Thursday 12 December 2013

"ဒီနှစ် အကယ်ဒမီပွဲ ကို ဆန်းပြားတဲ့ တင်ဆက်မှုတွေ နဲ့ မြင်တွေ့နိုင်အောင် ကြိုးစားသွား မယ်လို့ ကတိပေးတဲ့ ဥက္ကဋ္ဌ လူမင်း"

Photo: "ဒီနှစ် အကယ်ဒမီပွဲ ကို ဆန်းပြားတဲ့ တင်ဆက်မှုတွေ နဲ့ မြင်တွေ့နိုင်အောင် ကြိုးစားသွား မယ်လို့ ကတိပေးတဲ့ ဥက္ကဋ္ဌ လူမင်း"
Thursday, December 12, 2013

မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ ဦးလူမင်းက လာမယ့်နှစ် မှာပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ ကြီးကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေ နဲ့ ဦးစီးပြီး ကျင်းပပေးမှာ ဖြစ်ပေမယ့်လည်း လာမယ့်နှစ် မှာ သူကိုယ်တိုင် ဥက္ကဋ္ဌ နေရာမှာ ရှိနေနိုင်တော့မှာ မဟုတ်တဲ့ အတွက် လက်ရှိ ဥက္ကဋ္ဌ အနေအထား မှာပဲ အခုပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးပွဲ အတွက် စီစဉ်ဆောင်ရွက် ခွင့်ရတယ် ဆိုရင် ကိုယ့်ရဲ့ ရုပ်ရှင် လောကသားတွေ အတွက် အကောင်း ဆုံး၊ အတတ်နိုင်ဆုံး လုပ်သွားမှာ ဖြစ်တယ်လို့ ပြောပြလာပါတယ်။

“ရှေ့နှစ်ထဲမှာ အစည်းအရုံး ကဦးစီးပြီး အကယ်ဒမီ ကို ကျင်းပ ပေးမယ် ဆိုပေမယ့်လည်း အဲဒီ အချိန်မှာ အစ်ကိုက ဥက္ကဋ္ဌ မဟုတ် နိုင်တော့ဘူးလေ။ အဲဒီတော့ အစ်ကို လက်ရှိ ဥက္ကဋ္ဌ အနေအထား မှာပဲ အစ်ကို စီစဉ်ဆောင် ရွက်ခွင့် ရတယ်၊ လောကသားတွေ အတွက် တောင်းဆိုခွင့်တွေ ရတယ်၊ စီမံ ဆောင်ရွက် ပိုင်ဆိုင်ခွင့် ရတယ် ဆိုရင် အစ်ကို့ရဲ့ ရုပ်ရှင်လောက အတွက် အစ်ကို အတတ်နိုင်ဆုံး လုပ်သွား မှာပါပဲ။ ဒါကို ဘယ် သူပေးပေးပေါ့။ အကယ်ဒမီပေးပွဲ ဆိုတာက အစ်ကိုတို့ လောက သားတွေ အထွဋ် အမြတ်ထား တဲ့ပွဲတစ်ပွဲပဲလေ” လို့ လူမင်းက ပြောပြပါတယ်။

အကယ်ဒမီ အခမ်းအနားတွေ ကိုတော့ သူ့အနေနဲ့ နှစ်ပေါင်း များစွာ တက်ရောက်ပြီး ကိုယ့်ရဲ့ ရုပ်ရှင် လောကသား အချင်းချင်း အားပေး နေ ကျဖြစ်သော် လည်း နှစ် တိုင်း၊ နှစ်တိုင်း တူညီတဲ့ စီစဉ် တင်ဆက် မှု တွေကိုပဲ မြင်တွေ့နေရဆဲ ဖြစ်တယ်လို့ ပြောပြတဲ့ ကိုလူမင်း က

“အစ်ကို့ အနေနဲ့ အကယ်ဒမီ ပွဲတွေကို နှစ်ပေါင်း များစွာ တက်လာ ခဲ့ပြီးပြီ။ နှစ်တိုင်း၊ နှစ်တိုင်းမှာ တူညီတဲ့ အစီ အစဉ် တင်ဆက်မှုတွေ နဲ့ပဲ တက် လာခဲ့ရတာ ဆိုတော့ အစ်ကို ကိုယ်တိုင် အပြောင်းအလဲ တစ်ခုကို လိုချင်နေ ခဲ့ တာ။ အခု အပြောင်းအလဲ တစ်ခု ဖြစ်အောင် ကိုယ်ကိုယ်တိုင် လည်း ဆောင်ရွက်ခွင့် ရပြီ ဆိုတော့ သေချာ တာတော့ အပြောင်း အလဲ တစ်ခုပေါ့။ အပြောင်းအလဲ ဆိုတဲ့ နေရာမှာ ပိုကောင်းတဲ့ပြောင်းလဲ မှု၊ ခမ်းနားတဲ့ ပြောင်းလဲမှုတွေ ဆန်းပြားတဲ့ တင်ဆက်မှုတွေနဲ့ ဖြစ်အောင် ဒီနှစ် အကယ်ဒမီ အတွက် ကြိုးစားပေး သွားမယ်လို့ ကတိပေးနိုင် ပါတယ်။ အစ်ကိုတို့ လောကသားတွေရော၊ ကြည့်ရှု ကြမယ့် ပရိသတ်တွေရော ဒီနှစ် အကယ်ဒမီ ပွဲကိုတော့ အရင်နှစ် တွေထက် ထူးခြား ဆန်းသစ်မှုတွေ နဲ့ ခံစားကြ ရလိမ့်မယ်လို့ အစ်ကိုမျှော် လင့်ထားပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌတစ် ယောက် အနေနဲ့ ကိုလူမင်းက ပြောပြ ပေးခဲ့ပါတယ်။

ထက်လူလူ
Popular Academy
မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ဥက္ကဋ္ဌ ဦးလူမင်းက လာမယ့်နှစ် မှာပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ ကြီးကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေ နဲ့ ဦးစီးပြီး ကျင်းပပေးမှာ ဖြစ်ပေမယ့်လည်း လာမယ့်နှစ်မှာ သူကိုယ်တိုင် ဥက္ကဋ္ဌ နေရာမှာ ရှိနေနိုင်တော့မှာ မဟုတ်တဲ့အတွက် လက်ရှိဥက္ကဋ္ဌ အနေ အထား မှာပဲ အခုပြုလုပ် မယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆုပေးပွဲ အတွက် စီစဉ်ဆောင်ရွက် ခွင့်ရ တယ်ဆိုရင် ကိုယ့်ရဲ့ရုပ်ရှင် လောကသားတွေအတွက် အကောင်းဆုံး၊ အတတ်နိုင်ဆုံး လုပ်သွားမှာ ဖြစ် တယ်လို့ ပြောပြလာပါတယ်။
“ရှေ့နှစ်ထဲမှာ အစည်းအရုံး ကဦးစီးပြီး အကယ်ဒမီ ကို ကျင်းပ ပေးမယ် ဆိုပေမယ့်လည်း အဲဒီ အချိန်မှာ အစ်ကိုက ဥက္ကဋ္ဌ မဟုတ် နိုင်တော့ဘူးလေ။ အဲဒီတော့ အစ်ကို လက်ရှိ ဥက္ကဋ္ဌ အနေအထား မှာပဲ အစ်ကို စီစဉ်ဆောင် ရွက်ခွင့် ရတယ်၊ လောကသားတွေ အတွက် တောင်းဆိုခွင့်တွေ ရတယ်၊ စီမံ ဆောင်ရွက် ပိုင်ဆိုင်ခွင့် ရတယ် ဆိုရင် အစ်ကို့ရဲ့ ရုပ်ရှင်လောက အတွက် အစ်ကို အတတ်နိုင်ဆုံး လုပ်သွား မှာပါပဲ။ ဒါကို ဘယ် သူပေးပေးပေါ့။ အကယ်ဒမီပေးပွဲ ဆိုတာက အစ်ကိုတို့ လောက သားတွေ အထွဋ် အမြတ်ထား တဲ့ပွဲတစ်ပွဲပဲလေ” လို့ လူမင်းက ပြောပြပါတယ်။

အကယ်ဒမီ အခမ်းအနားတွေ ကိုတော့ သူ့အနေနဲ့ နှစ်ပေါင်း များစွာ တက်ရောက်ပြီး ကိုယ့်ရဲ့ ရုပ်ရှင် လောက သား အချင်းချင်း အားပေး နေ ကျဖြစ်သော် လည်း နှစ် တိုင်း၊ နှစ်တိုင်း တူညီတဲ့ စီစဉ် တင်ဆက် မှု တွေကိုပဲ မြင်တွေ့နေရဆဲ ဖြစ်တယ်လို့ ပြောပြတဲ့ ကိုလူမင်း က

“အစ်ကို့ အနေနဲ့ အကယ်ဒမီ ပွဲတွေကို နှစ်ပေါင်း များစွာ တက်လာ ခဲ့ပြီးပြီ။ နှစ်တိုင်း၊ နှစ်တိုင်းမှာ တူညီတဲ့ အစီ အစဉ် တင်ဆက်မှုတွေ နဲ့ပဲ တက် လာခဲ့ရတာ ဆိုတော့ အစ်ကို ကိုယ်တိုင် အပြောင်းအလဲ တစ်ခုကို လိုချင်နေ ခဲ့ တာ။ အခု အပြောင်းအလဲ တစ်ခု ဖြစ်အောင် ကိုယ်ကိုယ်တိုင် လည်း ဆောင်ရွက်ခွင့် ရပြီ ဆိုတော့ သေချာ တာတော့ အပြောင်း အလဲ တစ်ခုပေါ့။ အပြောင်းအလဲ ဆိုတဲ့ နေရာမှာ ပိုကောင်းတဲ့ပြောင်းလဲ မှု၊ ခမ်းနားတဲ့ ပြောင်းလဲမှုတွေ ဆန်းပြားတဲ့ တင်ဆက်မှုတွေနဲ့ ဖြစ်အောင် ဒီနှစ် အကယ်ဒမီ အတွက် ကြိုးစားပေး သွားမယ်လို့ ကတိပေးနိုင် ပါတယ်။ အစ်ကိုတို့ လောကသားတွေရော၊ ကြည့်ရှု ကြမယ့် ပရိသတ်တွေရော ဒီနှစ် အကယ်ဒမီ ပွဲကိုတော့ အရင်နှစ် တွေထက် ထူးခြား ဆန်းသစ်မှုတွေ နဲ့ ခံစားကြ ရလိမ့်မယ်လို့ အစ်ကိုမျှော် လင့်ထားပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌတစ် ယောက် အနေနဲ့ ကိုလူမင်းက ပြောပြ ပေးခဲ့ပါတယ်။

ထက်လူလူ
Popular Academy

No comments:

Post a Comment