Thursday 12 December 2013

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကို လူသတ်မှုများအတွက် စွဲချက်တင်

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကို လူသတ်မှုများအတွက် စွဲချက်တင်
Thursday, December 12, 2013

(၂၀၁၀)ပြည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုတွင် အဘီဆစ်က ဦးဆောင် ညွှန်ကြားသည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကို လူသတ်မှုများအတွက် စွဲချက်တင်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဗီဂျာဂျီဗာသည် ကြာသပတေးနေ့တွင် လူသတ်မှုအတွက် ကနဦး စွဲချက်တင်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ (၂၀၁၀)ပြည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုတွင် အဘီဆစ်က ဦးဆောင် ညွှန်ကြားသည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။ ထိုစဉ်က ဖြစ်ရပ်တွင် လူပေါင်းများစွာ သေကြေ ပျက်စီးခဲ့ရသည်။ ထိုစဉ်က ဒုတိယ ဝန်ကြီးချုပ်နှင့် ယခုလက်ရှိ ဖျက်သိမ်းလိုက်ပြီဖြစ်သော အရေးပေါ် အခြေအနေ ဖြေရှင်းမှု ဗဟိုထိန်းချုပ်ရေးအဖွဲ့ (CRES)၏ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည့် ဆူသပ်သောင်ဆူဘန်သည်လည်း အလားတူ စွဲချက်နှင့် ကြုံနေရသည်။

ဘီဆစ်သည် ယခုကနဦး စွဲချက်တွင် ကြားနာမှု ပြီးဆုံးပါက အာမခံဖြင့် ပြန်လွတ်နေမည် ဖြစ်သည်။ ဆူသပ်ကိုမူ တရားခွင်တွင် မတွေ့မြင်ခဲ့ရချေ။ ဆူသပ်သည် လက်ရှိအချိန်တွင်မူ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှီနာဝါထရာ၏ အစိုးရကို ဆန္ဒပြနေမှုများအား အဓိက ဦးဆောင်လျှက် ရှိသည်။ ဆူသပ်က တရားရုံးသို့ ရှေ့နေတစ်ဦး စေလွှတ်ကာ မိမိအပေါ် စစ်ဆေးမှုကို ရွှေ့ဆိုင်းပေးပါရန် ပန်ကြားခဲ့ပြီး မိမိအနေဖြင့် ဆန္ဒပြမှုများကို ဦးဆောင်နေရသဖြင့် မအားလပ်ကြောင်း အသိပေးခဲ့သည်။ ဆူသပ် တာဝန်ယူခဲ့သည့် CRESသည် စစ်တပ်နှင့် ရဲများအား ရှပ်နီ ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းရန် အမိန့်ပေးခဲ့သည့်နောက် ထိုစဉ်က ရှပ်နီ (၉၂)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network
(၂၀၁၀)ပြည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုတွင် အဘီဆစ်က ဦးဆောင် ညွှန်ကြားသည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ကို လူသတ်မှုများအတွက် စွဲချက်တင်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဗီဂျာဂျီဗာသည် ကြာသပတေးနေ့တွင် လူသတ်မှုအတွက် ကနဦး စွဲချက်တင်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ (၂၀၁၀)ပြည့်နှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲမှုတွင် အဘီဆစ်က ဦးဆောင် ညွှန်ကြားသည်ဟု စွဲချက်တင်ခံရခြင်း ဖြစ်သည်။ ထိုစဉ်က ဖြစ်ရပ်တွင် လူပေါင်းများစွာ သေကြေ ပျက်စီးခဲ့ရသည်။ ထိုစဉ်က ဒုတိယ ဝန်ကြီးချုပ်နှင့် ယခုလက်ရှိ ဖျက်သိမ်း လိုက်ပြီဖြစ်သော အရေးပေါ် အခြေအနေ ဖြေရှင်းမှု ဗဟိုထိန်းချုပ်ရေးအဖွဲ့ (CRES)၏ ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သည့် ဆူသပ်သောင်ဆူဘန်သည်လည်း အလားတူ စွဲချက်နှင့် ကြုံနေရသည်။

ဘီဆစ်သည် ယခုကနဦး စွဲချက်တွင် ကြားနာမှု ပြီးဆုံးပါက အာမခံဖြင့် ပြန်လွတ်နေမည် ဖြစ်သည်။ ဆူသပ်ကိုမူ တရားခွင်တွင် မတွေ့မြင်ခဲ့ရချေ။ ဆူသပ်သည် လက်ရှိအချိန်တွင်မူ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှီနာဝါထရာ၏ အစိုးရကို ဆန္ဒပြနေမှုများအား အဓိက ဦးဆောင်လျှက် ရှိသည်။ ဆူသပ်က တရားရုံးသို့ ရှေ့နေတစ်ဦး စေလွှတ်ကာ မိမိအပေါ် စစ်ဆေးမှုကို ရွှေ့ဆိုင်းပေးပါရန် ပန်ကြားခဲ့ပြီး မိမိ အနေဖြင့် ဆန္ဒပြမှုများကို ဦးဆောင်နေရသဖြင့် မအားလပ်ကြောင်း အသိပေးခဲ့သည်။ ဆူသပ် တာဝန်ယူ ခဲ့သည့် CRESသည် စစ်တပ်နှင့် ရဲများအား ရှပ်နီ ဆန္ဒပြသူများကို အင်အားသုံး နှိမ်နင်းရန် အမိန့်ပေးခဲ့ သည့်နောက် ထိုစဉ်က ရှပ်နီ (၉၂)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

No comments:

Post a Comment