Friday 2 August 2013

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ကော်မတီ၊ ကော်မရှင် များ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

Photo: ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Friday, August 2, 2013

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဩဂုတ် ၁ ရက်နေ့ နေ့လည် 
၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမ
ဆောင်၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ကော်မတီ၊ ကော်မရှင်
များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာ စကားပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြကာ ကော်မရှင် အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊
 ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း
တင်ပြကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေဆွေးနွေး တင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ဒုတိယဥက္ကဋ္ဌ ဦင်္းနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်
 ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဩဂုတ် ၁ ရက်နေ့ နေ့လည် ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၊ အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့် ကော် မတီ ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာ စကားပြောကြားပြီး သက်ဆိုင်ရာ တာဝန် ရှိသူများက ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြကာ ကော်မရှင်အဖွဲ့ဝင်များ မှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များ က ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေဆွေးနွေး တင်ပြကြပြီး ပြည်သူ့လွှတ်တော် ဥက္ကက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ဒုတိယဥက္ကဋ္ဌ ဦင်္းနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

No comments:

Post a Comment