ​သန်း ​နှစ် ရာကျော်ရှိခဲ့ပြီး ​အဲဒီထဲမှာ ​ခြောက်သိန်းကျော်ဟာ ​သေဆုံးခဲ့ရပါတယ်။

ပစိဖိတ်ဒေသထဲမှာ ​ငှက်ဖျားရောဂါပိုးကြောင့် ​သေဆုံးခဲ့ရသူ ​သုံးရာကျော်ရှိပြီးများသောအားဖြင့် ​Papua ​New ​Guinea ​နိုင်ငံကဖြစ်ပါတယ်။ ​ဒေသတွင်းနိုင်ငံတွေထဲမှာတော့ ​ငှက်ဖျားရောဂါကြောင့် ​အိန္ဒိယနိုင်ငံ မှာ ​သေဆုံးသူ ​ငါးရာကျော်ရှိပြီး ​မြန်မာနိုင်ငံမှာတော့ ​လေးရာကျော်ရှိတယ်လို့ ​ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကပြောပါတယ်။

ABC Radio Australia

No comments:

Post a Comment