Thursday 12 December 2013

လွတ်မြောက် နိုင်ကျဉ်းနှစ်ဦး ချက်ချင်း ပြန်အဖမ်းခံရ

ဖောက်ခွဲမှု၊ မတရားအသင်းဆက်သွယ်မှုတို့ဖြင့် ထောင်ခုနစ်နှစ်ကျခံနေရသူ ဦးမျိုးမြင့်အောင် ပြန်လည်လွတ်မြောက်လာသည်ကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ်။ ထိုနေ့တွင် နိုင်ငံရေးအကျဉ်းသား ၄၁ ဦး လွတ်မြောက်ခဲ့ရာ နိုင်ငံရေးအကျဉ်းသား ဦးထင်ကျော်နှင့် ဦးအေးသိန်းတို့ ပါဝင်ခဲ့သော် လည်း ထောင်မှလွှတ်ပြီးချင်းပင် ကျန်ရှိပုဒ်မများဖြင့် ပြန်လည်အဖမ်းခံခဲ့ရသည်။ (ဓာတ်ပုံ-ဘိုဘို) 
သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒီဇင်ဘာ ၁၁ ရက်တွင် လွတ်မြောက်လာခဲ့သူ နိုင်ငံရေးအကျဉ်းသား များထဲမှ နှစ်ဦးသည် အခြားသောအမှုများ ရင်ဆိုင်ရန် ကျန်ရှိနေသေးသဖြင့် ချက်ချင်း ပြန်လည် အဖမ်းခံ ခဲ့ရသည်ဟု ကာယကံရှင်များနှင့် နီးစပ်သူများက မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။
ပြန်လည်ဖမ်းဆီးခံခဲ့ရသူများမှာ ခွင့်ပြုချက်မရဘဲ စီတန်းလှည့်လည်ခဲ့မှု (ပုဒ်မ ၁၈)ဖြင့် အင်းစိန် အကျဉ်း ထောင် တွင် ထောင်ဒဏ် ၃၃ လ ကျခံနေရသူ ဦးထင်ကျော်နှင့် နိုင်ငံတော် အကြည်ညိုပျက်စေ ရန် လှုံ့ ဆော်မှု (ပုဒ်မ- ၅၀၅/ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် တစ်နှစ်သုံးလ ကျခံနေ ရသူ ဦးအေးသိန်းတို့ ဖြစ်သည်။

ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ဝင် ဦးသိန်းစံက “ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ထဲမှာ ပါတယ်သာပြောတယ်။ တကယ်တမ်းတော့ မလွတ်ဘူး”ဟုဆိုကာ ဦးထင်ကျော် မလွတ်မြောက် သေြး ခင်း ကို မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

ထို့အတူ “ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ကိုအေးသိန်းက လွတ်မြောက်သွားပေမယ့် နောက်ထပ် အမှု တစ်ခုရှိသေးတဲ့အတွက် ထောင်ကျခံနေရတုန်းပါပဲ”ဟု နိုင်ငံရေးအကျဉ်းသားများ လူမှုကူညီရေးကွန် ရက်၊ မန္တလေးတာဝန်ခံ ဦးကိုလေးက အတည်ပြု ပြောဆိုသည်။

ဦးထင်ကျော်သည် ၂၀၁၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စီတန်းလှည့်လည်ရာတွင် ခွင့်ပြု ချက်မယူဘဲ ဆောင်ရွက်ခဲ့မှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေရန် လှုံ့ဆော်မှုတို့ဖြင့် ထပ်မံ အမှုရင်ဆိုင် ရန်ရှိနေခြင်းဖြစ်သည်။ အိုးဘိုထောင်မှ ကိုအေးသိန်းမှာမူ မန္တလေးမြို့၊ မြရည်နန္ဒာ ကျူးကျော် မြေယာ ကိစ္စဖြင့် စည်ပင်သာယာရေး ဥပဒေပုဒ်မများဖြင့် အမှုထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အဆိုပါအမှုများအတွက် အာမခံရရှိရန် ကြိုးပမ်းနေကြပြီး ယခုလအတွင်း သက်ဆိုင် ရာ တရားရုံးများက ဆုံးဖြတ်ပေးရန် ရှိနေသည်။

“ကျွန်တော်တို့ နားမလည်တာက အရင်ကတည်းက အာမခံလျှောက်တယ် မပေးဘူး။ မြို့နယ်ပြီးတော့ ခရိုင်မှာလည်း ပယ်တယ်”ဟု ဦးသိန်းစံက ပြောသည်။

ဦးထင်ကျော်သည် ထပ်မံရင်ဆိုင်ရမည့် အမှုအတွက် ဒီဇင်ဘာ ၁၇ ရက်တွင် တရားရုံးသို့ အာမခံ ပြန် လည် လျှောက်ထားရမည်ဖြစ်သည်။

ဦးအေးသိန်းမှာမူ ဒီဇင်ဘာ ၁၃ ရက်တွင် မန္တလေးရှိ ချမ်းမြသာစည်တရားရုံးတွင် အာမခံလျှောက်ထား ရန် ရှိနေသည်။

“မြရည်နန္ဒာမှာဖြစ်ခဲ့တဲ့ တောင်သူလယ်သမားတွေရဲ့ လယ်မြေတွေကို အကွက်ရိုက်ပြီး ရောင်းတဲ့ကိစ္စပါ။ အဲဒီအမှုအတွက် အာမခံရမှာသာ ထောင်က လွတ်မှာဖြစ်ပါတယ်”ဟု ဦးကိုလေးက ဆိုသည်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း သုံးနှစ်တာဝန်းကျင်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၁၄ ကြိမ်မြောက်အဖြစ် ယနေ့ နိုင်ငံရေးအကျဉ်းသား ၄၁ ဦးကို လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် လက်ရှိ အစိုးရသက်တမ်းကာလအတွင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုများသည် ယခင် စစ်အစိုးရလက် ထက် ဆောင်ရွက်ခဲ့ပုံများနှင့် အလားသဏ္ဍာန်တူသကဲ့သို့ပင် ရှိနေသေးသည်ဟု ၈၈ မျိုးဆက် ကျောင်း သားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ဝေဖန်သည်။

ယနေ့သည် ၄၄ နှစ်ကြာမြင့်ပြီးမှ မြန်မာ့မြေပေါ်တွင် ပြန်လည် ကျင်းပခွင့်ရခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်နေ့ဖြစ်ပြီး အာဆီယံ နိုင်ငံခေါင်း ဆောင် များ ရောက်ရှိနေချိန်လည်းဖြစ်သည်။

“နိုင်ငံတကာခေါင်းဆောင်တွေ လာတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဆိုတာ အရင်စစ် အစိုးရလက်ထက်ကလိုမျိုးပဲ လုပ်နေတယ်ဆိုတာ အခုအချိန်ထိတော့ တိုက်ဆိုင်မှုလို့ပဲပြောပြော ခုချိန် ထိ အဲဒီလို လုပ်သလိုဖြစ်နေတယ်”ဟု ကိုဂျင်မီက ဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေထွက်ရှိခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း အဆိုပါဥပဒေပုဒ်မ ၁၈ ဖြင့် တရားရင်ဆိုင်နေရသူ ၁၂၃ ဦး၊ အကျဉ်းချခံထားရသူ ၈၇ ဦးရှိသည်ဟု နိုဝင် ဘာလအတွင်း ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ စာ ရင်းတွင် ဖော်ပြထားသည်။

ဖြိုး၊ ဟိန်းကိုစိုး|
Mizzima - News in Burmese

No comments:

Post a Comment