Friday 2 August 2013

မြန်မာ အပါအဝင် အာဆီယံ ခုနစ်နိုင်ငံ တွင် မန်ယူ ပုံများ ပက်စီ သုံးမည်

Photo: မြန်မာအပါအဝင် အာဆီယံခုနစ်နိုင်ငံတွင် မန်ယူပုံများ ပက်စီသုံးမည်
Friday, August 2, 2013

ကမ္ဘာကျော်အချိုရည် ပက်စီ(Pepsi)က မြန်မာနိုင်ငံ အပါအဝင် အာဆီယံ
နိုင်ငံခုနစ်ခုတွင် ၎င်းတို့၏ ထုတ်ကုန်များဖြစ်သော အချိုရည်ဘူး၊ ပုလင်းများနှင့် အရောင်းကောင်တာများတွင် အင်္ဂလိပ်ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာယူနိုက်တက် ရုပ်ပုံများ သုံးစွဲမည် ဖြစ်ကြောင်း ပက်စီနှင့် မန်ယူတို့က ကြေညာသည်။

ပက်စီကုမ္ပဏီသည် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း၏ အာဆီယံ ဒေသတွင်း စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပြီး အဆိုပါ စပွန်ဆာ
စာချုပ်အရ ၎င်းတို့၏ ထုတ်ကုန်များနှင့် အရောင်းကောင်တာများတွင် မန်ယူအမှတ်တံဆိပ်နှင့် ကစားသမား ရုပ်ပုံများကို အသုံးပြုနိုင်မည် ဖြစ်သည်။

“အားကစားက ပက်စီကို ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ် တစ်ခုအဆင့်
ကို မြှင့်တင်ပေးပါတယ်။ ကျွန်တော်တို့ မန်ယူလို အသင်းမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် အရမ်းကျေနပ်ပါတယ်” ဟု PepsiCo Asia-Pacific အကြီးတန်း ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ Mr.Mustafa Moussa ကဆိုသည်။

မန်ယူအသင်းမှာ အာဆီယံနိုင်ငံများတွင် ပရိသတ် ၃၈ သန်းကျော်ရှိပြီး ယခုကဲ့သို့ ပူးပေါင်းခဲ့ခြင်းကြောင့် နှစ်ဖက်စလုံး၏ အမှတ်တံဆိပ်ကို အာဆီယံဒေသတွင်း မြှင့်တင်နိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း Manchester Evening Post သတင်းစာတွင် ရေးသားထားသည်။

“ပက်စီက ရောင်းကောင်းတယ်လို့ ပြောလို့ရတယ်။ မန်ယူဆိုတာက
မြန်မာပြည်မှာ ပရိသတ်များတဲ့ အသင်းလေ ပိုရောင်းကောင်းမယ် ထင်တယ်” ဟု ညောင်ပင်လေးဈေးရှိ ကုန်မျိုးစုံ ဖြန့်ချိရေးဆိုင် လုပ်ငန်းရှင် ဒေါ်ခင်ဖုန်းက ဆိုသည်။

PepsiCo ကုမ္ပဏီက Pepsi၊ Mirinda၊ Lipton၊ 7Up စသည့် စားသောက်
ကုန်များကို ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိနေပြီး မြန်မာနိုင်ငံတွင် Diamond Star ကုမ္ပဏီက ဖြန့်ချိရောင်းချနေသည်။

မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းသည် အာဆီယံဒေသအတွင်းမှ ထိုင်းနိုင်ငံ အခြေစိုက် ဆက်သွယ်ရေးလုပ်ငန်းစု True Corporation၊ Singha ဘီယာနှင့် ဗီယက်နမ်ဘဏ် BIDV တို့နှင့်လည်း စပွန်ဆာစာချုပ် ချုပ်ဆိုထားသည်။

The Voice Weekly
 ကမ္ဘာကျော်အချိုရည် ပက်စီ(Pepsi)က မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံခုနစ်ခုတွင် ၎င်းတို့၏ ထုတ် ကုန်များဖြစ်သော အချိုရည်ဘူး၊ ပုလင်းများနှင့် အရောင်းကောင်တာများတွင် အင်္ဂလိပ်ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာယူနိုက်တက် ရုပ်ပုံများ သုံးစွဲမည် ဖြစ်ကြောင်း ပက်စီနှင့် မန်ယူတို့က ကြေညာသည်။
ပက်စီကုမ္ပဏီသည် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း၏ အာဆီယံ ဒေသတွင်း စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပြီး အဆိုပါ စပွန်ဆာစာချုပ်အရ ၎င်းတို့၏ ထုတ်ကုန်များနှင့် အရောင်းကောင်တာများတွင် မန်ယူအမှတ်တံဆိပ်နှင့် ကစားသမား ရုပ်ပုံများကို အသုံးပြုနိုင်မည် ဖြစ်သည်။

“အားကစားက ပက်စီကို ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ် တစ်ခုအဆင့်ကို မြှင့်တင်ပေးပါတယ်။ ကျွန်တော် တို့ မန်ယူလို အသင်းမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် အရမ်းကျေနပ်ပါတယ်” ဟု PepsiCo Asia-Pacific အကြီးတန်း ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ Mr.Mustafa Moussa ကဆိုသည်။

မန်ယူအသင်းမှာ အာဆီယံနိုင်ငံများတွင် ပရိသတ် ၃၈ သန်းကျော်ရှိပြီး ယခုကဲ့သို့ ပူးပေါင်း ခဲ့ခြင်းကြောင့် နှစ်ဖက်စလုံး၏ အမှတ်တံဆိပ်ကို အာဆီယံဒေသတွင်း မြှင့်တင်နိုင်ရန် ဆောင် ရွက်ခြင်း ဖြစ်ကြောင်း Manchester Evening Post သတင်းစာတွင် ရေးသားထားသည်။

“ပက်စီက ရောင်းကောင်းတယ်လို့ ပြောလို့ရတယ်။ မန်ယူဆိုတာက မြန်မာပြည်မှာ ပရိသတ်များတဲ့ အသင်းလေ ပိုရောင်းကောင်းမယ် ထင်တယ်” ဟု ညောင်ပင်လေးဈေးရှိ ကုန်မျိုးစုံ ဖြန့်ချိရေးဆိုင် လုပ်ငန်းရှင် ဒေါ်ခင်ဖုန်းက ဆိုသည်။

PepsiCo ကုမ္ပဏီက Pepsi၊ Mirinda၊ Lipton၊ 7Up စသည့် စားသောက်ကုန်များကို ကမ္ဘာ တစ်ဝန်းသို့ ဖြန့်ချိနေပြီး မြန်မာနိုင်ငံတွင် Diamond Star ကုမ္ပဏီက ဖြန့်ချိရောင်းချနေသည်။

မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းသည် အာဆီယံဒေသအတွင်းမှ ထိုင်းနိုင်ငံ အခြေစိုက် ဆက် သွယ်ရေးလုပ်ငန်းစု True Corporation၊ Singha ဘီယာနှင့် ဗီယက်နမ်ဘဏ် BIDV တို့နှင့်လည်း စပွန်ဆာစာချုပ် ချုပ်ဆိုထားသည်။
The Voice Weekly

No comments:

Post a Comment