Friday 2 August 2013

ခရိုင်၊ တိုင်းဒေသကြီး များသို့ မိမိဆန္ဒမပါဘဲ သွားရောက် တာဝန်ထမ်းဆောင် ရန် တာဝန်ပေး ခံရသော ဝန်ထမ်း များအား ကျန်ဝန်ထမ်းများ နည်းတူ လစာနှစ်ဆ ခံစားခွင့်ရှိ/ မရှိ မေးခွန်းကို မေးမြန်း၍ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဒေါက်တာ လင်းအောင် က ပြန် လည်ဖြေ ကြား

Photo: ခရိုင်၊ တိုင်းဒေသကြီးများသို့မိမိဆန္ဒမပါဘဲသွားရောက်တာဝန်ထမ်းဆောင်
ရန် တာဝန်ပေးခံရသော ဝန်ထမ်းများအား ကျန်ဝန်ထမ်းများနည်းတူ လစာနှစ်ဆခံစားခွင့်ရှိ/ မရှိ မေးခွန်းကို မေးမြန်း၍ ဘဏ္ဍာရေးဒုတိယဝန်ကြီး
ဒေါက်တာလင်းအောင် က ပြန်လည်ဖြေကြား
Friday, August 02, 2013

ယမန်နေ့က ကျင်းပခဲ့သော ၁၆ရက်မြောက်နေ့ ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် ဒေါ်တင်တင်ရီ( ကျွန်းစုမဲဆန္ဒနယ်) က သက်ဆိုင်ရာ
ခရိုင်/တိုင်းဒေသကြီး လိုအပ်ချက်အရ ကျွန်းစုမြို့နယ်အတွင်းမှာ ဌာန
ဆိုင်ရာတွဲဖက်တာဝန်အဖြစ် မိမိဆန္ဒမပါပဲ သွားရောက်၍ တာဝန်
ထမ်းဆောင်နေကြရသူများအား ယခင်မြို့နယ်အတွင်းတာဝန်ထမ်းဆောင်နေ
ရသကဲ့သို့ သတ်မှတ်၍ ကျန်ဝန်ထမ်းများနည်းတူ လစာ(၂ဆ) နှင့် ရှားပါး
စရိတ်အပါအဝင် ခံစားခွင့်ပြုနိုင်ခြင်းရှိ/မရှိကို မေးမြန်းရာ ဘဏ္ဍာရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်က ဘဏ္ဍာရေးဝန်ကြီး
ဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၁/၂၀၁၂ နှင့် ဒေသစရိတ်ခံစားခွင့်
ရှိသော မြို့နယ်များနှင့် ဒေသစရိတ်နှုန်းထားများ ပြင်ဆင်သတ်မှတ်ရာတွင်
ဒေသစရိတ် ခံစားခွင့်ရှိသော မြို့နယ်များတွင်နေထိုင်လျက် တာဝန်ထမ်း
ဆောင်နေသော ဝန်ထမ်းများသာလျှင် ဒေသစရိတ်ကိုခံစားခွင့် ပြုပါကြောင်း
နှင့် ဒေသစရိတ်ခံစားခွင့်ရှိသောဒေသမှ ခံစားခွင့်မရှိသောဒေသသို့ ယာယီ
ပြောင်းရွှေ့ရပါက ယင်းသို့ ပြောင်းရွှေ့ထမ်းဆောင်ရသည့် ကာလအတွင်း (က) ယာယီပြောင်းရွှေ့သည့်ကာလသည် ကူးပြောင်းချိန်အလွတ် (၄)လ ထက်မကျော်လွန်ခြင်း၊ (ခ) ယာယီပြောင်းရွှေ့သည့် ကာလကုန်ဆုံးလျှင် ဝန်ထမ်းအားဒေသစရိတ်ရခွင့်ရှိသော ရာထူးသို့ ပြန်လည်ပြောင်းရွှေ့ရန်
ရည်ရွယ်ကြောင်းဖြင့် ပြောင်းရွှေ့မိန့်တွင် ထည့်သွင်းဖော်ပြပါရှိခြင်း၊
(ဂ) ယာယီပြောင်းရွှေ့ ကာလတွင် ဝန်ထမ်း၏မိသားစုသည် မူလရာထူး
တည်ရာဖြစ်သော ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသတွင်ဆက်လက် နေထိုင်လျှက် ရှိခြင်းစသော စည်းကမ်းချက် ၃ရပ် နှင့်ညီညွတ်မှသာလျှင် ဒေသစရိတ်
ဆက်လက်ခံစားခွင့်ရှိကြောင်းဖြင့် ပြန်လည် ဖြေကြားခဲ့ပါသည်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော် 
 ယမန်နေ့က ကျင်းပခဲ့သော ၁၆ရက်မြောက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါ်တင်တင်ရီ ( ကျွန်းစုမဲဆန္ဒနယ်) က သက်ဆိုင်ရာ ခရိုင်/တိုင်းဒေသကြီး လိုအပ်ချက်အရ ကျွန်းစုမြို့နယ်အတွင်းမှာ ဌာန
ဆိုင်ရာတွဲဖက်တာဝန်အဖြစ် မိမိဆန္ဒမပါပဲ သွားရောက်၍ တာဝန်ထမ်းဆောင်နေကြရသူများအား ယခင် မြို့နယ် အတွင်းတာဝန်ထမ်းဆောင်နေရသကဲ့သို့ သတ်မှတ်၍ ကျန်ဝန်ထမ်းများနည်းတူ လစာ(၂ဆ) နှင့် ရှားပါးစရိတ်အပါအဝင် ခံစားခွင့်ပြုနိုင်ခြင်းရှိ/မရှိကို မေးမြန်းရာ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၁/ ၂၀၁၂ နှင့် ဒေသစရိတ်ခံစားခွင့်ရှိသော မြို့နယ်များနှင့် ဒေသစရိတ်နှုန်းထားများ ပြင်ဆင်သတ်မှတ်ရာတွင်
ဒေသစရိတ် ခံစားခွင့်ရှိသော မြို့နယ်များတွင်နေထိုင်လျက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ သာလျှင် ဒေသစရိတ်ကိုခံစားခွင့် ပြုပါကြောင်းနှင့် ဒေသစရိတ်ခံစားခွင့်ရှိသောဒေသမှ ခံစားခွင့် မရှိသောဒေသ သို့ ယာယီ ပြောင်းရွှေ့ရပါက ယင်းသို့ ပြောင်းရွှေ့ထမ်းဆောင်ရသည့် ကာလအတွင်း (က) ယာယီပြောင်းရွှေ့သည့်ကာလသည် ကူးပြောင်းချိန်အလွတ် (၄)လ ထက်မကျော်လွန်ခြင်း၊ (ခ) ယာယီပြောင်းရွှေ့ သည့် ကာလကုန်ဆုံးလျှင် ဝန်ထမ်းအားဒေသစရိတ်ရခွင့်ရှိသော ရာထူး သို့ ပြန် လည်ပြောင်းရွှေ့ ရန် ရည်ရွယ်ကြောင်းဖြင့် ပြောင်းရွှေ့မိန့်တွင် ထည့်သွင်းဖော်ပြပါရှိခြင်း၊ (ဂ) ယာယီပြောင်းရွှေ့ ကာလတွင် ဝန်ထမ်း၏မိသားစုသည် မူလရာထူး တည် ရာဖြစ်သော ဒေသ စရိတ် ခံစားခွင့် ရှိသည့် ဒေသတွင်ဆက်လက် နေထိုင်လျှက် ရှိခြင်းစသော စည်းကမ်းချက် ၃ရပ် နှင့် ညီညွတ်မှ သာလျှင် ဒေသစရိတ် ဆက်လက်ခံစားခွင့်ရှိကြောင်းဖြင့် ပြန်လည် ဖြေကြားခဲ့ပါသည်။

Pyithu Hluttaw - ပြည်သူ့လွှတ်တော်

No comments:

Post a Comment