Thursday 12 December 2013

ချင်းတိုးတက်ရေးပါတီမှ ပူးပေါင်းလိုသူများရှိနေသည့်အတွက် ချင်းအမျိုးသားပါတီကို ချင်းအမျိုးသားတိုးတက်ရေးပါတီဟု အမည်ပြောင်းလဲရန် လျှောက်ထား

ချင်းတိုးတက်ရေးပါတီမှ ချင်းအမျိုးသားပါတီသို့ ပူးပေါင်းလိုသူများ ပါဝင်လာမည်ဖြစ်သည့်အတွက် ချင်းအမျိုးသားတိုးတက်ရေးပါတီအဖြစ် အမည်ပြောင်းလဲလျှောက်ထားခွင့်ပြုရန် ချင်းအမျိုးသားပါတီ က လျှောက် ထား ခဲ့ကြောင်းသိရသည်။
အဆိုပါတင်ပြလျှောက်ထားမှုကို နိုဝင်ဘာ ၃၀ ရက်ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လျှောက်ထားလာသည့် အမည်အပေါ်ကန့်ကွက်လိုပါက ၇ ရက်အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ကန့်ကွက်နိုင်ေ ကြာင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့သည်။

ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့ ပူးပေါင်းနိုင်ရန်ကြိုးပမ်းခဲ့သော်လည်း ချင်းတိုးတက်ရေး ပါတီဘက်မှ ဥက္ကဋ္ဌ ရာထူးပေးမှ ပေါင်းနိုင်မည်ဟု တောင်းဆိုခဲ့ ကြောင်း၊ ချင်းအမျိုးသားပါတီ ဘက်မှမူ ပေါင်းစည်းရေးလုပ်ဆောင်ပြီးမှသာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးရာထူးများကို ဒီမိုကရေစီနည်း လမ်းဖြင့် ရွေးချယ်ရန်လိုလားသည့်အတွက် ပေါင်းစည်းရေး အဆင်မပြေဖြစ်ခဲ့ကြောင်း၊ သို့သော် ချင်းတိုးတက်ရေးပါတီဘက်မှ အချို့ကလည်း ပေါင်းစည်းရေးလိုလားသည့်အတွက် ပါတီအမည်ပြောင်းပြီး ဆက်လက်လုပ်ဆောင်သွားရန် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ချင်းအမျိုးသားညီလာခံကာလ ကတည်းက သဘောတူခဲ့ကြခြင်းဖြစ်ကြောင်း ချင်းအမျိုးသားပါတီအတွင်းရေးမှူး ကိုငယ်ပီးက ပြောကြား သည်။

" သူတို့ဘက်ကလည်း ပူးပေါင်းချင်တဲ့ ဆန္ဒရှိတဲ့သူက မဲဆန္ဒရှင်ပြည်သူတွေနဲ့ နှစ်ပါတီ မြို့နယ်ကော်မတီ အားလုံးက၊ ပြီးတော့ နှစ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံး ကလည်းပူးပေါင်းဖို့ သဘော တူညီကြောင်း လက် မှတ်ရေးထိုးသားပြီးသား ဖြစ်နေတယ်။ ဒီဗဟိုအလုပ်အမှုဆောင်ကော်မတီမှာသာ တန့်နေရခြင်းဖြစ်တယ်။ အဲဒါကြောင့် အဲဒီကဏ္ဍတစ်ခုကို ကျော်ဖြတ်နိုင်ဖို့အတွက် ကျွန်တော်တို့ ချင်းအမျိုးသားပါတီကိုပဲ ချင်းအမျိုးသားတိုးတက်ရေးပါတီအဖြစ် နာမည်ပြောင်းပြီး ပူးပေါင်းဖို့အရေးကို ဆက်လက် လုပ်ဆောင်သွားဖို့ ချင်းအမျိုးသားညီလာခံမှာ ချင်းတိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ဗဟိုကော်မတီအဖွဲ့ဝင်အချို့နဲ့ မြို့နယ်ကော်မတီ ၀င်တွေရော ပြန်ပြီးေ တာ့ အစည်း အဝေး ထိုင်ပြီးတော့ ဆုံးဖြတ်ခြင်းဖြစ်တယ် " ဟု ကိုငယ်ပီးက ပြောကြားသည်။

ချင်းနှစ်ပါတီပူးပေါင်းရန် သဘောတူညီချက်အချို့ရရှိပြီးသည့်အချိန်ကျမှသာ ပူးပေါင်းရန် အဆင်မပြေဖြစ်ခဲ့ ရခြင်းဖြစ်ကြောင်းလည်းသိရသည်။ ပြည်နယ်တူ တိုင်းရင်းသားပါတီများ သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပူးပေါင်းနိင်ရန် ကြိုးပမ်းမှုများရှိနေပြီး လက်ရှိတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ၊ မွန်ဒီမိုကရေစီပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ပူးပေါင်းရန် သဘောတူညီမှုများ ရရှိထားသည်။ 

Eleven Media Group

No comments:

Post a Comment