Friday 2 August 2013

ယနေ့ ကျင်းပပြုလုပ်မည့် ပထအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန် အစည်း အဝေး ၁၇ ရက်မြောက်နေ့ (၂-၈-၂၀၁၃) သောကြာနေ့ တွင် အောက်ပါ မေးခွန်း များနှင့် အဆိုများကို မေးမြန်း သွား မည်ဖြစ် ပါသည် -

(က) ဦးအောင်ကျော်ခင်၊ ကျောက်တန်း မဲဆန္ဒနယ်၏ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဝန်ထမ်းအင်အား တိုးချဲ့ ဖွဲ့စည်းခြင်း နှင့် မြို့နယ်ရုံးခွဲများ တိုးချဲ့ဖွင့်လှစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။
(ခ) ဦးဝင်းမြင့်၊ ပြည် မဲဆန္ဒနယ်၏ ဆိုင်ကယ်စီးစဉ် ဆိုင်ကယ်စီးဦးထုပ် မဆောင်းထား၍ ဒဏ်ကြေး အဖြစ် ပေးဆောင်ရသောငွေဖြင့် ဆိုင်ကယ်ဆောင်းဦးထုပ်ကို ချက်ချင်းရောင်းချပေး၍ လက်တွေ့ ဆောင်း
သွားစေရန် ညွှန်ကြားချက်များထုတ်၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း။

(ဂ) ဦးဘိုနီ၊ ရမည်းသင်း မဲဆန္ဒနယ်၏ အဓိကရထားလမ်းပိုင်းများတွင် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်နိုင်ရန် အတွက် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။

(ဃ) ဦးပိုက်လင်း၊ ပလက်ဝ မဲဆန္ဒနယ်၏ မီးချောင်းတံတား၊ သဲမချောင်း တံတားနှင့် နှမဒါချောင်းတံတား တည်ဆောက်ရေးတွင် ရထားသွား တံတားပါ ပူးတွဲဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်
မေးခွန်။

(င) ဦးအောင်မြင့်၊ ဂန့်ဂေါ မဲဆန္ဒနယ်၏ မြစ်သာမြစ်ကူးတံတားကြီး၏ အခင်းကတ္တရာလမ်းများ ပျက်စီးနေမှု အား အမြန်ဆုံးပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း။

(စ) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်၏ နှစ်စဉ်ပြည်ထောင်စုနေ့ အခမ်းအနားကို ပြပွဲ၊ ပြိုင်ပွဲ၊ အားကစားပွဲ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဖော်ထုတ်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ရန် နှင့် ပြည်ထောင် စုအလံတော် သယ်ဆောင်ခြင်း အခမ်းအနားကို ပြန်လည်ဖော်ထုတ်ရန် အစီအစဉ်ရှိ/ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း။

(ဆ) ဦးလှမောင်၊ ချောင်းဆုံ မဲဆန္ဒနယ်၏ ဒေါပုံမြစ်တွင် နစ်မြုပ်လျက်ရှိသော ဓမ္မစေ တီခေါင်းလောင်းတော် နှင့် စပ်လျဉ်းသည့်မေးခွန်း။

(ဇ) ဦးထန်းလိန်း၊ မင်းတပ် မဲဆန္ဒနယ်၏ သဘာဝခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်း များနှင့် ညွှန်ကြားချက်များ ချမှတ်ပေးရန်နှင့် ချင်းပြည်နယ်တွင် သဘာဝနယ်မြေသစ်များ တိုးချဲ့ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း။

(ဈ) ဦးလှထွန်း၊ ခန္တီး မဲဆန္ဒနယ်၏ အဆိုပြု သစ်တောကြိုးဝိုင်းများ၊ ဘေးမဲ့တောများကို ပြန်လည်ပြင်ဆင် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။

(ည) ဦးခွန်လိန်း၊ ဖလမ်း မဲဆန္ဒနယ်၏ ချင်းပြည်နယ်၏ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး အတွက် ဆောင် ရွက်ပေး ခဲ့သည့် စာရင်းဇယားများ နှင့်ကုန်ကျစရိတ်များကို ထင်သာမြင်သာရှိအောင် ထုတ်ပြန် ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း .တို့ကိုမေးမြန်းပြီး

အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့် ပေးပို့လာသော “ဆက်သွယ်ရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခြင်း တို့ဖြစ်ပါသည်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

No comments:

Post a Comment