Friday 2 August 2013

မြဝတီမြို့၌ ရေဘေး သင့် ပြည်သူ များအား ကူညီ ထောက်ပံ့

Photo: မြဝတီမြို့၌ ရေဘေးသင့် ပြည်သူများအား ကူညီ ထောက်ပံ့
Friday, August 2, 2013

ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်တွင် ဇူလိုင် ၂၅ ရက်မှစ၍ ယမန်နေ့အထိ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် မြဝတီမြို့ အမှတ် (၁/၂/၃/၄/၅) ရပ်ကွက်များတွင်ရေကြီး နစ်မြုပ်မှု တွေ့ကြုံခဲ့ရပြီး ရေဘေး
သင့် ပြည်သူများကို ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မြဝတီမြို့ ရေကြီးမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများကို နယ်မြေခံ တပ်မတော်သားများ၊ ခရိုင်/ မြို့နယ်/ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှု အသင်းဝင်များ၊ မီးသတ်/ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စက်လှေများ၊ အသက်ကယ် ဗောများဖြင့် ကယ်ဆယ် ရေးလုပ်ငန်းများ
 ဆောင်ရွက်ခဲ့ကြပြီး မြဝတီမြို့ပေါ်နှင့် ကျေးရွာများရှိ ရေဘေး ကယ်ဆယ်ရေး
စခန်း ၂၃ ခု၊ အိမ်ထောင်စုပေါင်း ၂၁၁၈ စု လူဦးရေပေါင်း ၉၇၈၈ ဦး ကယ်ဆယ် ထားရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်မှု ဖြစ်စဉ်ကြောင့် မြဝတီ- ကော့ကရိတ် တောင်ပေါ်လမ်း မိုင်တိုင်အမှတ် (၉၁/၃)နှင့် (၉၁/၄)အကြား၊ မိုင်တိုင်အမှတ် (၉၁/ ၁)နှင့် (၉၁/၂)အကြား၊ မိုင်တိုင်အမှတ် (၉၁/ဝ)၊ မိုင်တိုင်အမှတ် (၉ဝ/၆)နှင့် (၉ဝ/၇) အကြား၊ မိုင်တိုင်အမှတ် (၇၃/ ၅)၊ မိုင်တိုင်အမှတ် (၇၃/၆)၊ မိုင်တိုင်အမှတ် (၇၄/၂)၊ မိုင်တိုင်အမှတ် (၇၄/ ၄)၊ မိုင်တိုင်အမှတ် (၇၄/၆)၊ မိုင်တိုင်အမှတ် (၇၅/ဝ)၊ မိုင်တိုင်အမှတ် (၇၅/၁)၊  မိုင်တိုင် အမှတ် (၇၅/၆)နှင့် မိုင်တိုင်အမှတ်
(၇၆/၄) နေရာများတွင် လမ်း မြေပြိုခြင်း၊ သစ်ပင် လဲကျခြင်း ဖြစ်စဉ် များကြောင့် ခေတ္တ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရာ ယခုအခါ သက်ဆိုင်ရာမှ အမြန်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရေဘေးသင့် ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စားနပ်ရိက္ခာများ၊ ဆေးဝါးများ ထောက်ပံ့ ကူညီ ဆောင်
ရွက်ပေးလျက် ရှိသည်။ ဇူလိုင် ၃၁ ရက် နံနက် ၆ နာရီတွင် သောင်ရင်း
 မြစ်ရေသည် ၉၂၅ စင်တီမီတာသို့ ပြန်လည် ကျဆင်းသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်တွင် ဇူလိုင် ၂၅ ရက်မှစ၍ ယမန်နေ့အထိ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် မြဝတီမြို့ အမှတ်(၁/၂/၃/၄/၅)ရပ်ကွက်များတွင်ရေကြီး နစ်မြုပ်မှု တွေ့ကြုံခဲ့ရ ပြီး ရေဘေးသင့် ပြည်သူများကိုကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အဆိုပါ မြဝတီမြို့ ရေကြီးမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများကို နယ်မြေခံ တပ်မတော်သားများ၊ ခရိုင်/ မြို့နယ်/ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ နာရေး ကူညီမှု အသင်းဝင်များ၊ မီးသတ်/ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စက်လှေများ၊ အသက်ကယ် ဗောများဖြင့် ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး မြဝတီမြို့ပေါ်နှင့် ကျေးရွာများရှိ ရေဘေး ကယ်ဆယ်ရေး
စခန်း ၂၃ ခု၊ အိမ်ထောင်စုပေါင်း ၂၁၁၈ စု လူဦးရေပေါင်း ၉၇၈၈ ဦး ကယ်ဆယ် ထားရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်မှု ဖြစ်စဉ်ကြောင့် မြဝတီ- ကော့ကရိတ် တောင်ပေါ်လမ်း မိုင်တိုင်အမှတ် (၉၁/၃)နှင့် (၉၁/၄)အကြား၊ မိုင်တိုင်အမှတ် (၉၁/ ၁)နှင့် (၉၁/၂)အကြား၊ မိုင်တိုင်အမှတ် (၉၁/ဝ)၊ မိုင်တိုင်အမှတ် (၉ဝ/၆)နှင့် (၉ဝ/၇) အကြား၊ မိုင်တိုင်အမှတ် (၇၃/ ၅)၊ မိုင်တိုင်အမှတ် (၇၃/၆)၊ မိုင်တိုင်အမှတ် (၇၄/၂)၊ မိုင်တိုင်အမှတ် (၇၄/ ၄)၊ မိုင်တိုင်အမှတ် (၇၄/၆)၊ မိုင်တိုင်အမှတ် (၇၅/ဝ)၊ မိုင်တိုင်အမှတ် (၇၅/၁)၊ မိုင်တိုင် အမှတ် (၇၅/၆)နှင့် မိုင်တိုင်အမှတ် (၇၆/၄) နေရာများတွင် လမ်း မြေပြိုခြင်း၊ သစ်ပင် လဲကျခြင်း ဖြစ်စဉ် များကြောင့် ခေတ္တ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရာ ယခုအခါ သက်ဆိုင်ရာမှ အမြန်ပြင် ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရေဘေးသင့် ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စားနပ်ရိက္ခာ များ၊ ဆေးဝါးများ ထောက်ပံ့ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ဇူလိုင် ၃၁ ရက် နံနက် ၆ နာရီ တွင် သောင်ရင်းမြစ်ရေသည် ၉၂၅ စင်တီမီတာသို့ ပြန်လည်ကျဆင်းသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ

No comments:

Post a Comment