Monday 17 June 2013

UNHCR ကတ် ကိုင်ဆောင် ထားသော မြန်မာ များကို တတိ ယနိုင်ငံ သို့ အမြန် ပို့ ရန် မလေးရှား တိုက် တွန်း

Photo: UNHCR ကတ်ကိုင်ဆောင်ထားသော မြန်မာများကို တတိယနိုင်ငံသို့ အမြန်ပို့ ရန် မလေးရှားတိုက်တွန်း
Monday, June 17, 2013

UNHCR ကတ်ကိုင်ဆောင်ထားသော မြန်မာများကို တတိယနိုင်ငံသို့ အမြန်ပို့ရန် မလေးရှားတိုက်တွန်းကွာလာလမ်ပူ-မလေးရှား နိုင်ငံတွင် UNHCR က ထုတ်ပေးသော ဒုက္ခသည်  ကတ်ကိုင်ဆောင်ပြီး တတိယ နိုင်ငံသို့ သွားရောက်ရန် စောင့်ဆိုင်းနေသော မြန်မာနိုင်ငံ သားများကို အမြန်ဆုံး ပို့ဆောင်ပေးရန် ကုလသမဂ္ဂသို့ မလေးရှားနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနက ဇွန်လ ၁၄ ရက် တွင် အကြောင်းကြား လိုက်ကြောင်း သတင်း ရရှိသည်။

 “မလေးမှာ အခုဖြစ်နေတဲ့ ကိစ္စ တွေနဲ့ သက်ဆိုင်တယ်။ ကျွန်တော်တို့လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ သမ္မတရုံးကို အဲဒီ သတင်းကို ချက်ချင်း ပို့လိုက်တယ်”ဟု မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောသည်။မလေးရှား နိုင်ငံတွင် ကုလသမဂ္ဂက ထုတ်ပေးသော ဒုက္ခသည် ကတ်ကိုင်ဆောင် ထားသူများ အနေဖြင့် မည်သည့်ရဲမှ မဖမ်းဆီးဘဲ အလုပ်ပါ လုပ်နိုင်သဖြင့် မြန်မာနိုင်ငံသား အချို့မှာ ထိုကတ် ကိုင်ဆောင်ပြီး အလုပ်လုပ် နေကြသည်။ အဆိုပါ ဒုက္ခသည် ကတ်ကိုင် ဆောင်ထားသူ အများစုမှာ ချင်းတိုင်းရင်းသား များဖြစ်ကြသည်။ 

ကုလသမဂ္ဂက ထုတ်ပေးသော ဒုက္ခသည် ကတ်ကိုင်ဆောင် ထားသူ မြန်မာနိုင်ငံသား ကိုးသောင်းကျော် ရှိကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ အရာရှိကြီး တစ်ဦးက ပြောကြားသည်။ 

7Day News Journal
ကွာလာလမ်ပူ-မလေးရှား နိုင်ငံတွင် UNHCR က ထုတ်ပေးသောဒုက္ခသည် ကတ်ကိုင်ဆောင်ပြီး တတိယ နိုင်ငံသို့ သွားရောက်ရန် စောင့်ဆိုင်းနေသော မြန်မာနိုင်ငံသားများကို အမြန်ဆုံး ပို့ဆောင်ပေးရန် ကုလသမဂ္ဂသို့ မလေးရှားနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာနက ဇွန်လ ၁၄ ရက် တွင် အကြောင်းကြား လိုက်ကြောင်း သတင်း ရရှိသည်။

 “မလေးမှာ အခုဖြစ်နေတဲ့ ကိစ္စ တွေနဲ့ သက်ဆိုင်တယ်။ ကျွန်တော်တို့လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ သမ္မတရုံးကို အဲဒီ သတင်းကို ချက်ချင်း ပို့လိုက်တယ်”ဟု မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။မလေးရှားနိုင်ငံတွင် ကုလသမဂ္ဂကထုတ်ပေးသော ဒုက္ခသည်ကတ် ကိုင်ဆောင် ထားသူများ အနေဖြင့် မည်သည့်ရဲမှ မဖမ်းဆီးဘဲ အလုပ်ပါ လုပ်နိုင်သဖြင့် မြန်မာနိုင်ငံသား အချို့မှာ ထိုကတ် ကိုင်ဆောင်ပြီး အလုပ်လုပ် နေကြသည်။ အဆိုပါ ဒုက္ခသည် ကတ်ကိုင် ဆောင်ထားသူ အများစုမှာ ချင်းတိုင်းရင်းသား များဖြစ်ကြသည်။

ကုလသမဂ္ဂက ထုတ်ပေးသော ဒုက္ခသည် ကတ်ကိုင်ဆောင် ထားသူ မြန်မာနိုင်ငံသား ကိုးသောင်းကျော် ရှိကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ အရာရှိကြီး တစ်ဦးက ပြောကြားသည်။

7Day News Journal


1 comment:

  1. သူများတိုင်းပြည်မှာ လုပ်ခိုင်းရင်အပြတ်ပဲ
    လုပ်လိုက်၇င်ပြတ်ပြတ်ပဲ
    ဘာလဲ ဒီမှာက ပြောတောင်မပြောရသေး
    ဘာလေး ညာလေး နဲ့
    သောက်ရေးမပါ။
    ကိုယ့်လူသူ့ဘက်ကရှိသေး။

    ReplyDelete