Thursday 12 December 2013

ရုရှား နိုင်ငံရှိ ပြတိုက် တစ်ခုမှ ဆေးရည်စိမ် သန္ဓေသားအား အမျိုးသမီး တစ်ဦးခိုးယူ

Photo: ရုရှား နိုင်ငံရှိ ပြတိုက် တစ်ခုမှ ဆေးရည်စိမ် သန္ဓေသားအား အမျိုးသမီး တစ်ဦးခိုးယူ
Thursday, December 12, 2013

ရုရှားနိုင်ငံ ဘစ်ခ်မြို့ရှိ အမျိုးသား ပြတိုက် တစ်ခုမှ ဓာတုဆေးရည် စိမ်ထားသော ဦးခေါင်း နှစ်လုံးပါ ရင်ချင်းဆက် အမြွှာ သန္ဓေသားလောင်း ထည့်ထားသည့် ဖန်ပေါင်းချောင်ကို ခိုးယူခဲ့သည့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဆားဘီးယား ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ဖန်ပေါင်းချောင်ကို မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်သုံးမှုကြောင့် ဖြစ်ပေါ်လာသော အန္တရာယ် အကျိုးဆက်နှင့် စပ်လျဉ်း၍ ပညာပေးရန် အတွက် ပြပွဲ တစ်ခုတွင် ပြပွဲ စီစဉ်သူ များက ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်ပြီး အသက် ၃၂ နှစ်အရွယ်ရှိ အမည်မသိ အဆိုပါ အမျိုးသမီးက ပြပွဲကို လှည့်ပတ် ကြည့်ရှုစဉ် သူမ၏ ကုတ်အင်္ကျီအောက် လျှို့ဝှက် ထည့်သွင်း၍ ယူဆောင်သွားခြင်း ဖြစ်ကြောင်း ဒေသခံ မီဒီယာ တစ်ခုက ထုတ်ပြန် ကြေညာခဲ့သည်။

မြတ၀ီ

No comments:

Post a Comment