Friday 2 August 2013

အင်တာနက် စောင့်ကြည့်ရေး အစီအစဉ် အမေရိကန် စတင်

Photo: အင်တာနက် စောင့်ကြည့်ရေး အစီအစဉ် အမေရိကန် စတင်
Friday, Augest 02, 2013

လျှို့ဝှက် စောင့်ကြည့်ရေး အစီအစဉ် တစ်ခု ဖြစ်သည့် Xkeyscore စနစ်ကို သုံးပြီး အမေရိကန် ထောက်လှမ်းရေး ဌာနသည် အင်တာနက် သုံးသူတိုင်း ကို စောင့်ကြည့်မည်ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

အက်ဒ်ဝပ် စနိုးဒင်ဆိုသူက လျှို့ဝှက်ချက်များကို ခိုးထုတ်သွားသည့် နောက် ပိုင်းတွင် အမျိုးသား လုံခြုံရေးအတွက် အထူး စိုးရိမ်ရသည် ဆိုသော အကြောင်းပြချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း The Guardian သတင်းစာတွင်လည်း ရေးသားထားသည်။

Xkeyscore ဆော့ဖ်ဝဲဖြင့် စောင့်ကြည့်ရေး အစီအစဉ်ကို လုပ်ဆောင်ရန် စနိုးဒန် အချက်အလက် များကို မခိုးထုတ်မီကတည်းက တိုက်တွန်းခဲ့သော် လည်း အမေရိကန် ထောက်လှမ်းရေးသည် ပျက်ကွက်ခဲ့ကြောင်း၊ ကွန်ပျူတာ အင်တာနက် အသုံးပြုသူ၏အီးမေးလ် Account ကို စောင့်ကြည့်ရန် ဗဟိုတရားရေး ဌာနနှင့် သမ္မတထံက ခွင့်ပြုချက်ရမှသာ ဖြစ်မည်ဟု ရက်များ ရွှေ့ဆိုင်းခဲ့ရာမှ ယခုကဲ့သို့ အချက်အလက်များ အခိုးခံလိုက် ရခြင်း ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။

အိမ်ဖြူတော်ကလည်း ယခုကဲ့သို့ အင်တာနက် သုံးသူများကို စောင့်ကြည့် ရခြင်းမှာ မကောင်းသည့် စိတ်ဖြင့် ပြစ်မှု ကျူးလွန်ခြင်းကို တားဆီးရန် သာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

The Guardian သတင်းစာတိုက်၏ Website တွင်လည်း အမေရိကန် ထောက်လှမ်းရေး ဌာန၏ Xkeyscore ပရိုဂရမ်နှင့် ပတ်သက်ပြီး မည်သို့ စီစဉ်နေကြောင်းကို ပုံပြ ဆလိုက်များဖြင့် ဖော်ပြထားသော်လည်း အချက်အလက် အတိအကျကို ဖတ်ရှုနိုင်ခြင်း မရှိစေရန် စီစဉ်ထားသည်။

ထိုဆလိုက်များတွင် ထိပ်တန်း လျှို့ဝှက်ချက်ဆိုသည့် စာတန်းများပါပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ထိပ်တန်း ပုဂ္ဂိုလ်များသာ ဖွင့်ကြည့်နိုင်ရန် စီစဉ်ထားသည် ဆိုသော ကန့်သတ်ချက်များ ပါရှိသည်။

The Voice Weekly
လျှို့ဝှက် စောင့်ကြည့်ရေး အစီအစဉ် တစ်ခု ဖြစ်သည့် Xkeyscore စနစ်ကို သုံးပြီး အမေရိကန် ထောက် လှမ်းရေးဌာနသည် အင်တာနက်သုံးသူတိုင်းကို စောင့်ကြည့်မည်ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြ ထားသည်။
အက်ဒ်ဝပ် စနိုးဒင်ဆိုသူက လျှို့ဝှက်ချက်များကို ခိုးထုတ်သွားသည့် နောက်ပိုင်းတွင် အမျိုးသားလုံခြုံရေး အတွက် အထူး စိုးရိမ်ရသည် ဆိုသော အကြောင်းပြချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း The Guardian သတင်းစာတွင်လည်း ရေးသားထားသည်။

Xkeyscore ဆော့ဖ်ဝဲဖြင့် စောင့်ကြည့်ရေး အစီအစဉ်ကို လုပ်ဆောင်ရန် စနိုးဒန် အချက်အလက် များကို မခိုးထုတ်မီကတည်းက တိုက်တွန်းခဲ့သော် လည်း အမေရိကန် ထောက်လှမ်းရေးသည် ပျက်ကွက် ခဲ့ကြောင်း၊ ကွန်ပျူတာ အင်တာနက် အသုံးပြုသူ၏အီးမေးလ် Account ကို စောင့်ကြည့်ရန် ဗဟိုတရားရေး ဌာနနှင့် သမ္မတထံက ခွင့်ပြုချက်ရမှသာ ဖြစ်မည်ဟု ရက်များ ရွှေ့ဆိုင်းခဲ့ရာမှ ယခုကဲ့သို့ အချက်အလက် များ အခိုးခံလိုက် ရခြင်း ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။

အိမ်ဖြူတော်ကလည်း ယခုကဲ့သို့ အင်တာနက် သုံးသူများကို စောင့်ကြည့် ရခြင်းမှာ မကောင်းသည့် စိတ်ဖြင့် ပြစ်မှု ကျူးလွန်ခြင်းကို တားဆီးရန် သာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

The Guardian သတင်းစာတိုက်၏ Website တွင်လည်း အမေရိကန် ထောက်လှမ်းရေး ဌာန၏ Xkeyscore ပရိုဂရမ်နှင့် ပတ်သက်ပြီးမည်သို့ စီစဉ်နေကြောင်းကို ပုံပြဆလိုက် များဖြင့် ဖော်ပြထားသော် လည်း အချက်အလက် အတိအကျကို ဖတ်ရှုနိုင်ခြင်း မရှိစေရန် စီစဉ်ထားသည်။

ထိုဆလိုက်များတွင် ထိပ်တန်း လျှို့ဝှက်ချက်ဆိုသည့် စာတန်းများပါပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ထိပ်တန်း ပုဂ္ဂိုလ်များသာ ဖွင့်ကြည့်နိုင်ရန် စီစဉ်ထားသည် ဆိုသော ကန့်သတ်ချက်များ ပါရှိသည်။

The Voice Weekly

No comments:

Post a Comment