Monday 17 June 2013

မလေးရှားနိုင်ငံ ဆလာရန်း ဒေသတွင် အကြမ်းဖက် တိုက်ခိုက်ခံရသူ တစ်ဦးအပါအ၀င် မြန်မာအလုပ်သမား ၂၅ ဦး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်

malay-june17
ဇွန် ၁၅ ရက်က မလေးရှားနိုင်ငံမှ မြန်မာ အလုပ်သမားများ မြန်မာနိုင်ငံ သို့ ပြန် လည်ရောက်ရှိ လာစဉ်
မလေးရှားနိုင်ငံ ဆလာရန်းဒေတွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသူ တစ်ဦးအပါအ၀င် ဆလာရန်း ၀န်းကျင်၌ နေထိုင်သူများ ပါဝင်သော မြန်မာ အလုပ်သမား ၂၅ ဦးသည် ဇွန် ၁၇ ရက် (ယနေ့) တွင် MAI လေကြောင်း လိုင်းဖြင့် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့သို့ ပြန် လည်ရောက်ရှိ မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်က သတင်းပေးပို့ပါသည်။

အဆိုပါ ၂၅ ဦးသည် ဧရာဝတီ ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ခြင်း ဖြစ်ပါသည်။ 

"ကျွန်တော်တို့ အနေနဲ့ မလေးရှားမှာ ရှိနေတဲ့ မြန်မာအလုပ်သမားတွေ ထဲက မြန်မာပြည် ပြန်ချင်တဲ့ လူတွေကို ဦးစားပေးအဆင့် လေးဆင့်နဲ့ ပို့ဆောင်ပေးနေပါတယ်။ ပထမအဆင့် အနေနဲ့ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတဲ့ သူတွေရဲ့ မိသားစုတွေ၊ ဒုတိယအဆင့် အနေနဲ့ ဒဏ်ရာရရှိခဲ့သူတွေ၊ တတိယအဆင့်အနေနဲ့ အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ နေရာတွေက မလုံခြုံတဲ့သူတွေ၊ စတုတ္ထအဆင့်မှာ မလေးရှား ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းခံထား ရသူတွေနဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး ချို့တဲ့သူတွေကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်" ဟု ဧရာဝတီ ဖောင်ဒေးရှင်း၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ ဦးအောင်မျိုးစောက ပြောကြားသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့ရာတွင် မေ  ၃၁ ရက်က ဆလာရန်းဈေးဟောင်း အနီးရှိ NSK ကုန်တိုက်တွင် အလုပ်လုပ်ကိုင်နေပြီး အလုပ်မှအပြန်တွင် တိုက်ခံခဲ့ရသူ တစ်ဦးနှင့် ဆလာရန်း ဒေသတ၀ိုက် တွင် နေထိုင် သူ ၁၆ ဦး၊  အခြားဒေသများမှ ၈ ဦးတို့ ပါဝင်ကြောင်း သိရသည်။ ထိုသူများကို မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် အတွက် ဧရာဝတီ ဖောင်ဒေးရှင်းမှ ကူညီပေးခဲ့ခြင်း ဖြစ်ပါသည်။

ဧရာဝတီ ဖောင်ဒေးရှင်းသည် မလေးရှာနိုင်ငံရှိ နေရပ်ပြန် လိုသော မြန်မာ အလုပ် သမားများ အတွက် လေယာဉ်လက်မှတ် ၁၀၀၀ လှူဒါန်း ထားသည့်အပြင် နေရပ်ပြန်လိုသူများ အဆင်ပြေစေရန် အတွက် အမှုဆောင် အဖွဲ့တစ်ဖွဲ့ကို မလေးရှားနိုင်ငံသို့ စေလွှတ်ပြီး လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ငွေလှူဒါန်းမှုများကိုပါ ပြုလုပ်လျက် ရှိပါသည်။   
EMG

No comments:

Post a Comment