Monday 17 June 2013

သမ္မတလောင်း များ၊ မျှော် လင့်မှု များနှင့် မြန်မာ့ အရေး

Photo: သမ္မတလောင်းများ၊ မျှော်လင့်မှုများနှင့် မြန်မာ့အရေး
Monday, June 17, 2013

ဇွန်လဆန်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် သူရဦးရွှေမန်း ယခု ရက်ပိုင်းများအတွင်း မြန်မာ့နိုင်ငံရေး လောက တွင် သမ္မတ ဖြစ်လိုသူများ၏ အသံများ ကျယ်လောင်လာနေသည်ကို ကြားသိနေရသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်အလွန် အစိုးရသစ်ကို ဦးဆောင်မည့် သမ္မတ နေရာအတွက် ယှဉ်ပြိုင်မည့် သမ္မတလောင်း ဦးရေသည် ၂၀၁၀ ပြည့်နှစ် အလွန်ထက် ပိုမိုများနိုင်သည်ဟု မှတ်ချက်ပြုနိုင်သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတဖြစ်ချင်သည်ဟု တရားဝင် ထုတ်ဖော်ပြောခဲ့သောအခါ ပြည်တွင်း၊ ပြည်ပမှ သမ္မတနေရာအပေါ် စိတ်ဝင်စားမှု များသည်လည်း မြင့်တက်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည်ပင် သမ္မတဖြစ်ရန် စိတ်အားထက်သန် လာခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အထူး ဆက်စပ် နေ သည် ဟု မှတ်ချက်ပြုနိုင်သည်။ နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆ တွင် လည်းကောင်း၊ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ သည် နိုင်ငံတော် ကို ကိုယ်စားပြုသည်ဟု ပုဒ်မ ၅၇ တွင် လည်းကောင်း၊ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံး တွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်ဟု ပုဒ်မ ၅၈ တွင်လည်းကောင်း၊ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်၊ နိုင်ငံသားများနှင့် နိုင်ငံတော် အုပ်ချုပ်ရေးတို့တွင် သမ္မတ၏ နေရာကို ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော် သမ္မတသည် ပုဒ်မ ၂၀၁ အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို ဦးဆောင်ပြီး ပုဒ်မ ၂၀၃ အရ ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရသည်။ နိုင်ငံတော် သမ္မတသည် ပုဒ်မ ၂၀၄ (က) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနိုင်သော်လည်း၊ ပုဒ်မ ၂၀၄ (ခ) အရ လွတ်ငြိမ်းချမ်းသာခွင့်ကိုမူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံမှုနှင့်သာ ပေးနိုင်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော် သမ္မတ သည် ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ဝင်များ အပါအ၀င် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အကြီးအကဲ အများစုကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီမှုဖြင့် ခန့်ထားနိုင်သည်။ သမ္မတ၏ လုပ်ပိုင်ခွင့်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျယ်ပြန့်ပြီး သမ္မတသည်သာ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဖိဖိစီးစီး လုပ်နိုင်မည် ဖြစ်သည်ဟု ယူဆနိုင်သည့် အလျောက် ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမ္မတ ဖြစ်လိုသည်ဟု ထုတ်ဖော်ပြောလာခြင်း ဖြစ်နိုင်သည်ဟု မှတ်ချက်ပြုမှု အချို့လည်း ရှိနေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၈ အရ သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယ ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယ စာရင်းစစ် ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို ခန့်အပ်နိုင်သည့်အပြင် ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ဥပဒေနှင့်အညီ ခန့်အပ်နိုင်၊ ထုတ်ပယ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းအကြား ဆက်ဆံရေးသည် လာမည့်ရွေးကောက်ပွဲ မတိုင်မီ ပိုမိုအားကောင်း လာနိုင်ပြီး နှစ်ဦးအကြား မဟာမိတ်အသွင် ဆက်ဆံရေးမျိုး ဖြစ်လာနိုင်သည်ဟု လည်း ကောက်ချက်ပြုမှုများ ရှိနေသည်။ သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား သုံးနားညီ ဆက်ဆံရေးသည် ပုံရိပ်စစ်လား၊ ပုံရိပ်ယောင်လား ဆိုသည်ကိုမူ တိတိကျကျ မှတ်ချက်မပြုနိုင်ကြချေ . . . . .

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် သမ္မတသည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး နယ်ပယ်တွင် လုပ်ပိုင်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားသော်လည်း အများစုမှာ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၊ သဘောတူညီချက် ရယူပြီးမှသာ ဆောင်ရွက်နိုင်သည့် အနေအထားရှိသည်။ ပုဒ်မ ၄၁၀ အရ နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေ ညာနိုင်သော် လည်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရန် လိုအပ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရန် နှစ်နှစ်ကျော်ကျော် လိုသေးသည့် အချိန်တွင် မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်း၌ သမ္မတ ဖြစ်လိုသူများ တန်းစီထုတ်ဖော် လာကြသည်။ သက်တမ်းတစ်ခုသာ တာဝန်ယူမည် ဟု ပြောခဲ့သော သမ္မတဦးသိန်းစိန်က ဒုတိယသက်တမ်းတွင် သမ္မတပြန်လုပ် ရန် စဉ်းစားမည်ဟု ထုတ်ဖော်ပြောခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမအနေဖြင့် တိုင်းပြည်နှင့် ပြည်သူ လူထု အကျိုးကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်ရန် သမ္မတဖြစ်လိုပါ သည် ဟု ပြည်တွင်း၊ ပြည်ပတွင် အတိအလင်း ကြေညာ ခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် မရှေး မနှောင်း၊ သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်ပြောလာပြန်သူမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတသို့ သွားရာလမ်းတွင် ပထမဦးစွာ ဒုတိယသမ္မတဖြစ်ရန် လိုအပ်သည်။ ဒုတိယသမ္မတ သို့ ရောက်ရှိနိုင် သည့် လမ်းသုံးသွယ်ရှိသည်။ ပြည်သူ့လွှတ်တော်လမ်း၊ အမျိုးသား လွှတ်တော်လမ်းနှင့် တပ်မတော်လမ်းတို့ ဖြစ် သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၃၀ အနက် ၁၆၆ ဦးက ထောက်ခံလျှင် ပြည်သူ့လွှတ်တော်လမ်းမှ ရွေးချယ်သည့် ဒုတိယသမ္မတ ဖြစ်နိုင်သည်။ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ၁၆၈ ဦးအနက် ၈၅ ဦးက ထောက်ခံလျှင် အမျိုးသားလွှတ်တော်လမ်းမှ ရွေးချယ် သည့် ဒုတိယသမ္မတ ဖြစ်နိုင်သည်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးအနက် ၈၄ ဦးက ထောက်ခံလျှင် တပ်မတော်လမ်းမှ ဒုတိယသမ္မတ ဖြစ်နိုင်သည်။

မည်သူမဆို လွှတ်တော်နှစ်ရပ်တွင် ဒုတိယသမ္မတဖြစ်ရန် မသေချာလျှင် တပ်မတော် လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးတင်သည့် ဒုတိယသမ္မတ ဖြစ်လာနိုင်ရန် ပြင်ဆင်ဆောင်ရွက် လာနိုင်သည့်နည်းတူ တပ်မတော် အရာရှိကြီး တစ်ဦးဦးသည်လည်း ဒုတိယသမ္မတ ဖြစ်လာနိုင် သည်။ လက်ရှိသမ္မတ ဦးသိန်းစိန်၊ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား သုံးပွင့်ဆိုင် ဆက်ဆံရေးကို သုံးသပ်ဆန်းစစ်လျှင် သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အကြား ဆက်ဆံရေးနှင့် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့အကြား ဆက်ဆံရေး တို့သည် အေးစက်နေသည်ဟု ဆိုနိုင်သော် လည်း ဒေါ်အောင်ဆန်း စုကြည်နှင့် သူရဦးရွှေမန်းတို့ နှစ်ဦးအကြား ဆက်ဆံရေးမှာ ထူးခြားကောင်းမွန်နေသည်ကို တွေ့နိုင်သည်။ အတည်မပြုနိုင်သော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ရန် ရန်ကုန်မြို့မှ နေပြည်တော်သို့ ကားနှင့်ထွက်ခွာ ခဲ့သည့်အချိန်တွင် သူရဦးရွှေမန်းသည် လှည်းကူးမြို့မှ ဒေါ်အောင်ဆန်း စုကြည်ကို စောင့်ကြိုပြီး ယာဉ်တန်းတစ်ခုတည်းအဖြစ် နေပြည်တော်သို့ သွားရောက်ခဲ့သည်။

ထို့အပြင် ကမ္ဘာ့စီးပွားရေးဖိုရမ်၊ ညစာစားပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် သည် သူရဦးရွှေမန်းအား ဖိတ်ကြားမှုနှင့် ပတ်သက်၍ ဘ၀င်မကျသဖြင့် ဖိတ်စာရလင့်ကစား တက်ရောက်ခဲ့ခြင်း မရှိဟု အတည်မပြုနိုင်လင့်ကစား စိတ်ဝင်စားဖွယ် ကြားသိခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းအကြား ဆက်ဆံရေးသည် လာမည့်ရွေးကောက်ပွဲ မတိုင်မီ ပိုမိုအားကောင်း လာနိုင်ပြီး နှစ်ဦးအကြား မဟာမိတ်အသွင် ဆက်ဆံရေးမျိုး ဖြစ်လာနိုင်သည်ဟုလည်း ကောက်ချက်ပြုမှုများ ရှိနေသည်။ သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား သုံးနားညီ ဆက်ဆံရေးသည် ပုံရိပ်စစ်လား၊ ပုံရိပ်ယောင်လား ဆိုသည်ကိုမူ တိတိကျကျ မှတ်ချက်မပြုနိုင်ကြချေ။

ဒုတိယသမ္မတ သုံးဦးအနက် တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စု လွှတ်တော် တွင် မဲပေးရွေးချယ်မည် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၆၄ ဦး အနက် ၃၃၃ ဦးက ထောက်ခံသူသည် နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်ခံရမည် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးသည် သမ္မတအတွက် လိုအပ်သော ထောက်ခံမဲ ထက်ဝက်ကို ကိုယ်စားပြုသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှု ရရှိသူသည် သမ္မတဖြစ်ရန် အလေးသာသည်ဟု ယေဘုယျ မှတ်ချက်ပြုနိုင်သည်။ လတ်တလော သမ္မတဖြစ်လိုသူ သုံးဦးတွင် နှစ်ဦးသည် တပ်မတော် အရာရှိကြီးဟောင်း များ ဖြစ်သဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များ၏ ထောက်ခံမှုသည် သူတို့နှစ်ဦးထံ တိမ်းညွတ်နိုင်သည်ဟု ယေဘုယျ မှတ်ချက်ပြုနိုင်သော်လည်း တပ်မတော်မှ အရာရှိကြီး တစ်ဦးဦး သမ္မတဖြစ်လာ နိုင်ခြေမှာလည်း မြင့်မားသည်ဟု မှတ်ချက်ပြုနိုင်သည်။

ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရွေးချယ်ရာ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံမှု၏ အရေးပါမှုကို သိမြင်သည့်အလျောက် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နှင့် ယုံကြည်မှု တည်ဆောက်ရေးကို လွန်ခဲ့သော ကာလများအတွင်း အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ပုံ ရသည်ဟုလည်း သုံးသပ်ကြသည်။ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များနှင့် ထိတွေ့ဆက်ဆံ မှုများမှတစ်ဆင့် တပ်မတော်၏ ယုံကြည်မှုကို တည်ဆောက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပြုမှုများသည် တပ်မတော်၏ အမိန့်နာခံသော အထက်အောက် ဖွဲ့စည်းမှု ပုံစံဘက်မှ စဉ်းစားလျှင် အနည်းငယ် ချွတ်ချော်မှုများ ရှိနေသည်ဟု ခံစားမိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်နိုင်ခြေကို လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆန်းစစ်ကြည့်လျှင် အလွန်အလားအလာ နည်းသည်ဟု မှတ်ချက်ပြုရမည် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်မှသာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်နိုင်မည် ဖြစ်သည်။ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်ရန် မှာလည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၄၉၉ ဦးက ထောက်ခံရမည့်အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ထောက်ခံမှုကို ရရှိရန် လိုအပ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ခရီးသည် ရှည်လျားဖွယ် ရှိနေသည်။ ပုဒ်မ ၅၉ (စ)ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ထည့်သွင်းနိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၃၃ ဦးက ထောက်ခံရမည် ဖြစ်သည်။

လက်ရှိလွှတ်တော် အခင်းအကျင်းတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၃၃ ဦး၏ ကနဦး ထောက်ခံမှုကို ရရှိနိုင်ရေး အတွက်ပင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အတော်လုံးပန်းရဖွယ် ရှိနေသည် ဟုလည်း မှတ်ချက်ပြုမှုများ ရှိနေသည်။
ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီး သမ္မတဖြစ်နိုင်ခြေ နည်းပါးလာပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို သမ္မတ ဖြစ်နိုင်ရေးအတွက် ထောက်ခံ မှု ပေးလာနိုင်သည်ဟုလည်း သုံးသပ်ချက်အချို့ ရှိနေသည်။ လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်နေရာ ၁၃၀ ၌ အနိုင်ရရှိခဲ့ပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး၏ ထောက်ခံမှုနှင့်ပေါင်းလျှင် တပ်မတော်မှ ရွေးချယ်သော ဒုတိယသမ္မတ တစ်ဦးသည် သမ္မတ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအလွန် သမ္မတရွေးချယ်မှုသည် ပြည်တွင်း၊ ပြည်ပ စောင့်ကြည့်လေ့လာ သူများအကြား အထူးရေပန်းစား စိတ်ဝင်စားလာနိုင်ဖွယ် ရှိနေသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အောက်ပါအတိုင်း ကတိသစ္စာ ပြုရမည် ဖြစ်သည်။ "ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက်နှင့် ကိုယ်ကိုအပ်နှင်းသည် ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာ ပြုသည်။"

နိဂုံး
အချုပ်အားဖြင့်ဆိုသော် ၂၀၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေးတွင် သမ္မတ ဖြစ်လာမည့်သူသည် ယနေ့ကာလထက် ပိုမိုကြီးလေးသော၊ ရှုပ်ထွေးသော၊ ကျယ်ပြန့်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုများကို ရင်ဆိုင်လာရနိုင်ဖွယ် ရှိသော်လည်း လွှတ်တော်များနှင့် အစိုးရအဖွဲ့သည် ယနေ့ကာလထက် ပိုမိုအားကောင်း မောင်းသန်သော အဖွဲ့အစည်းများ ဖြစ်လာနိုင်မည်ဆိုပါက တော်သေးသည်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံရေး ဖြစ်စဉ်များအပေါ် မှန်းဆတွက်ချက် ရသည်မှာ ကျားမြီးဆွဲရသကဲ့သို့ ဖြစ်တတ်သဖြင့် အကောင်းဆုံးကို မျှော်လင့်ထားသည့် တစ်ချိန်တည်းတွင် အဆိုးဆုံးကို ရင်ဆိုင်နိုင်ရန်လည်း အသင့်ပြင်ဆင်ထားသင့်ပါကြောင်း ကြေညာမောင်းခတ် လိုက်ရပါသည်။

EMG
ဇွန်လဆန်းက နေပြည်တော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက် လာသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် သူရဦးရွှေမန်း ယခု ရက်ပိုင်းများအတွင်း မြန် မာ့နိုင်ငံရေး လောကတွင် သမ္မတ ဖြစ်လိုသူများ၏ အသံများကျယ်လောင်လာနေသည်ကို ကြားသိနေရ သည်။
ထို့ကြောင့် ၂၀၁၅ ခုနှစ်အလွန် အစိုးရသစ်ကို ဦးဆောင်မည့် သမ္မတ နေရာအတွက် ယှဉ်ပြိုင်မည့် သမ္မတလောင်း ဦးရေသည် ၂၀၁၀ ပြည့်နှစ် အလွန်ထက် ပိုမိုများနိုင်သည်ဟု မှတ်ချက်ပြုနိုင်သည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတဖြစ်ချင်သည်ဟု တရားဝင် ထုတ်ဖော်ပြောခဲ့သောအခါ ပြည်တွင်း၊ ပြည်ပမှ သမ္မတနေရာအပေါ် စိတ်ဝင်စားမှု များသည်လည်း မြင့်တက်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည်ပင် သမ္မတဖြစ်ရန် စိတ်အားထက်သန် လာခြင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အထူး ဆက်စပ် နေ သည် ဟု မှတ်ချက်ပြုနိုင်သည်။ နိုင်ငံတော် အကြီး အကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတ ဖြစ်သည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆ တွင် လည်းကောင်း၊ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ သည် နိုင်ငံတော် ကို ကိုယ်စားပြုသည်ဟု ပုဒ်မ ၅၇ တွင် လည်းကောင်း၊ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံး တွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်ဟု ပုဒ်မ ၅၈ တွင်လည်းကောင်း၊ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်၊ နိုင်ငံသားများနှင့် နိုင်ငံတော် အုပ်ချုပ်ရေးတို့တွင် သမ္မတ၏ နေရာကို ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံတော် သမ္မတသည် ပုဒ်မ ၂၀၁ အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို ဦးဆောင်ပြီး ပုဒ်မ ၂၀၃ အရ ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရသည်။ နိုင်ငံတော် သမ္မတသည် ပုဒ်မ ၂၀၄ (က) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနိုင်သော်လည်း၊ ပုဒ်မ ၂၀၄ (ခ) အရ လွတ်ငြိမ်းချမ်းသာခွင့်ကိုမူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံမှုနှင့်သာ ပေးနိုင်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော် သမ္မတ သည် ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ဝင်များ အပါအ၀င် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အကြီးအကဲ အများစုကို ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီမှုဖြင့် ခန့်ထားနိုင်သည်။ သမ္မတ၏ လုပ်ပိုင်ခွင့်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျယ်ပြန့်ပြီး သမ္မတသည်သာ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဖိဖိစီးစီး လုပ်နိုင်မည် ဖြစ်သည် ဟု ယူဆနိုင်သည့် အလျောက် ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမ္မတ ဖြစ်လို သည်ဟု ထုတ်ဖော်ပြောလာခြင်း ဖြစ်နိုင်သည်ဟု မှတ်ချက်ပြုမှု အချို့လည်း ရှိနေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၈ အရ သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုတိယ ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဒုတိယ စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို ခန့်အပ်နိုင်သည့်အပြင် ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူး များကို ဥပဒေနှင့်အညီ ခန့်အပ်နိုင်၊ ထုတ်ပယ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းအကြား ဆက်ဆံရေးသည် လာမည့်ရွေးကောက်ပွဲ မတိုင်မီ ပိုမိုအားကောင်း လာနိုင်ပြီး နှစ်ဦးအကြား မဟာမိတ်အသွင် ဆက်ဆံရေးမျိုး ဖြစ်လာနိုင်သည်ဟု လည်း ကောက်ချက်ပြုမှု များ ရှိနေသည်။ သမ္မတ ဦးသိန်းစိန်၊ သူရ ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်း စုကြည်တို့အကြား သုံးနားညီ ဆက်ဆံရေးသည် ပုံရိပ်စစ်လား၊ ပုံရိပ်ယောင်လား ဆိုသည်ကိုမူ တိတိကျကျ မှတ်ချက်မပြုနိုင်ကြချေ . . . . .

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် သမ္မတသည် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး နယ်ပယ်တွင် လုပ်ပိုင်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ရရှိထားသော်လည်း အများစုမှာ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၊ သဘောတူညီချက် ရယူပြီးမှသာ ဆောင်ရွက်နိုင်သည့် အနေအထားရှိသည်။ ပုဒ်မ ၄၁၀ အရ နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေ ညာနိုင်သော် လည်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရန် လိုအပ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရန် နှစ်နှစ်ကျော်ကျော် လိုသေးသည့် အချိန်တွင် မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်း၌ သမ္မတ ဖြစ်လိုသူများ တန်းစီထုတ်ဖော် လာကြသည်။ သက်တမ်းတစ်ခုသာ တာဝန် ယူမည် ဟု ပြောခဲ့သော သမ္မတဦးသိန်းစိန်က ဒုတိယသက်တမ်းတွင် သမ္မတပြန်လုပ် ရန် စဉ်းစားမည်ဟု ထုတ်ဖော်ပြောခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမအနေဖြင့် တိုင်းပြည်နှင့် ပြည်သူ လူထု အကျိုးကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်ရန် သမ္မတဖြစ်လိုပါ သည် ဟု ပြည်တွင်း၊ ပြည်ပတွင် အတိအလင်း ကြေညာ ခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် မရှေး မနှောင်း၊ သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်ပြောလာပြန်သူမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတသို့ သွားရာလမ်းတွင် ပထမဦးစွာ ဒုတိယသမ္မတဖြစ်ရန် လိုအပ်သည်။ ဒုတိယသမ္မတ သို့ ရောက်ရှိနိုင် သည့် လမ်းသုံးသွယ်ရှိသည်။ ပြည်သူ့လွှတ်တော်လမ်း၊ အမျိုးသား လွှတ်တော်လမ်းနှင့် တပ်မတော်လမ်းတို့ ဖြစ် သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၃၀ အနက် ၁၆၆ ဦးက ထောက်ခံလျှင် ပြည်သူ့လွှတ်တော်လမ်းမှ ရွေးချယ်သည့် ဒုတိယသမ္မတ ဖြစ်နိုင်သည်။ အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ၁၆၈ ဦးအနက် ၈၅ ဦးက ထောက်ခံလျှင် အမျိုးသား လွှတ်တော် လမ်းမှ ရွေးချယ် သည့် ဒုတိယသမ္မတ ဖြစ်နိုင်သည်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးအနက် ၈၄ ဦးက ထောက်ခံလျှင် တပ်မတော်လမ်းမှ ဒုတိယသမ္မတ ဖြစ်နိုင်သည်။

မည်သူမဆို လွှတ်တော်နှစ်ရပ်တွင် ဒုတိယသမ္မတဖြစ်ရန် မသေချာလျှင် တပ်မတော် လွှတ်တော် ကိုယ်စားလှယ်များမှ ရွေးတင်သည့် ဒုတိယသမ္မတ ဖြစ်လာနိုင်ရန် ပြင်ဆင်ဆောင်ရွက် လာနိုင်သည့် နည်းတူ တပ်မတော် အရာရှိကြီး တစ်ဦးဦးသည်လည်း ဒုတိယသမ္မတ ဖြစ်လာနိုင် သည်။ လက်ရှိသမ္မတ ဦးသိန်းစိန်၊ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား သုံးပွင့်ဆိုင် ဆက်ဆံရေးကို သုံးသပ်ဆန်းစစ်လျှင် သမ္မတဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့အကြား ဆက်ဆံရေးနှင့် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့အကြား ဆက်ဆံရေး တို့သည် အေးစက်နေသည်ဟု ဆိုနိုင်သော် လည်း ဒေါ်အောင်ဆန်း စုကြည်နှင့် သူရဦးရွှေမန်းတို့ နှစ်ဦးအကြား ဆက်ဆံရေးမှာ ထူးခြားကောင်းမွန်နေသည်ကို တွေ့နိုင်သည်။ အတည်မပြုနိုင်သော သတင်းများ အရ ဒေါ်အောင်ဆန်း စုကြည်သည် ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ရန် ရန်ကုန်မြို့မှ နေပြည်တော်သို့ ကားနှင့်ထွက်ခွာ ခဲ့သည့်အချိန်တွင် သူရဦးရွှေမန်းသည် လှည်းကူးမြို့မှ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုပြီး ယာဉ်တန်း တစ်ခုတည်း အဖြစ် နေပြည်တော်သို့ သွားရောက်ခဲ့သည်။

ထို့အပြင် ကမ္ဘာ့စီးပွားရေးဖိုရမ်၊ ညစာစားပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် သည် သူရဦးရွှေမန်းအား ဖိတ်ကြားမှုနှင့် ပတ်သက်၍ ဘ၀င်မကျသဖြင့် ဖိတ်စာရလင့်ကစား တက်ရောက်ခဲ့ခြင်း မရှိဟု အတည်မပြုနိုင် လင့်ကစား စိတ်ဝင်စားဖွယ် ကြားသိခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း အကြား ဆက်ဆံရေးသည် လာမည့်ရွေးကောက်ပွဲ မတိုင်မီ ပိုမိုအားကောင်း လာနိုင်ပြီး နှစ်ဦးအကြား မဟာမိတ်အသွင် ဆက်ဆံရေးမျိုး ဖြစ်လာနိုင်သည်ဟုလည်း ကောက်ချက်ပြုမှုများ ရှိနေသည်။ သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား သုံးနားညီ ဆက်ဆံရေးသည် ပုံရိပ်စစ်လား၊ ပုံရိပ်ယောင်လား ဆိုသည်ကိုမူ တိတိကျကျ မှတ်ချက်မပြုနိုင်ကြချေ။

ဒုတိယသမ္မတ သုံးဦးအနက် တစ်ဦးကို သမ္မတအဖြစ် ပြည်ထောင်စု လွှတ်တော် တွင် မဲပေးရွေးချယ် မည် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၆၄ ဦး အနက် ၃၃၃ ဦးက ထောက်ခံ သူသည် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံရမည် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်ရှိ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးသည် သမ္မတအတွက် လိုအပ်သော ထောက်ခံမဲ ထက်ဝက်ကို ကိုယ်စားပြုသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှု ရရှိသူသည် သမ္မတဖြစ်ရန် အလေးသာသည်ဟု ယေဘုယျ မှတ်ချက်ပြုနိုင်သည်။ လတ်တလော သမ္မတဖြစ်လိုသူ သုံးဦးတွင် နှစ်ဦး သည် တပ်မတော် အရာရှိကြီးဟောင်း များ ဖြစ်သဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် များ၏ ထောက်ခံမှုသည် သူတို့နှစ်ဦးထံ တိမ်းညွတ်နိုင်သည်ဟု ယေဘုယျ မှတ်ချက်ပြုနိုင်သော် လည်း တပ်မတော်မှ အရာရှိကြီး တစ်ဦးဦး သမ္မတဖြစ်လာ နိုင်ခြေမှာ လည်း မြင့်မား သည် ဟု မှတ်ချက်ပြုနိုင်သည်။

ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရွေးချယ်ရာ၌ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များ ထောက်ခံမှု၏ အရေးပါမှုကို သိမြင်သည့်အလျောက် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နှင့် ယုံကြည်မှု တည်ဆောက်ရေးကို လွန်ခဲ့သော ကာလများအတွင်း အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ပုံ ရသည်ဟုလည်း သုံးသပ်ကြသည်။ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များနှင့် ထိတွေ့ဆက်ဆံ မှုများမှတစ်ဆင့် တပ်မတော်၏ယုံကြည်မှုကို တည်ဆောက် ရန် ဒေါ်အောင်ဆန်း စုကြည်၏ အဆိုပြုမှုများသည် တပ်မတော်၏ အမိန့်နာခံသော အထက်အောက် ဖွဲ့စည်းမှု ပုံစံဘက်မှ စဉ်းစားလျှင် အနည်းငယ် ချွတ်ချော်မှုများ ရှိနေသည်ဟု ခံစားမိ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်နိုင်ခြေကို လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆန်းစစ်ကြည့်လျှင် အလွန်အလားအလာ နည်းသည်ဟု မှတ်ချက်ပြုရမည် ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်မှသာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်နိုင်မည် ဖြစ်သည်။ ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်နိုင်ရန် မှာလည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၄၉၉ ဦးက ထောက်ခံ ရမည့် အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ထောက်ခံမှုကို ရရှိရန် လိုအပ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေး ခရီးသည် ရှည်လျားဖွယ် ရှိနေသည်။ ပုဒ်မ ၅၉ (စ)ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ထည့်သွင်းနိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၃၃ ဦးက ထောက်ခံရ မည် ဖြစ်သည်။

လက်ရှိလွှတ်တော် အခင်းအကျင်းတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၃၃ ဦး၏ ကနဦး ထောက်ခံမှုကို ရရှိနိုင်ရေး အတွက်ပင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အတော်လုံးပန်းရဖွယ် ရှိနေသည် ဟုလည်း မှတ်ချက်ပြုမှုများ ရှိနေသည်။

ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြီး သမ္မတဖြစ်နိုင်ခြေ နည်းပါးလာ ပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို သမ္မတ ဖြစ်နိုင်ရေးအတွက် ထောက်ခံ မှု ပေးလာနိုင် သည် ဟုလည်း သုံးသပ်ချက်အချို့ ရှိနေသည်။ လာမည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၃၀ ၌ အနိုင်ရရှိခဲ့ပါက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး၏ ထောက်ခံမှုနှင့်ပေါင်းလျှင် တပ်မတော်မှ ရွေးချယ်သော ဒုတိယသမ္မတ တစ်ဦးသည် သမ္မတ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအလွန် သမ္မတရွေးချယ်မှုသည် ပြည်တွင်း၊ ပြည်ပ စောင့်ကြည့်လေ့လာ သူများအကြား အထူးရေပန်းစား စိတ်ဝင်စားလာနိုင်ဖွယ် ရှိနေသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အောက်ပါအတိုင်း ကတိသစ္စာ ပြုရမည် ဖြစ်သည်။ "ကျွန်ုပ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင် ငံတော်နှင့် နိုင်ငံသား များအပေါ် သစ္စာစောင့်သိ ရိုသေပြီး ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက် ပါမည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောက ပါလ တရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင် စု သမ္မတ မြန်မာနိုင်ငံတော်အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက်နှင့် ကိုယ်ကိုအပ်နှင်းသည် ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာ ပြုသည်။"

နိဂုံး
အချုပ်အားဖြင့်ဆိုသော် ၂၀၁၅ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေးတွင် သမ္မတ ဖြစ်လာမည့်သူသည် ယနေ့ ကာလထက် ပိုမိုကြီးလေးသော၊ ရှုပ်ထွေးသော၊ ကျယ်ပြန့်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှု များကို ရင်ဆိုင်လာရနိုင်ဖွယ် ရှိသော်လည်း လွှတ်တော်များနှင့် အစိုးရအဖွဲ့သည် ယနေ့ကာလထက် ပိုမိုအားကောင်း မောင်းသန်သော အဖွဲ့အစည်းများ ဖြစ်လာနိုင်မည် ဆိုပါက တော်သေးသည်ဟု ဆိုရ မည်ဖြစ်သည်။ နိုင်ငံရေး ဖြစ်စဉ်များအပေါ် မှန်းဆတွက်ချက် ရသည်မှာ ကျားမြီးဆွဲရ သကဲ့သို့ ဖြစ် တတ် သဖြင့် အကောင်းဆုံးကို မျှော်လင့်ထားသည့် တစ်ချိန်တည်းတွင် အဆိုးဆုံးကို ရင်ဆိုင်နိုင်ရန်လည်း အသင့်ပြင်ဆင်ထားသင့်ပါကြောင်း ကြေညာမောင်းခတ် လိုက်ရပါသည်။

EMG

No comments:

Post a Comment